ဟဲ့... တင်တင်နု ညည်းအစ်ကိုတွေကို ပြောဦး။ ဆိုးပေက ဘာအပြစ်လုပ်ထားလို့… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

"ဟဲ့... တင်တင်နု ညည်းအစ်ကိုတွေကို ပြောဦး။
ဆိုးပေက ဘာအပြစ်လုပ်ထားလို့ ဝိုင်းရိုက်
ကြတာလဲ"
"နေပါစေ သွားပြောလည်း အလကားပဲ။ သူတို့
လုပ်ချင်တာလုပ်မှာ။ ဆိုးပေကို စိတ်ဆိုးအောင်
လုပ်နေကြတာ"
"သူ...စိတ်ဆိုးတော့ ဘာဖြစ်မှာလဲ..မကောင်း
ပါဘူးအေ"
"အဲဒီဆိုးပေက စုန်းပညာတတ်တယ်တဲ့ ကိုသိန်း
ဖေတို့က သူ့ကို နာကျင်အောင်လုပ်ပြီး သူ့ရဲ့
စုန်းပညာကို ပြခိုင်းနေတာ"
"ဟယ်...မဖြစ်နိုင်တာ။ ဒါဖြင့် တို့သွားကြမယ်"
"နင် သွားချင်သွား...ဆိုးပေ ဘာပြန်လုပ်မလဲ
ငါကြည့်ချင်သေးတယ်"
"နင်က...နင့်အစ်ကိုတွေ ကောင်လေးတစ်ယောက်
ကို ဝိုင်းရိုက်နေတာ ကြည့်ကောင်းတယ် ဟုတ်
လား"
"ကြည်ကြည်မာကလည်း ပွဲက ကြည့်ကောင်း
တော့မှာ"
ထိုစဉ် ကျော်နိုင်က တုတ်တစ်ချောင်း ဆွဲလိုက်
ပြီး လဲနေသော ဆိုးပေကို ဝင်ရိုက်သည်။ မိန်း
ကလေးနှစ်ယောက်ရှေ့မှာ ယောက်ျားတွေ အ
စွမ်းပြနေကြသည်။ ဆိုးပေ ဘာမှခံမလုပ်နိုင်
လဲလျက်ရှိနေသည်။
"ဟေ့ကောင်တွေ ရပ်တော့ ဒီကောင့်မှာ ဘာပညာ
မှ မရှိဘူး...ဒို့ ရှေ့ဆက်လုပ်ရင် ဒီကောင် သေ
တော့မယ်"
"ဒီအတိုင်း ထားခဲ့မလို့လား"
သိန်းဖေက တစ်ကိုယ်လုံး နာကျင်၍ မထနိုင်သော
ဆိုးပေကို မကာ လမ်းဘေး ဝါးတစ်ပြန်ခန့် အကွာ
မှာ ရှိသော မအူပင်ကြီး၏ ခြေရင်းမှာ ပင်စည်ကို
မှီပြီး ထားခဲ့သည်။
"ကဲ...ဟေ့ကောင်လေး မင်းလမ်းလျှောက်လို့
ရမှ ပြန်။ မင်းကို ငါတို့ မစမ်းသပ်တော့ပါဘူး
ဟဲ့....မိတင်နုတို့ သွားကြတော့ နင်တို့ ကြည့်
ချင်တယ်ဆိုမှ ဘာမှဖြစ်မလာဘူး"
"ဆိုးပေ...တော်တော်တော့ ခံနိုင်ရည်ရှိတာပဲ"
"ငါတို့ ညှာပြီး လုပ်နေလို့ပါ စိတ်ရှိလက်ရှိလုပ်ရင်
တစ်ယောက်တစ်ချက်နဲ့တင် ဒီကောင် သေသွား
ပြီ"
မြဝင်းတို့လူစု မိန်းကလေးများ အထင်ကြီးမည့်
စကားများ ရှာကြံပြောပြီး ရွာထဲဝင်သွားကြသည်။
"တောက်... ငါ့ကို ဝိုင်းရိုက်တဲ့ကောင်တွေ ငါပြန်
လုပ်နိုင်လို့ကတော့ လေးယောက်လုံး အသေ
သတ်ပြီပဲ။ အမေဆူဆူဆဲဆဲ ငါ့အပေါ်နှိပ်
စက်တဲ့အကောင်တွေကို သည်းမခံနိုင်တော့ဘူး
ငါ့ကို တုတ်နဲ့ရိုက်တဲ့ ကျော်နိုင်ဆိုတဲ့ကောင်ကို
သူ့တုတ်နဲ့ပြန်ပြီး ဆောင့်ထိုးချင်လိုက်တာ။
မနည်းသည်းခံနေရတယ်။ တွေ့မယ်...သိန်းဖေ
က ငါ့ကို ပါးရိုက်တယ်။ အောင်လှကလည်း
ငါ့ကို ကန်တယ်။ မင်းတို့သောက်ခွက်တွေ
မင်းတို့ခြေထောက်တွေကို ငါ...စိစိညက်ညက်
ကြေအောင် ရိုက်ချိုးပစ်ပြမယ်...ကြည့်နေ
မြဝင်းဆိုတဲ့ကောင်ကိုလည်း ငါရေနွေးပူနဲ့
သူ့သောက်ခွက်ကို ချောင်းပတ်ပစ်မယ်။မင်း
တို့ သတိသာ ထားနေကြ။ ဟိုကောင်မ တင်
တင်နုကလည်း သူ့အစ်ကိုတွေ လုပ်တာကို
ကြည့်ချင်လို့တဲ့ ဒီလောက်ကြည့်ချင်တဲ့ ဒီ
ကောင်မရဲ့ မျက်လုံးတွေကို ငါ့အခွင့်သာတာ
နဲ့ ဖောက်ထုတ်ပစ်မယ်။ ကြည့်သာနေကြပေ
တော့"
ဆိုးပေလည်း ဒဏ်ရာတွေက နာလေတိုင်း အား
လုံးကို မကျေမနပ်နှင့် ပါးစပ်က စိတ်ထဲရှိသမျှ
လျှောက်ပြောနေသည်။ တစ်ကိုယ်လုံး နာကျင်
နေသဖြင့် ထိုင်ရာမှ မထသေးဘဲ ငိုရှိုက်နေသည်။
ဒီအချိန်ပြန်သွားလျှင် အမေဆူတာ ခံရဦးမည်။
ဒီလောက်နှိပ်စက်ကြသည့်လူများကို ဘာကြောင့်
အမေက ဆိုးပေအား သည်းခံခိုင်းနေသည်ကို
စဉ်းစား၍ မရနိုင်ဖြစ်နေသည်။ အမေ့သဘော
အရဆို ဆိုးပေကို ဖြစ်သမျှအကြောင်း အကောင်း
ပဲဆိုပြီး အရှုံးပေးလိုက်ရန် ဆုံးမနေဦးမည်လား
မသိ။ သို့ကြောင့် အမေအိပ်ချိန်လောက်မှ ရွာ
ထဲဝင်ရန် ဆုံးဖြတ်ပြီး မှောင်ရိပ်သန်းမှ ထကာ
ရွာထဲသို့ ဒယီးဒယိုင်နှင့် လျှောက်လာခဲ့သည်။
အိမ်နှင့် မဝေးသော ရွာလယ် ဆွမ်းလောင်းထဲမှာ
ဝင်၍ အချိန်ဖြုန်းပြီး ထိုင်နေလိုက်သည်။ ည
ခုနှစ်ကျော်မှ အိမ်ထဲဝင်မည်ဆိုလျှင် ဆိုးပေ၏
ဒဏ်ရာများကို အမေမမြင်နိုင်။
လယ်ကွင်းထဲမှာ အလုပ်မပြီးသေး၍ မှောင်မှ
ပြန်လာခဲ့သည်ဟု ပြောရန် စဉ်းစားထားသည်။
သို့ကြောင့် ဆွမ်းလောင်းထဲမှာ ည ခုနှစ်နာရီ
ကျော်သည်အထိ ထိုင်နေလိုက်သည်။
xxxxxxx
ကျော်နိုင်တစ်ယောက် အားလုံးနှင့် လမ်းခွဲ ပြီး
အိမ်သို့ ပြန်ခဲ့သည်။ အရက်က ရေချိန်ကိုက်နေ
သဖြင့် ခြေလှမ်းမမှန် ဒယိမ်းဒယိုင်ဖြင့် လျှောက်
နေသည်။
"ဝုတ်...ဝုတ်...ဝုတ်"
အိမ်ဘေးက ခြံမှ ခွေးလည်း မျက်စေ့နောက်
သည်ထင် ထိုးပြီးဟောင်နေသည်။
"တောက်...ခွေးစုတ် ငါ့ကို မသိဘူးလား"
"ကဲ...ဟာ"
ခွေးကို ခြေထောက်ဖြင့် လှမ်းခတ်လိုက်စဉ်
ခြေချော်ပြီး နောက်သို့ ခြေလိမ်ကာ လဲကျ
သွားရာ...
"စွပ်" "အား"
ခြံစည်းရိုးတိုင် လဲပြိုမသွားရန် ဝါးလုံးနှင့်
ထောက်ထားသော တိုင်ကို ဖိလိုက်သလိုဖြစ်ပြီး
ထောင်ထားသော ဝါးက ဘေးလျှောက်ထွက်
ကာ...လဲကျလာသော ကျော်နိုင်၏ ဝမ်းဗိုက်
ကို ဖောက်ဝင်သွားသည်။
နာကျင်လွန်း၍ ကျော်နိုင် အသံကုန်အော်ရင်း
တဖြည်းဖြည်း အသံပါ ပျောက်သွားသည်။
အနီးနားအိမ်များက ကျော်နိုင် အော်သံကြောင့်
ပြေးထွက်လာကြစဉ် ခြံတိုင်ကို ထောက်သော
ဝါးတိုင်က ကျော်နိုင်ဗိုက်အား ဖောက်ဝင်နေ
သည်ကို တွေ့လိုက်သည်။
"ဒီကောင် အရက်မူးလွန်ပြီး ကိုယ်ကိုယ် မထိန်း
နိုင်ဘဲ ဝါးငုတ်ပေါ်လဲကျသွားတာပဲ"
"ဒီလောက် အမူးလွန်အောင် သောက်ရတယ်
လို့ကြာ"
ထိုအချိန် မြဝင်းတစ်ယောက် သူ့အိမ်သို့ ရောက်
သွားပြီး အမူးလွန်နေသဖြင့် အိမ်ပေါ်မတက်သေး
ဘဲ အိမ်အောက်မှာ ရှိနေသော တန်းလျားခုံးရှည်
ပေါ်မှာ လှဲအိပ်လိုက်သည်။ မြဝင်း၏ မိခင်က
ရေနွေးအိုးဆူသည့်အတွက် ဓာတ်ဘူးထဲ ရေနွေး
ထည့်ရန် ကရားအိုးကို လက်ကိုင်ကိုင်းမှ ဆွဲ၍
အိမ်ရှေ့သို့ ထွက်လာသည်။
👍16❤12🎉1
August 10, 2023 6.6K 11