တော်သေးတယ်၊ ကဲ...မိန်းမ၊ လမ်းလျှောက်
ပြီး သွားကြမယ်၊ ဝပ်ရှော့ဆိုင်မှာ လူရှိရင်
တစ်ခါတည်း လာပြင်ခိုင်းလိုက်မယ်"
မကြာခင်မှာပင် ဝပ်ရှော့ဆိုင်မှ ကောင်လေးသုံးယောက် ကားကို လာတွန်းယူသွားသည်။ ဒီည
မိုးချုပ်နေပြီဖြစ်၍ နောက်နေ့မှ ပြင်ပေးမည်ဟု
ဆိုသည်။ သို့ကြောင့် ထိုဆိုင်မှာပင် တစ်ညတည်း
ခိုရတော့သည်။ သို့ကြောင့် တည်းခိုခန်း ရမရ
စုံစမ်းလိုက်သည်။
"ဒီအတိုင်းသွားရင် တည်းခိုခန်းအတွက် အခန်း
ငှားတဲ့ကောင်တာရှိတယ် အခန်းရရင် ရေချိုး
အနားယူပြီးမှ ညစာဆင်းစားလို့ရပါတယ်
အစားအသောက်ကို ညကိုးနာရီအထိ ရောင်းချ
ပေးပါတယ်"
လမ်းညွှန်သော ကောင်လေးစကားအဆုံး အခန်း
ငှားရန် ထွက်လာခဲ့သည်။ အပေါ်ထပ်မှာ နှစ်
ယောက်ခန်းတစ်ခန်း ငှားလိုက်သည်။ အခန်းခ
ရှင်းပြီး သော့တောင်းကာ၊ အပေါ်ထပ်သို့ တက်
သွားသည်။ အပေါ်ထပ်ရောက်တော့ အခန်းရှာ
ပြီး သော့ဖွင့်ကာ ဝင်လိုက်သည်။
"မဆိုးဘူး...သပ်သပ်ရပ်ရပ် ရှိသားပဲ"
အခန်းထဲနားပြီး ရေချိုးရန် ပြင်ကြသည်။
ရေသွားချိုးပြီးမှ...ထမင်းစားမယ်"
ရေချိုးရန် အဝတ်အစားများလဲပြီး ရေချိုးခန်း
သို့ ထွက်လာသည်။ ရေချိုးခန်းမှာ အမျိုးသားအ
ခန်း၊ အမျိုးသမီးအခန်း ခွဲထားသည်။ တစ်ယောက်
တစ်ခန်းဝင်ပြီး ရေချိုးလိုက်ကြသည်။
ရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်
ဆင်းပြီး ညစာစားကြသည်။ စားသောက်ပြီး
အခန်းသို့ ပြန်လာကာ အနားယူကြသည်။
ခဏကြာတော့ ဇနီးဖြစ်သူက အိပ်ပျော်သွားပြီ။
ယောက်ျားဖြစ်သူက စာဖတ်နေသည်။
ညဆယ့်တစ်နာရီခန့်အရောက်....
"ဒေါက်...ဒေါက်....ဒေါက်..."
ရုတ်တရက် တိတ်ဆိတ်သော အချိန် တံခါး
ခေါက်သံ ကျယ်လောင်စွာ ပေါ်လာသည်။
"ဘယ်သူ...လာနှောင့်ယှက်တာလဲ"
"ဘယ်သူပါလဲ"
အပြင်ကမဖြေ။
"ဒေါက်...ဒေါက်...ဒေါက်"
"ဘယ်သူလဲ"
အပြင်ကမဖြေ"
"ဒေါက်...ဒေါက်...ဒေါက်"
"ဘယ်သူလဲ"
အသံမပြု
"ပြသာနာပဲ...ဘာကြောင့်တံခါးခေါက်တာလဲ"
တံခါးမဖွင့်ဟု ဆုံးဖြတ်ထားပေမဲ့ မကြာခဏ
ခေါက်သံပေါ်လာသဖြင့် တံခါးဖွင့်လိုက်သည်။
"ကဲ...ဘယ်သူလဲ"
"ဟင်"
သူက စိတ်ပေါက်ပေါက်နှင့်၊ တံခါးကို ရုတ်တရက်
ဆွဲဖွင့်လိုက်သည်။ သူမျက်လုံးပြူးကျယ်သွား
သည်။
"ဟင်...ဘယ်သူမှလဲမရှိဘူး"
"ငါမူးနေတာမှ မဟုတ်ဘဲ...ဘယ်သူလာခေါက်
နေတာလဲ သရဲများလား"
တံခါးဖွင့်ပြီး အခန်းတွင်း ပြန်ဝင်မည် ခြေသံ
ကြား၍ လှည့်ကြည့်လိုက်ရာ...
"အား...အမယ်လေးဗျ...သ...သရဲကြီး"
တစ်ကိုယ်လုံး မီးလောင်ထားသကဲ့သို့ မည်း
ညစ်ပြီး အဖုအပိန့်များဖြင့် မျက်လုံးကြီးနှစ်
လုံးက ပြူးထွက်နေသည်။အနားမှ ဘွားခနဲ
တွေ့လိုက်သဖြင့် ကြောက်လန့်ပြီး အားကုန်
အော်လိုက်မိသည်။
"အား"
သူ့အော်သံကြောင့် အိပ်ပျော်နေသော ဇနီးက
နိုးသွားသည်။
"အစ်ကို အစ်ကို..ဘာဖြစ်တာလဲ"
အောက်ထပ်ကလည်း လူတစ်ယောက် ပြေး
တက်လာသည်။
"ဘာဖြစ်တာလဲ"
"မင်းတို့ အဆောင်မှာ သရဲရှိတယ်"
"ဟာ...မရှိပါဘူး"
"ရှိတယ် တစ်ကိုယ်လုံး မီးလောင်ထားတဲ့
သရဲကြီး မျက်လုံးကြီးနှစ်လုံး ပြူးထွက်နေ
တယ်၊ ဒီညတော့ အိပ်လို့မဖြစ်တော့ဘူး၊
ဒီအတိုင်းပဲထိုင်နေကြမယ်၊ "
ထို့နောက် ထိုလင်မယားသည် တစ်ညလုံး
မအိပ်ဘဲ အခန်းထဲမှာ ထိုင်နေကြသည်။
မနက်သုံးနာရီကျော်မှ ပြန်အိပ်ပျော်သွား
ကြသည်။
နောက်နှစ်ရက်ခန့်အကြာ မိန်းခလေးနှစ်ယောက်
အသားတုံး ခုတ်ထစ်နေသည်။ အချိန်က
ညရှစ်နာရီခန့်ရှိပြီ။ နောက်နေ့အတွက်
ဟင်းချက်ထားရန် ပြင်နေခြင်းဖြစ်သည်။
ထိုစဉ် နောက်မှ ချိုးချိုးချွတ်ချွတ် အသံကြား
သဖြင့် လှည့်ကြည့်လိုက်ရာ...
"ဟင်..." "အမယ်လေး"
အသားတုံးများကို ကိုက်စားနေသော သရဲမျက်
နှာကြီးကို မြင်သဖြင့် ကြောက်လန့်စွာအော်ပြီး
ပျော့ခွေလဲကျသွားသည်။
"လာ...လာကြပါဦး....ဒီမှာ သ. ....သရဲကြီး"
ကျန်တစ်ယောက်က အားကုန်ထအော်သဖြင့်
သရဲကြီး ပျောက်သွားပြီး အသံကြား၍ လူများ
ရောက်လာသည်။ ထိုမိန်းခလေးကို အခန်းသို့
ခေါ်သွားပြီး သတိရအောင် ဝိုင်းဝန်းပြုစုပေး
ကြသည်။
"ဟင်...စောစောက နေရာမှာ ဟင်းအိုးပက်လက်
ကြီး..ကျန်ခဲ့တယ်၊ အမဲသားတုံးတွေ၊ စဉ့်တီတုံး
ပေါ်မှာ ဒီအတိုင်း ကျန်ခဲ့တယ်"
တစ်ယောက်ကသတိပေးလိုက်ရာ ယောက်ျား
သုံးယောက် ဆင်းပြီးသိမ်းရန် ထွက်သွားကြ
သည်။အိုးထဲမှာရော စဉ့်တီတုံးပေါ်မှာပါ အမဲ
သားတုံး မရှိတော့၊
"ဟင်...ဘယ်လိုဖြစ်တာလဲ၊ ဒီကိစ္စ ဒီအတိုင်း
နေလို့မဖြစ်ဘူး၊ သူဌေးကို ဖုန်းဆက်အကြောင်း
ကြားရမယ်၊ ဦးတင်မောင်နှင့် ဦးလေးခန့်က
သူဌေးကို ရှင်းပြဖို့ တာဝန်ယူ၊ ကျမတို့ပြော
ရင် ဆဲနေဦးမယ်၊ သူဌေးက သရဲရှိတယ်ဆို
တာ ယုံတာမဟုတ်ဘူး"
"အေး...အဖြစ်မှန်ကိုတော့ ပြောပြမှဖြစ်မယ်"
ဖုန်းဆက်အကြောင်းကြားသော်လည်း သူက
လာနေရက်မှ လာမည်ဟု အကြောင်းပြန်သည်။
ထိုရက်ပိုင်း အဆောင်မှာ ညအိပ်ညနေတည်းခို
မည့်သူမရှိသေး၍ တော်သေးသည်။ ဥိးဘမြိုင်
ထံ ဖုန်းဆက်ပြီး သုံးရက်နေ့မှ ရောက်လာခဲ့သည်။
သည်တစ်ခါတော့ တစ်ယောက်တည်းမလာ၊
အသက်အစိတ်ခန့်အမျိုးသမီးတစ်ယောက်
ပါလာသည်။ စားသောက်ဆိုင် စဖွင့်သည့်နေ့
က ဦးဘမြိုင်ဇနီးနှင့် မိသားစုပါလာသဖြင့်
ဆိုင်က ဝန်ထမ်းအားလုံး ဦးဘမြိုင်၏ဇနီးကို
သိကြသည်။
ယခုပါလာသော အမျိုးသမီးကို မမြင်ဘူးကြ၊
လုံးကြီးပေါက်လှဖြစ်သည်။ ဦးဘမြိုင်၏
အငယ်အနှောင်း ဖြစ်နိုင်သည်။
"ဟေ့ကောင်တွေ ဘာအထူးအဆန်းကြည့်နေ
တာလဲ ငါအခန်းကို ရှင်းထားလား"
"ဟုတ်ကဲ့ ရှင်းထားပါတယ်"
"ဒီအိတ်နှစ်လုံး ငါအခန်းမှာ သွားထားလိုက်ကြ"
20
11
2August 10, 2023 10.6K 24