သရဲနှင့်တိုးသူရှိသည်။ ခြံကြီးအတွင်းမှာ လည်း ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွား… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

သရဲနှင့်တိုးသူရှိသည်။ ခြံကြီးအတွင်းမှာ
လည်း ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွား ဖြတ်လာ
လုပ်နေသူများကို တွေ့ရသည်ဟု ဆိုသည်။
"အမယ်လေး"
"ဟဲ့...မမြငွေ...ဘာဖြစ်တာလဲ"
"သ...သ...ရဲ...သရဲကြီး"
"ဘယ်ကသရဲလဲ...မရှိဘူး"
"အမယ်လေး...သရဲကြီး၊ အခန်းထဲမှာ ရှိ
တာတော့"
ယောက်ျားဖြစ်သူ ပြေးဝင်လာသည်။
"မရှိပါဘူး...မိန်းမရ"
အခန်းထဲမှာ သရဲတွေ့သဖြင့် မျက်လုံးမှိတ်ပြီး
အသံကုန်အော်နေရာ ယောက်ျားဖြစ်သူပြေး
ဝင်လာမှ မျက်လုံးဖွင့်ကြည့်လိုက်စဉ် ယော
က်ျားဖြစ်သူ၏ နောက်မှရပ်နေသော သရဲကြီး
ကို ထပ်၍ မြင်လိုက်ပြန်ရာ သတိမေ့ပြီး
ပျော့ခွေကျသွားသည်။
ထိုအခါ ယောက်ျားဖြစ်သူက အခန်းထဲမှ
အပြင်သို့ ပွေ့၍ ခေါ်ခဲ့ရသည်။ ထိုအခန်း
က လူနေသော အခန်းမဟုတ်။ ပန်းရံပစ္စည်း၊
လက်သမားပစ္စည်းများထားသောအခန်းဖြစ်
သည်။ ထိုအခန်းထဲမှာ ကျန်နေခဲ့သော နေ့
ခင်းက ချွတ်ထားသည့်အက်ျီကို သွားယူစဉ်
သရဲနှင့် တိုးခြင်းဖြစ်သည်။
နောက်ရက်မကြာခင် အလုပ်သမားမိသားစု
ထဲမှ အသက်(၁၃)နှစ်ခန့်ရှိသော ကောင်လေး၊
အိမ်သာတက်ရန် အသွား၊ အိမ်သာထဲမှ ဗိုက်
ကြီးပွင့်နေသော လူတစ်ယောက် ထွက်လာ
သည်ကို မြင်ပြီး..အသံကုန်အော်ကာ ပြန်ပြေး
လာသည်။ လူကြီးတွေ သွားကြည့်တော့ ဘယ်
သူမှမရှိ။
နောက်ပိုင်း သရဲက ခပ်စိပ်စိပ် ခြောက်လာ
သည်။ သရဲကြောက်၍ အလုပ်ပြောင်းသွား
သူများ တစ်နေ့ တခြား များလာခြင်းကြောင့်
အလုပ်က ထင်သလောက် မပြီးတော့။ သတ်
မှတ်ရက်ရောက်တော့ ဦးဘမြိုင်ရောက်လာ
သည်။ အလုပ်သမားအဖွဲ့က ပိုင်ရှင်ကို ဘာ
မှမအပ်နိုင်။ ဝပ်ရှော့အတွက် အဆောက်အ
ဦးကလည်း အကာမရှိ အမိုးမရှိ၊ စားသောက်
ဆိုင်ကြီးသာလျှင် ရာနှုန်းပြည့်ပြီးစီးနေသည်။
ခရီးသွားများ ညအိပ်တည်းခိုရန် ဆောက်လုပ်
နေသော နှစ်ထပ်ဆောင်က အမိုး မိုးပြီးပေမဲ့
အကာအကွယ် အုတ်မစီရသေး။
"ခင်ဗျားတို့ ဒီအဆောင်ကို ဘာကြောင့်မလုပ်
ရသေးတာလဲ"
"ဒီမှာလုပ်နေတဲ့ ပန်းရံသမားတွေနဲ့ လက်သ
မားအဖွဲ့တွေ ထွက်သွားကုန်လို့ လူစားရှာနေ
ပါတယ်"
"ခင်ဗျားကို ငွေအပ်ပြီး အမြန်ပြီးအောင်မှာ
ထားတာပဲ၊ ဘာကြောင့်ထွက်ကုန်တာလဲ"
"သရဲခြောက်တယ်ဆိုပြီး ဆက်မလုပ်တော့တာ၊
ဒီအဆောင်လုပ်နေရင်း သရဲတွေ ရိပ်ခနဲ ရိပ်ခနဲ
ဖြတ်သွားဖြတ်လာ လုပ်နေတာ တွေ့တယ်တဲ့၊
ပန်းရံကောင်လေးတစ်ယောက် အနားမှာ လူ
မရှိဘဲ တွန်းချခံလိုက်ရတယ်တဲ့"
"တောက်...မရှိတဲ့သရဲကို အရှိလုပ်နေကြတယ်
ဒီလူတွေကြောင့် ဆိုင်ပျက်တော့မှာပဲ"
"သရဲခြောက်တာတော့ ဟုတ်တယ်ဗျ၊ ကျနော့်
သား အကြီးကောင် မနက်မျက်နှာသစ်နေတုန်း
တိုင်ကီထဲက ပြားချပ်နေတဲ့ လူကြီးတစ်ယောက်
ထွက်လာပြီး ပျောက်သွားလို့ ငယ်သံပါအောင်
အော်ပြီး သတိလစ်သွားတာ၊ သတိပြန်လည်
လာတာ နှစ်ရက်ပဲ ရှိသေးတယ်၊ သတိတောင်
သိပ်မကောင်းချင်သေးဘူး"
"ကဲဗျာ...ဒီအဖြစ်အပျက်တွေ အပြင်မှာ
လျှောက်မပြောစေနဲ့၊ ခင်ဗျားအလုပ်သမား
အမြန်ရအောင်ရှာပြီး လုပ်ငန်းမြန်မြန် ဖြတ်
ကြပါ၊ ခင်ဗျားကို ကျုပ်ပိုပေးပါမယ်"
"စိတ်ချပါ နောက်အဖွဲ့ကို လူလွှတ်ပြီး ခေါ်ခိုင်း
ထားပါတယ်"
"တစ်လအချိန်ထပ်ပေးမယ်ဗျာ ပြီးအောင်
သာ လူရှာပြီး ဖြတ်ပေးပါ ဟုတ်လား"
ဦးဘမြိုင်လည်း ညနေသုံးနာရီခန့် ခြံကြီးမှ
ပြန်သွားတော့သည်။ သရဲအခြောက်အလှန့်
မျိုးစုံခံပြီး၊ ပိုက်ဆံအကုန်အကျခံကာ၊ တစ်
ဖွဲ့ပြောင်း တစ်ဖွဲ့ခေါ်ပြီး ဆက်တိုက်လုပ်ခဲ့ရာ
မကြာခင်မှာပင် လုပ်ငန်းအားလုံး ပြီးဆုံးခဲ့
တော့သည်။ အေးရိပ်သာ တည်းခိုခန်းနှင့်
စားသောက်ဆိုင်ဟူသော ခန့်ထည်သည့်
ဆိုင်းဘုတ်ကြီးနှင့် စားစရာမျိုးစုံရသော
ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
ခရီးဝေးသွားသော ကားများ ၊ လိုအပ်သော
ဘရိတ်ဆီ၊ အင်ဂျင်ဝိုင်၊ စက်ဆီမျိုးစုံ၊ ကား
ပစ္စည်းမျိုးစုံ၊ လေထိုးကျွတ်ဖာကအစ၊ စက်
ပြင်သည်အထိ အလုပ်သမားလေးယောက်
နှင့် ဆိုင်ဖွင့်ပေးထားသည်။
အဝေးပြေးခရီးသည်တင်ကားဂိတ်သို့သွား
ပြီး လမ်းကြောင်းသင့်သော ကားလိုင်းမှ
ဒရိုင်ဘာနှင့် စပါယ်ယာများကို သွား၍
ကြော်ငြာဝင်ရသည်။
မည်ကဲ့သို့ စပွန်စာပေးမည့်အကြောင်း၊ အရင်
သွားပြီး စည်းရုံးရသည်။ အတော်များများ
စည်းရုံးခဲ့သော်လည်း ပထမ မယုံဝံ့၊ ယုံဝံ့နှင့်
ဝင်၍ နားကြသည်။ ဦးဘမြိုင်ကလည်း အ
ကောင်းဆုံး ဝန်ဆောင်မှု ပေးခဲ့သည်။ ဦးဘ
မြိုင်က တစ်လကို လေးခေါက်လာ၍ ပိုက်ဆံ
သိမ်းသည်။ လိုအပ်သမျှ မှာကြားစီစဉ်ပေး
သည်။ သရဲခြောက်လှန့်သည်ဆိုသော နေ
ရာကြီးက အနည်းအကျဉ်းသာ ခြောက်လှန့်
မှု ကြုံရပြီး ကြီးကြီးမားမား မကြုံရသေး။
အမှန်တော့ ခြံကြီးအတွင်းရှိ ဝိညာဉ်များက
စားနေသောက်နေရ၍ မခြောက်မလှန့်ခြင်း
များလား၊ စားသောက်ဆိုင်မှာ မကုန်၍ စွန့်
ပစ်ထားသော စားစရာလက်ကျန်များကို
အနီးနား အိမ်များက ညနေပိုင်း ဝက်စာအ
တွက် လာယူကြသည်။
ဝက်စာလာမယူခင် ဝိညာဉ်သရဲများက စိတ်တိုင်းကျ စားသောက်နိုင်ကြသည်။
သို့ကြောင့် ဝိညာဉ်သရဲများ မခြောက်လှန့်
ကြခြင်းလား မသိ။ စားသောက်ဆိုင်ဖွင့်ခဲ့
သည်မှာ နှစ်လခန့်ရှိပြီး အခြေအနေမဆိုးလှ။
အရောင်းအဝယ်လည်း ကောင်းလှသည်။
ကားလမ်းမပေါ် တိုယိုတာလီမီတက်ကား
တစ်စီး တရိပ်ရိပ်မောင်းလာနေသည်။အချိန်
က ခြောက်နာရီခွဲခန့်ရှိပြီ။ အေးရိပ်သာ၊ စား
ဖွယ်စုံဆိုင်အတွင်း ကားအဝင်မရှိသေး၍
လူက ပါးစပြုပြီး ဆိုင်အနီးမှာ ကားက စက်
ပျက်သလို ဖြစ်ကာ ထိုးရပ်သွားသည်။
"တောက်...ကားပျက်သွားပြီလား မသိဘူး၊
ရှေ့မှာ စားသောက်ဆိုင်နဲ့ဝပ်ရှော့ ရှိနေလို့
❤20👍15😁2✍1👎1👌1
August 10, 2023 9.4K 29