လူငါးယောက် ငှားပြီး ခုတ်ခိုင်းထားသည်။တ
တိယမြောက်နေ့မှာ အမြစ်ကိုတူးဆွနေသူတစ်
ယောက် မြွေဆိုးတစ်ကောင် တွင်းမှ ထွက်လာ
ပြီး လက်ခွကြားကို ပေါက်လိုက်သည်။မကြာ
ခင်မှာပင် ဆေးရုံမရောက်လိုက်ဘဲ ထိုလူ
သေဆုံးသွားသည်။
လူသေသည့်သတင်းကြောင့် သစ်ပင်ခုတ်သူ
များအနည်းငယ် လက်ရွံ့သွားသည်။ လက်ခ
စားနှင့် ခုတ်သူများသာ ပုံမှန်လုပ်ငန်းခွင် ဝင်
နေသည်။ ယခု ကုက္ကိုပင်ကြီးမှ အကိုင်းများ
ကို တက်ပြီး ခုတ်ချနေသည်။
အချို့က ကုက္ကိုပင်ကြီးကို မခုတ်သေးဘဲ အ
မြစ်ကြီးများကို တူးထုတ်နေသည်။ ပတ်ပတ်
လည် အမြစ်များကြားမှ မြေကြီးများကို တူး
ထုတ်နေသည်။ အပင်ကြီးက လှုပ်ပင်မလှုပ်
သေး။ သို့ကြောင့် အပင်အကိုင်းအခက် အ
လေးချိန်နှင့် ကော်ပြီး လဲကျသွားရန် အမြစ်
ပတ်ပတ်လည်မြေကြီးများကို ရနိုင်သမျှ
တူးထုတ်နေသည်။
ကျွိ....ကျွိ....
မထင်မှတ်ဘဲ လေမတိုးပါဘဲ အပင်ကြီး တကျွိ
ကျွိအသံမြည်ကာ အမြစ်များ မြေပေါ်ကြွတက်
လာပြီး....
"ဝုန်း" "အား"
သစ်ပင်ကြီး အမြစ်မှကော်ပြီး လဲကျသွားသလို
အမြစ်ကြားမှ မြေကြီးတူးနေသော ရွာသားတစ်
ယောက်အပေါ်သို့ မြောက်တက်သွားသည်နှင့်အ
တူ နာကျင်စွာ အော်လိုက်သော အသံကြီး ထွက်
ပေါ်လာသည်။
"ဟာ..လာကြပါဦး..ကိုကျင်မောင် သစ်မြစ်ငုတ်
စူးသွားလို့ လာကြပါဦး"
သစ်မြစ်ငုတ်က ကိုကျင်မောင်ဆိုသူ၏ ဗိုက်ကို
ဖောက်ဝင်သွားသည်။ မည်ကဲ့သို့ သစ်ငုတ်ကို
ဆွဲထုတ်ရမည် စဉ်းစားကြစဉ်မှာပင် ကိုကျင်
မောင် အသက်ထွက်သွားတော့သည်။
"ဟာ...တစ်နေ့က မြွေကိုက်လို့ တစ်ယောက်
သေတယ် ဒီနေ့ တစ်ယောက်သေသွားပြန်ပြီ"
ခြံရှင်းရာ လူနှစ်ယောက်သေသွားသဖြင့် ခြံ
ရှင်းသည့်ကိစ္စကို ခဏရပ်ပြီး ခြံရှင်းဦးဘမြိုင်
ထံ အကြောင်းကြားလိုက်သည်။ ဦးဘမြိုင်
ရောက်လာတော့ ရွာလူကြီးနှစ်ယောက်ခန့်
ပါလာသည်။ ထို့နောက်တော့ ခြံရှင်လာကြည့်
ရုံနှင့် ပြီးသွားသည်။
သေသွားသူမိသားစုများကိုလည်း ငွေကြေး
အနည်းငယ် ထောက်ပံ့ပေးပြီးပြန်သွားသည်။
အပင်ကြီး အနည်းငယ်ကျန်သေးသဖြင့်
ပုတ်ပြတ်ခုတ်ရှင်းရန် လူလေးယောက်တာ
ဝန်ယူပြီး ပိုက်ဆံယူထားကြသည်။ ပြဿနာ
က ထိုမျှနှင့် ပြီးပြီထင်သော်လည်း မပြီးသေး။
ပိုက်ဆံယူထားလိုက်သူ လူလေးယောက်တို့ ည
ဘက် အိပ်မက်ဆိုးများမက်သည်ဟု ဆိုလာသည်။
တစ်ယောက်က အိပ်မက်အတော်ကြမ်းသည်ဟု
ဆိုသည်။ခြံထဲက မထွက်သွားဘဲ သစ်ပင်တွေ
ဆက်ခုတ်နေဦးမည်ဆိုလျှင် အသေသတ်မည်
ဟု အဘွားကြီးတစ်ယောက်က ကြိမ်းဝါးနေသည်
ဟု ဆိုသည်။ တစ်ယောက်ကတော့ ငါနေတဲ့အ
ပင်ကို ခုတ်တဲ့နေ့ မင်းသေတဲ့နေ့ဟု သရဲကြီး
တစ်ကောင်က ပြောသွားသည်ဟုဆိုသည်။
နောက်နေ့ ခြံထဲရောက်လာပြီး အိပ်မက်များကို
ပြောပြကြသည်။
"ကဲ.. ခင်ဗျားတို့ အိပ်မက်ကိုကြောက်ရင်လည်း
မလုပ်နဲ့ ကျုပ်ကတော့ ပိုက်ဆံယူပြီး သုံးပြီးပြီ၊
ခုတ်ရတော့မှာပဲ"
"ဒါဆိုလည်း တောင်းပန်ပြောဆိုပြီးမှ ခုတ်ကြ
တာပေါ့"
"ကျုပ်ကတော့ ပိုက်ဆံပြန်လျော်ပေးမယ်
မခုတ်တော့ဘူး...ပြန်မယ်"
သို့ဖြင့် သုံးယောက်သား ဆက်ပြီးရှင်းကြတော့
သည်။ တစ်ရက်ပြီးတစ်ရက် သစ်ပင်ကြီးများ
ရှင်းခဲ့ရာ နောက်ဆုံးအပင်ကြီးတစ်ပင်သာ
ကျန်တော့သည်။ လုပ်နေကျအတိုင်း မြေကြီး
များကို အပင်ရင်းမှ တူးထုတ်လိုက်သည်။
ညနေပိုင်းအရောက် အပင်ကြီး၏အမြစ်များ
အတော်တူးထားသဖြင့် လေတိုက်သည့်အခါ
တကျွိကျွိနှင့် လှုပ်လာသည်။
"ဘယ်လိုလုပ်မလဲ မနက်ဖြန်မှ ပြန်လာပြီး လုပ်
ကြမလား၊ ဆက်လုပ်မလား...အပင်လဲအောင်
လုပ်ပြီးမှ မနက်ဖြန် လာရှင်းတာ ကောင်းမယ်
ထင်တယ်"
"ဒါဆိုလည်း နာရီဝက်လောက် ဆက်တူးလိုက်
ကြတာပေါ့"
သုံးယောက်သား ပေါက်ပြားကိုယ်စီ၊ တူရွင်း
ပြားကိုယ်စီနှင့် တူးဆွခြင်းကို ဆက်လုပ်နေ
ကြသည်။ သူတို့တူး၍ မကြာခင်မှာပင် သစ်
ပင်ကြီး အလေးချိန်နှင့် ဝုန်းခနဲအလဲ အမြစ်
များအပေါ်ကို လန်ထွက်သွားသည်။
အမြစ်တစ်ချောင်းက ဦးလွန်းကြွယ်ကို ရိုက်
ပြီး ထွက်သွားသလို သစ်ပင်လဲသောဘက်မှ
ကိုစိန်ပုလည်း နောက်ဘက်သို့ ခုန်အထွက်
ကုက္ကိုပင်က လူပေါ်လဲကျသွားသည်။ သွေး
ပျက်မတတ် အော်သံများက ညနေချမ်းအ
ချိန် ချောက်ချားဖွယ် ထွက်ပေါ်လာသည်။
ကိုစိန်ပု နေရာမှာပင် အသက်ပျောက်သွား
သည်။ ဦးလွန်းကြွယ်က လက်ချောင်းတစ်
ချောင်း လက်မောင်းရင်းမှ ကျိုးထွက်သွား
သည်။ ခြံကြီး ရှင်းလင်းပြီးသွားချိန်မှာ လူ
သုံးယောက် အသက်စတေးလိုက်ရပြီး၊ လူ
တစ်ယောက်က ဒုက္ခိတဘဝ ရောက်သွားခဲ့
ရသည်။ အစိမ်းသေ သေသွားခဲ့ကြသော
ထိုလူများ၏ဝိညာဉ်တို့လည်း ခြံကြီးထဲမှာ
ရှိနေနိုင်သည်။
ကာယကံရှင်မိသားစုများက ကုသိုလ်ကောင်း
မှုပြု၍ အမျှဝေမှုကိုရပြီး ဝိညာဉ်ဘဝက
လွတ်မြောက်သွားသူလည်း ရှိနိုင်သလို မကျွတ်
မလွတ်သေးသော ဝိညာဉ်များလည်း ရှိနိုင်သည်။
အယူမရှိသည့် ဦးဘမြိုင်က ခြံကို ကာရန်
အုတ်ကားများ တစ်စီးပြီးတစ်စီး ချတော့
သည်။ရှေ့ဘက်ကို အပွင့်ထားပြီး၊ သုံးဘက်
ကို အပိတ်ကာမည်ဖြစ်သည်။
ခြံဝင်းအကာကို ကာရံနေသည့်အချိန်နှင့်
တစ်ပြိုင်တည်း စားသောက်ဆိုင်အတွက်
အဆောင်ကြီးတစ်ဆောင် ဆောက်လုပ်
နေသည်။ မျက်နှာစာအကျယ်က ပေ(၁၆၀)
မျှ ကျယ်သည်။ ကားဝပ်ရှော့အတွက်
ပေခြောက်ဆယ်မျှထားပြီး စားသောက်
ဆိုင်နှင့် တည်းခိုဆောင်အတွက် မျက်နှာစာ
ပေ(၁၀၀)မျှ ချန်ထားသည်။
ညဘက် ခြံကြီးအတွင်းမှာ နေထိုင်လုပ်ကိုင်
ကြသော အလုပ်သမားများက ခြံထဲမှာ သရဲ
တွေ အများကြီးရှိသည်ဟု ဆိုသည်။ညဘက်
အိမ်သာသွားသည့်အခါ အိမ်သာထဲမှာလည်း
14
10August 10, 2023 9.2K 28