မကြည်ကြည်မာတော့ သိတယ်" "ဦးလေးသံချောင်းက မင်းအဘိုးရဲ့ ညီတစ်… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

မကြည်ကြည်မာတော့ သိတယ်"
"ဦးလေးသံချောင်းက မင်းအဘိုးရဲ့ ညီတစ်
ဝမ်းကွဲဆိုတော့ သူကတော့ ပြောမှာမဟုတ်
ဘူး။ ကြည်ကြည်မာကိုပဲ စိုးရိမ်ရတယ်။
သူ စိုးရိမ်ပြီး ဘာမှမပြောရင်တော့ ကံ
ကောင်းတယ် မှတ်ရမှာပဲ...သူသာ ထင်ကြေး
နဲ့ လျှောက်ပြောရင် အမေတို့ ဒုက္ခရောက်
ပြီးသားပဲ...နောက်ကို အစစအရာရာ သည်း
ခံပါ သားရယ်"
"ကျတော် အမေပြောဆိုထားလို့ သည်းခံပါ
တယ်။ သူတို့က တရားလွန် အနိုင်ကျင့်ကြ
တယ်။ ကျုပ်ကို သွေးထွက်သံယို ဖြစ်တဲ့အ
ထိ နှိပ်စက်ကြတယ် အမေ...အဘွားအကြောင်း
ကျုပ်သိထားရအောင် အမေ သိသလောက်
ပြောပြပါလား။ ကျတော် သိထားချင်တယ်"
ဒေါ်ပုလည်း အိမ်ရှေ့ကပြင် ထွက်လိုက်ပြီး
"လာ...ဒီကို ဒီမှာ ထိုင်ပြီး ပြောမှ အပြင်က
လူဝင်လာရင် မြင်ရမှာ။ အိမ်ထဲမှာဆို အပြင်
လူလာရင် မသိဖြစ်မယ်။ မင်းအဘွားက
စုန်းပညာကို မောက်ကတော်အဆင့်အထိ
တတ်တယ်တဲ့။ အဘွားရဲ့အမေက လက်
ဆင့်ကမ်း သင်ပေးသွားတာတဲ့။
စုန်းပညာအဆင့်မြင့်တက်ပေမယ့် မင်းအဘွား
က ဘယ်သူ့ကိုမှ သူတတ်တဲ့ စုန်းပညာနဲ့ ပြုစား
တာ စီးပွားရှာတာ မရှိခဲ့ဘူး။ မင်းအဘွားကိုယ်
တိုင်က မကောင်းမှန်းသိတဲ့ပညာမို့ အမေ မသင်
ချင်ဘူးဆိုတာနဲ့ အတင်းအကျပ် မသင်ပေးခဲ့
ဘူး။ သားရဲ့ဦးလေးကို ပညာအမွေမပျောက်
အောင် သင်မယ်ကြံရွယ်နေတုန်း မင်းရဲ့ဦးလေး
ဆုံးသွားတယ်။
ပညာအဆက်ပြတ်ပြီဆိုပြီး မင်းအဘွားငြီးငြူ
နေတုန်း သားကို အမေ့ အသက် သုံးဆယ့်ငါး
နှစ်မှာ မွေးခဲ့တယ်။ မင်းကို မွေးပြီး သွားလာ
နိုင်တဲ့အချိန်မှာ မင်းအဘွားက ငါ့အမွေဆက်
ခံမယ့်လူ ပေါ်လာပြီလို့ အမေ့ကို ပြောတယ်။
အမေက မင်း အဘွားကို အမေ့ပညာတွေ ကျမ
သားကို မသင်ပေးရဘူးလို့ ပြောတော့ ငါသင်
ပေးစရာမလိုဘူး။ နင့်သားမှာ သူ့အလိုလို ဝမ်း
တွင်းစုန်းပညာ ပါလာတာ ငါသိလိုက်တယ်လို့
ပြောတယ်။ ဝမ်းတွင်းစုန်းပညာပါတဲ့ လူတွေ
ဟာ သူတို့ကိုယ် သူတို့ စုန်းအတတ်ပညာပါလို့
ပါမှန်း မသိဘူး။ သူ့ကို ရန်ပြုလာလို့ မကျေ
မနပ်ဖြစ်ရင် ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆို
တစ်ဖက်လူ ချက်ချင်းခံရတာ။ အဲဒီတော့မှ
ကာယကံရှင် သိတာ ။
မင်းအဘွား ပြောကတည်းက အမေ အစိုးရိမ်
ပိုပြီး ဘယ်သူတွေ ဘယ်လိုအနိုင်ကျင့်ကျင့်
သည်းခံဖို့ ဆုံးမခဲ့တာပေါ့။ အခု သားအမြင်
ပဲ မဟုတ်လား"
"အမေ ဆုံးမတာ ကျုပ်သဘောပေါက်ပါပြီ။
နောက်ကို သူများအသက်အန္တရာယ်ဖြစ်
လောက်တဲ့အထိ စိတ်ကိုရော ပါးစပ်ကိုပါ
မပြောမဆိုမိအောင် ထိန်းသိမ်းသွားပါမယ်"
"အေး...အခုလို အသိတရားနဲ့ ထိန်းသိမ်းသွား
နိုင်ရင် အကောင်းဆုံးပေါ့ကွယ်"
xxxxxxx
"ဆိုးပေ...ဒီနား လာထိုင်စမ်း။ အခု...မီးပူလောင်
တဲ့ မြဝင်းရော မျက်လုံး ကွယ်သွားတဲ့ တင်တင်
နုတို့ အားလုံး ဆေးရုံက ဆင်းပြီး အိမ်ပြန်ရောက်
နေကြပြီတဲ့"
"သူတို့သားအပေါ် ဘယ်လိုထင်ကြေးပေးကြ
မလဲတော့ မသိဘူး။ အခုအဖြစ်အပျက်တွေ
ဟာ သားကြောင့်ဆိုပြီး မစွပ်စွဲ၊ အထင်မရောက်
ဖို့ အမေ ညတိုင်း ဆုတောင်းရင်း သတိနဲ့နေ
ရတာ...သားလည်း စားသတိ၊ နေသတိ၊ သွား
သတိရှိပါစေ"
"သူတို့ရန်လုပ်တော့လည်း တစ်နေရာ ရှောင်
သွားကြတာပေါ့။ အမေ...ကျုပ် သူတို့ကို
ပြန်ပြီ ရင်မဆိုင်တော့ပါဘူး"
"အေး...သား အသိတရားရနေသလို ခံရသူတွေ
ရဲ့ မိသားစုတွေလည်း သားကြောင့်ဆိုပြီး အ
မုန်းမပွားကြပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့
မှာပဲ"
ထိုကိစ္စကို ကာယကံရှင်များ မသိမဟုတ်
သိသည်။ သူတို့သွေးသားများ ဆိုးမိုက်သည့်
အတွက် ဖြစ်ပွားသည်ကိုလည်း သိကြသည်။
ရန်ကိုရန်ချင်း မတုန့်ပြန်လိုသည့်အတွက်
ဆိုးပေတို့သားအမိထံ ပြဿနာကို အစဖော်
ပြီး ရောက်မလာခြင်းသာ ဖြစ်ပေသည်။
ပြီးပါပြီ
👍19❤13💋1
August 10, 2023 8.1K 11