သော ဒေါ်ရတီဆိုသည့် အဘွားကြီးတစ်ယောက် ရှိသည်။ ဒေါ်ရတီ ယောက်ျား… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

သော ဒေါ်ရတီဆိုသည့် အဘွားကြီးတစ်ယောက်
ရှိသည်။ ဒေါ်ရတီ ယောက်ျား သေဆုံးသွားသည်
မှာ ဒေါ်အုံးတင် လက်ချက်ဟု အမြဲစွပ်စွဲနေသူ
ဖြစ်သည်။
ညဘက် ရွာထဲမှ ပြန်လာစဉ် ဒေါ်ရတီ ယောက်ျား
မြွေကိုက်ခံရပြီး ဆုံးပါးသွားခဲ့သည်။ မြွေကိုက်
ခံလိုက်ရသည်က တိုက်ဆိုင်စွာ ဒေါ်အုံးတင်၏
အိမ်ရှေ့မှာဖြစ်သည်။ ယခင်ကတည်းက ဒေါ်
အုံးတင် စုန်းမတစ်ယောက်ဟု သိထားသည့်အ
တွက် ယောက်ျားသေဆုံးရသည်မှာ ဒေါ်အုံးတင်
လက်ချက်ဟု အတတ်ပြောဆိုခဲ့သည်။
သို့ကြောင့် ဒေါ်ရတီက ဒေါ်အုံးတင်အား မဆက်
ဆံရန် ရွာမှ နှင်ထုတ်ပစ်ရန် ရွာလူကြီးကို အမြဲ
နားချနေသူဖြစ်သည်။ ထိုကိစ္စကို ဒေါ်အုံးတင်
က သိသည်။ ဒေါ်ရတီ၏ အပူကို သိ၍ ဒေါ်အုံး
တင်အား စုန်းမကြီးဟု ပြောဆိုကာ ဘယ်သော
အခါမှ မဆက်ဆံရန် အမြဲနားချနေသူဖြစ်သည်။
မျိုးဆက်တစ်ဆက်ခြား စုန်းပညာပါတတ်သည်
ဟု အဘွားဖြစ်သူ ပြောစကားကို နားစွဲကာ ဒေါ်
ရတီ၏မြေး သိန်းဖေ၊ တင်တင်နုနှင့် အောင်လှ
တို့က ဆိုးပေကို အမြဲတမ်းပြဿနာရှာသည်။
ဒေါ်ရတီ မဆုံးခင် မြေးများအား ဆိုးပေက
သတိထားရန် မှာသွားသဖြင့် သိန်းဖေတို့က
ဆိုးပေကို စုန်းပညာတတ်သည်ဟု အစွဲရှိသည်။
ထို့ကြောင့် သူတို့၏ တွဲဖက်တွဲဖက် သောက်
ဖော် သောက်ဖက်များကိုဆိုးပေအကြောင်း
ပြောထားသည်။
"ဆိုးပေက ဒေါ်အုံးတင်ရဲ့ တစ်ဆက်ခြား။ သူမွေး
တော့ ဝမ်းတွင်းစုန်းပညာ ပါလာနိုင်တယ်လို့ ငါ
တို့အဘွား ပြောခဲ့တယ်"
ကြုံတဲ့အခါ စမ်းသပ်ကြည့်ရန်လည်း တိုင်ပင်
ထားကြသည်။ သိန်းဖေတို့က ဆိုးပေထက် ငါး
နှစ်ခန့်ကြီးသည်။ မိဘအလုပ်များကို လက်ကြော
တင်းအောင် လုပ်ကိုင်ပေးခြင်းမရှိ။ အရက်ဆိုင်
နှင့် လောင်းကစားဝိုင်းများမှာသာ အချိန်ကုန်
နေသူများဖြစ်သည်။
ဆိုးပေက သူတို့ပိုင် လယ်လေးဧကမှာ မိခင်မု
ဆိုးမကြီးနှင့်အတူ ကူညီလုပ်ကိုင်ပေးနေသည်။
ဖခင်ဖြစ်သူက ဆိုးပေ ဆယ်နှစ်သားမှာ ကွယ်
လွန်ခဲ့သည်။ ဖခင်မရှိတော့သဖြင့် လယ်နှင့်
ကိုင်းကို လူငှားနှင့် လုပ်ကိုင်ခဲ့သည်။
ဖခင်မရှိတော့သော်လည်း ဆိုးပေနှင့် မိခင် ဒေါ်ပု
တို့က လယ်ကို ပစ်မထား သူရင်းငှားလုပ်သူ
ကလည်း ဆိုးပေ၏ ဦးလေးတစ်ဝမ်းကွဲ မိခင်
ဒေါ်ပု၏ မောင်တစ်ဝမ်းကွဲဖြစ်သည်။
ထို့ကြောင့် လယ်ယာကိစ္စ စိတ်ချရသည်။ ဆိုး
ပေကလည်း နေ့စဉ် လယ်ကွင်းသို့သွား၍ လုပ်
နိုင်သမျှ ဝင်လုပ်ကိုင်ပေးသည်။ ဆယ့်သုံးနှစ်
အရွယ်ရောက်နေပြီဖြစ်၍ တောက်တိုမယ်ရ
လုပ်ကိုင်ပေးရင်း လယ်ယာလုပ်ငန်းအပေါ်
စိတ်ဝင်စားမှု ရှိလာသည်။
သို့ကြောင့် မိခင်ဖြစ်သူ ပြောစရာမလိုဘဲ အလုပ်
ရှိရှိ မရှိရှိ မိုးလင်းသည်နှင့် လယ်ကွင်းထဲသွား
ပြီး ညနေ လေးနာရီခွဲ ငါးနာရီခန့် ရွာသို့ ပြန်လာ
သည်။ ဦးလေးဖြစ်သူက တဲမှာ ချက်ပြုတ်စား
သောက်သဖြင့် ဆိုးပေ နေ့လယ်စာထမင်းထုတ်
သွားရန်မလို။တဲမှာပင် ဦးလေးနှင့်အတူ စား
သည်။ ဆန်၊ ဆီ၊ ဆားတို့ကို မိခင်ဖြစ်သူက ဝယ်
ပို့ထားခြင်းဖြစ်သည်။
ညနေ ရွာပြန်လျှင် ရွာအဝင် ထန်းရည်ဆိုင်နှင့်
အရက်ဆိုင်ဘေးတို့က ဖြတ်ရသည်။ အပျို အ
အို ယောက်ျား မိန်းမ ကြီးကြီးငယ်ငယ် ရွာထဲမှာ
လယ်ကွင်းသို့ မနက်သွား ညနေပြန် ကြသည်။
အရက်ဆိုင်မှာ ဝိုင်းဖွဲ့ထိုင်သောက်သူများနှင့်
တစ်ခါမှ ပြဿနာကြီးကြီးမားမားမရှိခဲ့ကြ။
ဆိုးပေကိုတော့ သိန်းဖေ၊ အောင်လှ၊ မြဝင်း
ကျော်နိုင်တို့က မြင်သည်နှင့် ပြဿနာရှာသည်။
ပါးစပ်နှင့် မခံချင်အောင် ပြောသည်။ ဆိုးပေ
ကို အရက်နှင့် မြည်းရန် ပဲကြီးလှော် ဝယ်ခိုင်း
ရာမှ မဝယ်ပေး၍ သိန်းဖေတို့က ထိုးလွှတ်
လိုက်သည်ဟု သိရသည်။
"ကဲ...နောက်ကို အဲဒီကောင်တွေကို တွေ့ရင်
ကွင်းရှောင်ပြီး ရွာထဲဝင်ခဲ့။ ရန်ဖြစ်တာ အမေ
မကြားချင်ဘူးနော်"
"မဖြစ်ဘူးဗျာ...မဖြစ်ဘူး။ အမေကိုယ်တိုင်က
သူတို့ဘက်က ဝိုင်းပြောနေမှတော့ သူတို့ ဘာ
လုပ်လုပ် အသေသာ ခံခဲ့မယ်"
"ဆိုးပေ...ငါက နင့်ရှေ့ရေးအတွက် ကောင်းစေ
ချင်လို့ ဆုံးမနေတာ။ တစ်ခွန်းမခံ ပြန်ပြောနေ
တယ်။ သွား ရေနှစ်ခွက်လောက်သောက်လိုက်
ခဏနားပြီးမှ ရေချိုး"
ဆိုးပေ အိမ်ထဲဝင်သွားသည်။ ဒေါ်ပုလည်း အိမ်
ဝမှာ ထိုင်ပြီး ပြောင်းဖူးဖတ်ဆေးပေါ့လိပ်ကို
ဖွာရင် တန်ကောထဲရှိ ဆန်ပုံးထဲမှ စပါးလုံးများ
ကို ကောက်ထုတ်နေသည်။
xxxxx
"ဟေ့ကောင် ဆိုးပေ၊ အခု ခါတိုင်းဝင်နေကျ
လမ်းက မဝင်ဘဲ ဒီလမ်းက ဘာကြောင့် ရွာ
ထဲဝင်လာတာလဲ"
"ခင်ဗျားတို့လူစုနဲ့ မတိုးအောင်လို့ ဒီလမ်းက
ဝင်လာတာ"
"ဟား ဟား ဟား ငါတို့က အရက်ဆိုင်ကို ဒီလမ်း
က အမြဲလာတာလေကွာ"
"ခင်ဗျားတို့ဆိုင်မှာ ရှိတယ်ထင်လို့ ဒီလမ်းက
ဝင်ခဲ့တာ"
"ကျားရှေ့ မှောက်ရက်လဲတယ်ဆိုတာ အဲဒါကို
ခေါ်တာ နေပါဦး...မင်း မနေ့က အချိုးကို ငါတို့
မကြိုက်ဘူး။ မင်း ငါတို့လေးယောက်ကို မ
ကြောက်ဘူးလား။ ငါတို့စျေးဝယ်ခိုင်းရင် ဝယ်
ပေးပေါ့။ အဲဒါဆို မင်း အထိုးဘယ်ခံရပါတော့
မလဲ"
"ခင်ဗျားတို့ အရက်နဲ့ သောက်ဖို့ ကျုပ်က ဝယ်
ပေးရမှာလား ဘာဆိုင်လို့လဲ"
"မင်းက ကလေးပဲ ကြီးတဲ့လူတွေက ခိုင်းရင်
ခိုင်းတဲ့အတိုင်း လုပ်ပေးပေါ့"
"မလုပ်ပေးဘူး နောက်လည်း မလုပ်ပေးဘူး
ဘယ်တော့မှာလည်း မလုပ်ပေးဘူးဗျာ..."
"တယ်...ဒီမသာလေး သေတော့မယ် မင်းက
ငါတို့ကို ခံပြောရဲတယ်။ ငါတို့ကို ပြန်ခံပြောရဲ
အောင် မင်းအဘွားက စုန်းပညာတွေ သင်ပေး
ခဲ့လို့လား"
"အေး....ဟုတ်တယ်။ မင်းအဘွားရဲ့စုန်းပညာ
ဘယ်လောက်တတ်ထားလဲ...ငါတို့ကို မင်းရဲ့
အစွမ်းတွေပြ"
"ဟာ ကျုပ်မတတ်ဘူး။ ဖယ်ကြဗျာ...ကျုပ်သွား
မယ်"
👍20❤15😁1
August 10, 2023 7.1K 14