ဓာတ်ဘူးထဲ ရေနွေးလောင်းထည့်နေစဉ် ရုတ်
တရက် ရေနွေးကရားအိုး လက်ကိုင်ကိုင်း ပြုတ်
ပြီး အိုးအလုံးလိုက် ပစ်ကျသွားသည်။ ပွက်
ပွက်ဆူနေသော ရေနွေးများ ဓာတ်ဘူးထဲ
မရောက်ဘဲ အိမ်အောက်သို့ အိုးမှောက်ပြီး
ကျကုန်သည်။
"အား....အား"
အောက်တည့်တည့်မှာ အိမ်နေသော မြဝင်း၏
မျက်နှာပေါ်သို့ ရေနွေးပူများ လောင်းချလိုက်
သလို ကျကုန်သည်။
"ဟဲ့... အောက်မှာ ဘယ်သူလဲ မြဝင်းလား
မသိဘူး"
"အား... ပူတယ်...ပူတယ်...အား"
လူကြီးတွေ အကုန် အိမ်အောက်သို့ ပြေးဆင်း
ကြသည်။ မြဝင်း ခေါင်း၊ မျက်နှာ၊ ခန္ဓာကိုယ်
အပေါ်ပိုင်း ရေနွေးများ ပူလောင်ကုန်တော့
သည်။ အသားများ ချက်ချင်းနီရဲကာ အရေများ
ဖုဖောင်းပေါက်ပြဲကုန်သည်။
မျက်လုံးက မှိတ်ထားသဖြင့် ရေနွေးပူများ
မဝင်သော်လည်း မျက်ခွံများ ရေနွေးပူလောင်
ကုန်တော့သည်။ လူကြီးများက အပူလောင်
ခြင်းမှ သက်သာစေရန် ဆေးမြီးတိုများ လိမ်း
ကျံပေးကြသည်။ နာလွန်း၍ အော်ဟစ်နေသည်။
ကျော်နိုင်နှင့် မြဝင်းတို့ တစ်ညတည်း တစ်
ယောက်က သေပြီး တစ်ယောက်က ရေနွေး
ပူလောင်သွားသော်လည်း အောင်လှနှင့်သိန်း
ဖေတို့ ညီအစ်ကိုက ဘာမှမဖြစ်သေး။
xxxxx
သုံးရက်ရှိသွားပြီ။ ကျော်နိုင် အသုဘမှာ နေရော
ညပါ နေပြီး နေ့ဘက် အရက်သောက်သည်။ ည
ဘက် ဖဲဝိုင်းထိုင်ကြသည်။ ထိုရက်ပိုင်းအတွင်း
မြဝင်းအခြေအနေ မသက်သာသဖြင့် ဆေးရုံ
တင်လိုက်ရသည်။
နေ့ခင်းဘက် နာရေးအိမ်မှာ သိန်းဖေတို့ ရှိနေစဉ်
နာရေးအိမ်မှ လယ်ကွင်းထဲ စပါးနယ်ရန် ထွန်
စက်ငှားထားသည်။ ညနေ နေပူပူမှာ ထွန်စက်
နှင့် စပါးနယ်ရန် သိန်းဖေနှင့် အောင်လှတို့
တာဝန်ယူပြီး လယ်ကွင်းထဲသို့ ထွန်စက်ပေါ်
စီးရင်း လိုက်ပါသွားသည်။
လယ်ကွင်းထဲမှာ စပါးနယ်ပေးသည့် ထွန်စက်
မောင်းသမားနှင့်အတူ အရက်နှစ်ပုလင်းကုန်
အောင် သောက်လိုက်ကြသေးသည်။ နေပူပူ
သွေးဆူဆူနှင့် ညနေ သုံးနာရီခွဲခန့် ရွာသို့ပြန်
လာကြသည်။ ထွန်စက်နောက်ဘီးအဖုံးပေါ်
မှာ အောင်လှနှင့် သိန်းဖေက ထိုင်ပြီး အမူး
လွန်နေသော သူတို့လူစု သီချင်းမျိုးစုံ အော်
ဟစ်သီဆိုပြီး ရွာသို့ပြန်လာသည်။
ထိုစဉ် ထွန်စက်က လယ်ကန်သင်းရိုးပေါ်ဖြတ်
တက်လိုက်ပြီး တစ်ဖက်သို့ ဝုန်းကနဲ ပြန်အကျ
မှာ အမိုးကိုင်းကို ကိုင်ထားသော သိန်းဖေ လက်
လွတ်ပြီး ပြုတ်ကျစဉ် အောင်လှက မိရာကို
လှမ်းဆွဲလိုက်သည်။ သိန်းဖေ၏ အလေးချိန်
ကို မထိန်းနိုင်ဘဲ အောင်လှလည်း ထွန်စက်ဘီး
ပေါ်မှ ရှေ့သို့ ဦးစိုက်ကျွမ်းပြန်ကျသွားတော့
သည်။ သိန်းဖေ ခေါင်းနှင့် အောင်လှ၏ ခြေ
ထောက်နှစ်ချောင်း နောက်ဘီးကြီးနှင့် တက်
ကြိတ်မိတော့သည်။
မသေသေးသော အောင်လှအား ထွန်စက်ကို
ရှေ့သို့ မောင်း၍ ထုတ်ပြီး နီးရာတဲမှ လှည်းငှား
ပြီး ဆေးရုံသို့ ပို့လိုက်ကြသည်။ ဆေးရုံရောက်
တော့ သွေးထွက်လွန်ပြီး အောင်လှ သေဆုံး
သွားသည်။
ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး အောင်
လှ သေဆုံးသွားသည်။ သိန်းဖေ၏ အလောင်း
ကို ရဲများ ရောက်လာပြီး စစ်ဆေးကာ ကာယ
ကံရှင်များကို သဂြ်ိုဟ်ခွင့်ပြုလိုက်သည်။
သိန်းဖေနှင့် အောင်လှတို့မှာ ညီအစ်ကိုတစ်ဝမ်း
ကွဲများဖြစ်သဖြင့် ကိုယ်စီကိုယ်စီ ရက်လည်
ဆွမ်းကျွေးရန် ချက်ပြုတ်နေကြသည်။
"ဟဲ့...မိတင်နု မီးထိုးပေးစမ်း၊ ငါးကြော်က ဆီ
မပူရင် အကြာကြီးကြော်ရလိမ့်မယ်"
"ဆီပူပူဆိုတော့ အကျက်လည်း ညီတယ်။ အ
ရောင်လည်းလှတယ်"
ဘုန်းကြီးဆွမ်းပွဲအတွက် ငါးခူကြော်နှပ်နှင့်
ငါးဖယ်ဆုပ် ဟင်းချက်ရန် ငါးခူများ ကြော်နေ
သည်။ ပြီးမှ ငါးဖယ်ကြော်သည်။ တင်တင်နု
က မီးများများတောက်လောင်စေရန် ယပ်
ခတ်ပေးနေစဉ် ငါးကြော်ဆီပေါက်ပြီး တင်
တင်နု၏ မျက်နှာကို ဆီပူများ စင်ကုန်တော့
သည်။
"အား..."
"ဟယ်...မိတင်နု မျက်နှာ ဆီပူတွေ လောင်ကုန်
ပြီ"
များများစားစား မဟုတ်သော်လည်း ငါးစက်ခန့်
မျက်နှာကို တိုက်ရိုက်ထိမှန်သွားသည်။ ကံဆိုး
စွာ မျက်လုံးအောက်စိုက်ကြည့်ပြီး ယပ်ခပ်နေ
သော တင်တင်နု၏ မျက်လုံးနှစ်ဖက်ကို တိုက်
ရိုက်ထိမှန်သွားသည်။ မျက်လုံး မျက်ကြည်လွှာ
နှစ်ခုစလုံး ဆီပူလောင်ပြီး ပေါက်သွားသည်။
"အား...နာတယ်...နာတယ်"
တင်တင်နုကို ဆေးရုံတင်လိုက်ရပြန်သည်။
မျက်လုံးကို ခရိုင်ဆေးရုံကြီးမှာ မကုနိုင်သဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ ရောက်ခဲ့သည်။ မျက်
ကြည်လွှာ အစားထိုး၍ မရအောင်ပင် အတွင်း
ပိုင်းအထိပါ ဆိုးရွားစွာ ဆီပူလောင်ခဲ့သဖြင့်
နောက်ဆုံး မျက်စေ့ နှစ်လုံး ကွယ်သွားတော့
သည်။
xxxxx
"အမေ...ကျုပ်ကို အနိုင်ကျင့်ကြတဲ့ ကျော်နိုင်၊
သိန်းဖေ၊ အောင်လှတို့ သုံးယောက် အသက်
သေဆုံးကုန်ပြီ။ မြဝင်းလည်း ဆေးရုံက မဆင်း
ရသေးဘူး။ တင်တင်နုလည်း မျက်လုံးနှစ်လုံး
ကွယ်သွားပြီတဲ့။ အဲဒါ ကျုပ်ကြောင့် သူတို့
အခုလို ဖြစ်တာလား..."
"အေး...ဟုတ်တယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်လောက်အနိုင်ကျင့်ကျင့် သူတို့ကို ခွင့်
လွှတ်သည်းခံဖို့ အမေပြောတာ...မင်းက သူ
တို့ကို ရိုးရိုးစိတ်ဆိုးရုံနဲ့ဆို ဒီလောက်အထိ
မဖြစ်နိုင်ဘူး။ မင်းကိုယ်တိုင် သူတို့ကို သေ
စေချင်လောက်တဲ့အထိ ခံစားချက်ပြင်းလို့
ချက်ချင်း တုန့်ပြန်ခံသွားကြရတာ။ အခုကိ
စ္စ ရွာသားတွေသာ ရိပ်မိကုန်ရင် သားနဲ့အမေ
တို့ကို ရွာသားတွေက ဝိုင်းသတ်ချင်သတ်ကြ
လိမ့်မယ်။ မသတ်ရင် ရွာက နှင်ထုတ်လိမ့်
မယ်။ ဒီကိစ္စ ဘယ်သူတွေ သိသေးလဲ"
"အရင်တစ်ခေါက် သူတို့ ကျုပ်ကို နှိပ်စက်တာ
အဘိုးသံချောင်းတွေ့သွားတယ်။ အခု နောက်
တစ်ခေါက်ကတော့ မတင်တင်နုရဲ့ သူငယ်ချင်း
13
12August 10, 2023 7.5K 11