တွေ မမြင်ချင်ဘူးဆိုရင် မင်းရဲ့မာနနဲ့ မယုံ ကြည်ဘူးဆိုတဲ့ စိတ်ကို… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

တွေ မမြင်ချင်ဘူးဆိုရင် မင်းရဲ့မာနနဲ့ မယုံ ကြည်ဘူးဆိုတဲ့ စိတ်ကို ပြင်ရမယ်" "ဟုတ်ကဲ့...ပြင်ပါ့မယ် ဖြစ်ချင်တာပြောပါ" "ငါတို့လွတ်လွတ်လပ်လပ် နေလို့ရအောင် ဒီခြံအပြင်မှာ ဖြစ်ဖြစ်၊ ကားလမ်းဘေးဖြစ် ဖြစ်၊ ငါတို့နေဖို့ သစ်ပင်အစား ပြန်စိုက် ပေးရမယ်၊ အပင်ကြီးမျိုး နှစ်ပေအရွယ်ကနေ ငါးပေ လောက် အပင်ဆိုရတယ်၊ စိုက်ပေးရမှာက ခြောက်ပင် စိုက်ရမယ်၊ စိုက်မယ်ဆိုတဲ့နေ့ ငါတို့ကို အသိပေးပြီးမှ စိုက်ရမယ်။ ငါတို့ကို အသိမပေးဘဲ စိုက်ရင် နေရာဝင်ဦး မယ့်ကောင်တွေရှိတယ် မှတ်ထားပါ။ ပြီးရင် ကျွတ်ချင်လွတ်ချင်တဲ့ ဝိညာဉ်တွေ ကျွတ် ရအောင် ဘုန်းကြီးပင့်ပြီး အလှူဒါန ပြုလုပ် ပြီး အမျှဝေပေးပါ... ဝိညာဉ်တစ္ဆေသရဲတွေ မင်းရဲ့အနီးပတ်ဝန်း ကျင်မှာ ရှိနိုင်တယ်ဆိုတာ ယုံကြည်ပြီး စေတနာသန့်သန့်နဲ့ နေရာဖန်တီးပေး အလှူ ဒါနပြုလုပ်ပေး သေသူတွေရဲ့ မိသားစုတွေကို တတ်အားသရွေ့ထောက်ပံ့ပေးလိုက်ရင် မင်းရဲ့စီးပွားရေး ပြန်ကောင်းပြီး မင်းကို ဝိုင်းစောင့်ရှောက်ပေးကြလိမ့်မယ် အဲဒီလို လုပ်ပေးလိုက်ရင် ခြောက်လှန့်နှောင့် ယှက်ခြင်း မပြုတော့ဘူးဆိုတာ ငါအသေအ ချာ ပြောခဲ့တယ်" "ဒါဆို အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်" ထိုသို့ ပြောလိုက်ပြီးသည့်နှင့် တစ္ဆေမှတ်ကြီး ထွက်သွားသည့်အတွက် ဒေါ်တင်ရီကြမ်းပြင် ပေါ်...လဲကျသတိမေ့သွားသည်။ ဒေါ်တင်ရီက စားသောက်ဆိုင်မှာ ဟင်းမျိုးစုံ ချက်ရန် တာဝန်ယူထားသူဖြစ်သည်။ဟင်း ချက်လက်ရာ ကောင်းလှသည်။ သတိမေ့နေသော ခိုင်မျိုးပိုင် သတိပြန်ရသလို ဒေါ်တင်ရီကိုလည်း သတိရအောင် ဝိုင်းပြုစု နေကြသည်။ သို့ဖြင့် တစ္ဆေမှတ်ကြီး ပြောသွား သည့်အတိုင်း ပျိုးပင်ခြံမှ သစ်ပင်များ ဝယ်ယူ ၍ ကားလမ်းဘေးမှာ အသိပေးပြီး စိုက်ထား လိုက်သည်။ ထို့နောက် ဘုန်းကြီးငါးပါးပင့်ပြီး အလှူတစ်ခု လုပ်ကာ မကျွတ်မလွတ်သေးသော ဝိညာဉ် တစ္ဆေများဟာ အမျှဝေပြီး သာဓုခေါ်စေလိုက် သည်။ ထိုသို့ ပြုလုပ်ပေးပြီးနောက် အားလုံးစိတ်ထဲ ပေါ့ပါးသွားသည်။ စားသောက်ဆိုင်အတွင်း နေထိုင်ကြရသော ဝိညာဉ်များ၏ ဝိုးတဝါး ပုံရိပ်များလည်း မတွေ့ရတော့ပေ။ ခြောက်လှန့်မှုများလည်း မရှိတော့ချေ။ (ပြီးပါပြီ) #မူရင်းရေးသူ ဆရာ ဧကန်မင်း Like & share လေးလုပ်သွားကြပါဦး မဖဲဝါနဲ့သရဲရွာသခင်မ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။ #ပရလောက #ညမဖတ်ရ

August 10, 2023 13.7K 26