ထိုသို့သာ မိန့်ဆိုပြီး ကျောင်းတိုက်ရှိရာသို့… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

ထိုသို့သာ မိန့်ဆိုပြီး ကျောင်းတိုက်ရှိရာသို့
ပြန်ကြွသွားတော့သည်။အမှန်ပင်....
သူတို့ရွာမှ စေတီအတွက်စိန်ဖူးတော်အသစ်တင်လှူရန်
အလှူခံထွက်ရာတွင် အနီးအပါးရွာများမှ
တက်အားသရွေ့အလှူငွေများထည့်ကြသည်။ဆရာတော်ကြီး၏ကျောင်းသို့လည်း ဘယ်အရပ်က လာမှန်းမသိသော သူစိမ်းဧည့်သည်များ ရောက်လာကာ သူတို့ဝတ်ဆင်လာသော ဆွဲကြိုး လက်ကောက် လက်စွပ် နားကပ်တို့ကို လှူသွားကြသည်။ရွာသူရွာသား ရပ်မိရပ်ဖများက ထူးဆန်းနေသဖြင့် ထိုအချင်းအရာကို ဆရာတော်အား
မေးလျှောက်ကြရာ ဆရာတော်ကြီးက
မည်သို့မျှမမိန့်ဆိုပဲ ပြုံး၍သာ နေတော်မူသည်။စိန်ဖူးတော်တင်သည့်နေ၌လည်း သူစိမ်းဧည့်သည်များ လာရောက်ကြသည်မှာ ကြက်ပျံမကျအောင်
စည်ကားခဲ့သည်။
(မှတ်ချက်။ ဤနေရာတွင် သဲတစ်ဆုပ်ဖြင့် စိန်ဖူးတော်
တက်ခိုးခြင်းအကြောင်းကို တက်သိသရွေ့မျှဝေလိုပါသည်။ထိုတက်ခိုးမည့် သူသည် သဲတစ်ဆုပ်အားကိုင်ကာ ဤသဲပွင့်အရေအတွက်အတိုင်း နောက်နောင်ဖြစ်လတ္တံ့သောဘဝများတွင်
အပ္ပါယ်...ဒုက္ခဆင်းရဲ ကျခံပါမည်ဟု ကျိန်ဆိုရသည်။ထိုသို့ကျိန်ဆိုပြီး တက်ခိုးလျှင် အခြားသူများ သူ့ကိုမတွေ့နိုင်။အစောင့်အရှောက်များကလည်း ထိုသူကိုမနှောင့်ယှက် မတားဆီးနိုင်ပါ။
ထိုသို့တားဆီးနှောင့်ယှက်လျှင် ထိုသူခံရမည့်
ကျိန်စာကို ထိုနှောင့်ယှက်သော သူကခံရသည်ဟုမှတ်သားဖူးပါသည်။
#စာရေးသူ)
* * *
"ကဲပါလေ...အကြောင်းသိတွေပဲဆိုတော့
ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ပါဘူးလေ...နင်တို့လည်းသိတာပဲ...နင်တို့သမီးနဲ့
ငါ့သားနဲ့က ငယ်ငယ်ကတည်းက ကျောင်းနေဖက်တွေ...ပြီးတော့ မြို့ကျောင်းမှာ ဆယ်တန်းသွားတက်တော့လည်း အတူတူပဲ...သူတို့ကြားမှာလည်း သံယောဇဉ်က ရှိနေပြီပဲ...ငါ့သားကလည်း
နင်တို့သမီးကို တောင်းပေးဖို့ပဲ ပူဆာနေလို့ဟေ့...ငါတို့ကလည်း ဝါနုလေးနဲ့ဆို ဘာမှပြောစရာမလိုဘူးလေ...
ကဲ...နင်တို့သဘောကရော"
ရွာလူကြီး ဦးစံတင်က သူ့ဝတီအတိုင်း ပွင့်ပွင့်လင်းလင်းပြောလာသည်။မခင်မေ ဘာပြန်ပြောရမှန်းမသိ...။ဘေးနားမှ ခင်ပွန်းဖြစ်သူအား လှည့်ကြည့်လိုက်ရာ
မသိမသာ ခေါင်းဆက်ပြသဖြင့်....
"ကျမတို့ဘက်ကလည်း ဦးစံတင်သားလေးနဲ့
ဆို ဘာမှပြောစရာမလိုပါဘူး...ဒါပေမယ့်
သမီးလေးက..."
သူမဘာမှဆက်မပြောနိုင်ခင်မှာပင်...
"ဟုတ်ပါတယ်လေ...ကာယကံရှင်ရဲ့ဆန္ဒက
အရေးကြီးတာပေါ့...နင်တို့သမီးကို နင်တို့ပဲ
ပြောပေးထား...နောက်မှ ငါတို့ပြန်လာမယ်"
ပြောပြောဆိုဆိုဖြင့် ဦးစံတင် နှင့် ရပ်မိရပ်ဖအချို့ ထပြန်သွားသည်။ဦးစံတင်၏ သားဖြစ်သူ
ထက်ပိုင် က ဝါနုလေးအား တွေ့လိုတွေ့ငြား
အိမ်အတွင်း ဝေ့ဝဲကြည့်လိုက်သည်။
သို့သော်....ဝါနုကိုမတွေ့။သူ နှင့် ဝါနုက ငယ်စဉ်ကတည်းက စကားဖော်ကစားဖက်။
သက်တူရွယ်တူများဖြစ်သဖြင့်လည်း အတွဲညီခဲ့ကြသည်။ဝါနုအား ရန်ရှာသောသူသည် သူ့ရန်သူ။ဝါနုရှေ့တွင်
ရပ်တည်ပေးခဲ့သည်မှာ ငယ်စဉ်ကျောင်းနေကတည်းက။မြို့ကျောင်းတွင် ကိုးတန်း ဆယ်တန်း တက်တော့လည်း
သူသည် ဝါနု၏ ကိ်ုယ်ရံတော်ကောင်းတစ်ယောက်ဖြစ်ခဲ့ရသည်။ဝါနုသည် တောသူဆိုသော်လည်း မြို့သူများပင်လိုက်မမီနိုင်သော ရုပ်ရည်နှင့်
ကိုယ်လုံးကိုယ်ပေါက်ရှိသည်။တစ်ဆယ့်ခြောက်နှစ်အရွယ် အပျိုဖော်ဝင်စတွင် လှချင်တိုင်းလှနေသော ဝါနုအား ချူလိုသူများရန်မှ ကာကွယ်ပေးရသည့် ကိုယ်ရံတော်တာဝန်ကို သူထမ်းဆောင်ခဲ့သည်။ငယ်ငယ်က သံယောဇဉ် ကဖြူစင်သော်လည်း ယခုမူ
သူ...ဝါနုအား သူငယ်ချင်းထက်ပိုကာ ချစ်မိနေပြီ။ဝါနုကလည်း သူ့အား ငြင်းပယ်မည့်အရိပ်အယောင်မတွေ့ရ။ထို့ကြောင့်လည်း ဆယ်တန်းဖြေပြီး၍ ရွာသို့
ပြန်ရောက်သည်နှင့် ဝါနုအား လိုက်တောင်းပေးပြီး စေ့စပ်ပေးရန် သူ့မိဘများအား ပူဆာခဲ့ခြင်းဖြစ်သည်။
ဧည့်သည်များ ပြန်သွားသောအခါ မခင်မေလည်း သမီးဖြစ်သူ၏ အခန်းထဲသို့
ဝင်သွားလိုက်သည်။သမီးလေး ဝါနုသည်
ကုတင်ပေါ်တွင် ငေးငိုင်၍ထိုင်နေသည်။
မခင်မေက သူမဘေးတွင် ဝင်ထိုင်လိုက်ရင်း
ပြောလိုက်သည်။
"သမီး အပြင်မှာပြောနေတာ ကြားတယ်မို့လားဟင်"
ဝါနုကဘာမှမပြောပဲ ခေါင်းကိုသာ ညိတ်ပြသည်။
"သမီးသဘောကရော ဘယ်လိုလဲ"
ဝါနုဘာမှမပြောပဲ မျက်ရည်များသာ စီးကျလာသည်။မခင်မေ သက်ပြင်းချကာ...
"သမီး သူ့ကိုမချစ်ဘူးဆိုရင် အမေတို့ အတင်းအကြပ်မစီစဉ်ပါဘူးကွယ်"
ဟုပြောလိုက်သည်။ဝါနုထံမှ တိုးညှင်းသော
အသံထွက်လာသည်။
"ဘယ်လိုမှ မဖြစ်နိုင်လို့ပါအမေရယ်"
* * *
အချိန်ကား ညနေ ငါးနာရီခွဲခန့်။
ဦးထွန်းတင် ကွမ်းယာခုံကို ပုခုံးတစ်ဖက်တွင်
တင်၍ထမ်းလာကာ အခြားလက်တစ်ဖက်က ကွမ်းရွက် ကွမ်းသီး
နှင့် ကွမ်းစားဆေးများထည့်ထားသော အိတ်မည်းကြီးကိုဆွဲကာ စေတီလေးရှိရာ တောင်ပေါ်သို့တက်လာသည်။သူတို့ရွာ ဘုရားပွဲက ယနေ့ညစတော့မည်။ပုံမှန်ဆို သူက ရွာထိပ်ရှိကားဂိတ်တွင်
ကွမ်းယာရောင်းသူ။ဘုရားပွဲဖြစ်လျှင်တော့
သူသည် ပွဲခင်းထဲတွင် ရောင်းချသည်။
ကွမ်းယာခုံကတစ်ဖက်...အိတ်မည်းကြီးက
တစ်ဖက်ဖြင့် တောင်ပေါ်တက်ရသည်မှာ
ကိုးလိုးကန့်လန့်နိုင်လှသည်။တောင်ပေါ်ရောက်ခါနီးတွင် သူ၏ဘေးမှ မိန်းမပျို နှစ်ဦး
ဖြတ်သွားသည်ကိုတွေ့ရသဖြင့် လှမ်းမေးလိုက်သည်။
"ဝါနုပါလား...ဘုရားပန်းလာကပ်တာလား"
အဝါနုရောင်ဝမ်းဆက်ဝတ်ဆင်ထားသော မိန်းမချောလေးက ဘာမှမပြောပဲ ခေါင်းသာ
ညိတ်ပြပြီး တောင်အောက်ဘက်သို့ဆင်းသွားသည်။
သူလည်း တောင်ပေါ်သို့တက်ကာ ပွဲခင်းထဲမှ
👍29❤26💯1🤨1
August 10, 2023 21.4K 32