ဦးဘမြိုင်တို့လည်း အခန်းသို့ မတက်သေးဘဲ ဆိုင်တာဝန်ခံတို့နှင့်… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

ဦးဘမြိုင်တို့လည်း အခန်းသို့ မတက်သေးဘဲ ဆိုင်တာဝန်ခံတို့နှင့် စကားထိုင်နေကြသည်။ အဖြစ်အပျက်များကို ပြောပြကြသည်။ထို့ နောက် အခန်းသို့ တက်လာပြီး ရေချိုးလိုက် ကြသည်။ ရေချိုးပြီး တစ်အောင့်တနား နားကာ ထမင်းဆင်းစားကြသည်။ ဦးဘမြိုင်က ထမင်းနည်းနည်းပဲ စားသည်။ အခန်းမှာ ဘီယာသောက်ရန် အသားကြော် တစ်ပွဲ လာပို့ပေးဖို့ ပြောပြီး ပြန်တက်သွား ကြသည်။ အချိန်က တဖြည်းဖြည်း ညဉ့်နက် လာသည်။ညဆယ့်တစ်နာရီထိုးပြီ။ ဦးဘမြိုင် ဘီယာနှစ်ဘူးကုန်သွားပြီ၊ အတူပါသူ အမျိုးသမီးက အမြည်းအနည်းငယ်ဝင်စားပြီး ကုတင်ပေါ်တက်ကာ ဖုန်းတစ်လုံးနှင့် အလုပ် ရှုပ်နေသည်။ ထိုစဉ် အဆောင်အမိုးပေါ်မှနေ၍ တဝုန်းဝုန်း တဒိုင်းဒိုင်းအသံများ ပေါ်ထွက် လာသည်။ အသံက တိုးတိုးတိတ်တိတ်မဟုတ်၊ ဝုန်းဒိုင်းကြဲနေသည်။ "ဟား...ဟား...ဟား" ရယ်မောသံကြီး ထွက်ပေါ်လာပြီး၊ အဆောင် ကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ အခန်းတွင်း ရှိ ဘီရိုများ မီးအုပ်များ၊ အဝတ်အစားများ အိတ်များ ဖရိုဖရဲဖြစ်ကာ ဗြောင်းဆန်နေသည်။ လိုက်ကာများ ခန်းဆီးများ လေမတိုးပါဘဲ လေမှာ လွင့်မြောနေသည်။ ကုတင်ပေါ်မှာ ဂိမ်းကစားနေသော ဦးဘမြိုင်နှင့်အတူပါလာ သော ခိုင်မျိုးပိုင်ဆိုသည့် အမျိုးသမီးလည်း ရုတ်တရက် လန့်ကာ ထအော်ပါတော့သည်။ ထိုစဉ် စားသောက်ဆိုင် အတွင်းမှာလည်း အိုးခွက်၊ ပန်းကန်များ ကျသံကွဲသံများ ဆူညံစွာ ဖြစ်ပေါ်နေသည်။ "ဒုက္ခပါပဲ...ငါ့ပစ္စည်းတွေ ဖျက်ဆီးခံနေရပြီ" "ဘာ...ဘာဖြစ်တာလဲ... သ...သရဲခြောက် တာလား" "မသိပါဘူး...အသံတွေတော့ ဆူညံနေတာပဲ" "ဟား...ဟား...ဟား...." "အမယ်လေး..အမိုးပေါ်က ရယ်သံကြီး" "မကြောက်စမ်းပါနဲ့ ခိုင်လေးရာ ကိုယ်ရှိပါတယ်" အောက်မှာလည်း အလုပ်သမားလေးတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ "ကိုကြီးရဲ့ဆိုင်ကို ဘယ်သူတွေ လာဖျက်ဆီး နေတာလဲ" "နေစမ်းပါခိုင်လေးရာ စိတ်ရှုပ်ရတဲ့အထဲ" ထိုစဉ် ကောင်လေးတစ်ယောက် အပေါ်ပြေး တက်လာသည်။ "သူဌေး...သရဲတွေ...တစ်ဆိုင်လုံးအပြည့်ပဲ" "မင်းက...မြင်ရလို့လား" "မမြင်ရဘူး...ဒါပေမဲ့ အောက်ဆင်းပြီး လာ ကြည့်ပါဦး..နေရာအနှံ့ရှိသမျှ ဖျက်ဆီးနေ တယ်၊ အကောင်အထည်လိုက် မမြင်ရမဲ့ ရိပ်ခနဲ ရိပ်ခနဲ မည်းမည်းတွေ လှုပ်ရှားနေ တာမှ...တစ်ဆိုင်လုံးပဲ" "လာ... အောက်ဆင်းမယ်" "မလိုက်ရဲဘူး" "ကိုယ်တစ်ယောက်လုံး ရှိပါသေးတယ်" ဦးဘမြိုင်လည်း ခိုင်မျိုးပိုင်အားခေါ်ပြီး လာခေါ်သော ကောင်လေးနှင့်အတူ အောက် သို့ဆင်းလာခဲ့သည်။ သရဲ မရှိဟု အမြဲတမ်း ငြင်းဆိုနေသော ဦးဘမြိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံရပြီဖြစ်သည်။ နောက်နေ့မနက်ပိုင်း မုန့်ဟင်းခါးရောင်းချရန် မီးဖိုပေါ်တင်ထားသော ငါးပြုတ်အိုးကြီး အောက်မှာမှောက်နေသည်။ ရေခဲသေတ္တာ ကြီးလည်း အောက်သို့မှောက်လျက် လဲကျ နေပြီး၊ အအေးပုလင်းများလည်း ကျကွဲနေသည်။ "ဟား...ဟား.. ဟား" ထိုစဉ် အမှောင်ကျနေသော အခန်းဘက်ဆီမှ ရယ်သံကြီးထွက်လာသည်။ ရယ်သံကြီး ရပ်သွား သည်နှင့် အလုပ်သမားအဖွဲ့မှ အဒေါ်ကြီးတစ် ယောက် မျက်နှာကြီးမဲ့ပြီး၊ ရန်လိုမုန်းတီးသော အမူအရာနှင့် တုန်တုန်ရီရီ ဖြစ်သည်ကို အားလုံးတွေ့လိုက်သည်။ "ဟင်...ဒေါ်တင်ရီပါလား ဘယ်လိုဖြစ်တာလဲ" "ဟား...ဟား...ဟား" "ဒေါ်တင်ရီ ဒေါ်တင်ရီ...ဘာဖြစ်တာလဲ" "ဟား...ဟား...ဟား...ငါ...ဒေါ်တင်ရီမဟုတ် ဘူးကွ...ငါ....ဒီခြံကြီးမှာနေတဲ့ တစ္ဆေမှတ်ကြီး ပဲ၊ ငါနဲ့အတူ မကျွတ်မလွတ်သေးတဲ့ တစ္ဆေ ငါးကောင် ရှိသေးတယ်ကွ၊ မင်းက ငါတို့နေ တဲ့နေရာတွေကိုလည်း ဖျက်ဆီးခိုင်းခဲ့တယ် ငါတို့နေတဲ့ သစ်ပင်ကြီးတွေ ခုတ်ရှင်းပြီး ဆိုင် တွေ လာဆောက်တယ် ငါတို့ မကျေနပ်ဘူးကွ၊ အားလုံးဖျက်ဆီးပစ်မယ်" "ဟေ့ကောင် ...မင်းက.. ငါတို့ရှိနေတာကို မယုံဘူး ဟုတ်လား" ဒေါ်တင်ရီမှာ ဝင်ပူးကပ်နေသော သရဲမှတ်ကြီး က လက်ဆန့်တန်းလိုက်သည်။ ဦးဘမြိုင်ဘေး က ကြောက်ကြောက်လန့်လန့်နှင့် ကပ်ပြီးရပ်နေ သော ခိုင်မျိုးပိုင် လေထဲသို့ ငါးပေခန့်မြောက်တက် သွားသည်။ ဒေါ်တင်ရီမှာ ဝင်ပူးကပ်နေသော တစ္ဆေက၊လက်ကိုအရှေ့ဘက်သို့လှည့်ပြီး ထိုးလိုက်ရာ ခိုင်မျိုးပိုင် လေထဲမှ အရှေ့ဘက်သို့ လွင့်မြောသွားသည်။ "မလုပ်ပါနဲ့ ကြောက်ပါပြီ" "ကယ်ကြပါဦး" ခိုင်မျိုးပိုင် ကြောက်လန့်စွာ အော်ဟစ်နေသည်။ ထို့နောက် လက်ကိုအောက်သို့ စိုက်ချလိုက်ရာ လေထဲလွင့်မြောနေသော ခိုင်မျိုးပိုင် တဖြည်း ဖြည်းနိမ့်သွားပြီး ကြမ်းပြင်သို့ ပြန်ကျလာမှ အကြောက်လွန်ပြီး သတိမေ့သွားသည်။ "ဟား...ဟား...ဟား...." အားရပါးရအော်ရယ်ပြီး လက်ကို ဝေ့လိုက်ပြန် ရာ စားပွဲပေါ်မှာ သိမ်းထားသော ဓာတ်ဗူးအချို့ ကြမ်းပြင်ပေါ် လွင့်စင်ကျကွဲကုန်သည်။ "ဘယ်လိုလဲ...ဒီခြံကြီးထဲမှာ ငါတို့ရှိတယ်ဆိုတာ ယုံပြီလား" "ယုံ...ယုံပါပြီ" "ယုံပြီဆိုရင် ငါတို့နေဖို့အတွက် စီစဉ်ပေးရမယ် မင်း...မယုံလို့ ဒီအတိုင်းပဲ ထားဦးမယ်ဆိုရင် ဒီမြေ ဒီနေရာဟာ မြေကြမ်း နေရာကြမ်းအဖြစ် အမြဲရှိနေမှာပဲ၊ ဒီခြံကြီးထဲမှာ မင်းဝယ်ပြီးမှ အစိမ်းသေ သေခဲ့ရတဲ့ဝိညာဉ်တွေလည်း ရှိ နေသေးတယ်၊ မင်းရဲ့အတ္တကြောင့် သေတဲ့ ဝိညာဉ်တွေရဲ့ မိသားစုတွေလည်း အသုဘ စရိတ်ပေးပြီးပေမဲ့ စားဝတ်နေရေးအတွက် မထောက်ပံ့ဘူး၊ မင်းကြောင့် အခြေအနေ ပျက်သွားတဲ့ ဝိညာဉ်တစ္တေတွေကိုလည်း နေရာအစား ပြန်မပေးဘဲ ဒီအတိုင်းထားခဲ့ တယ် ငါတို့အားလုံး မင်းဆိုင်မှာ ကြုံသလို နေပြီး စားစရာတွေ ယူစားမိခဲ့တယ်၊ ဒီအဖြစ်

August 10, 2023 12.6K 25