ဝမ်းတွင်းစုန်း (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°
သဲကွင်းကုန်းရွာတွင်ဖြစ်သည်။ ညနေ
နေဝင်ရီတရော အချိန် ဆိုးပေတစ်ယောက်
အိမ်သို့ မျက်စေ့မျက်နှာပျက်နှင့် ပြန်ရောက်
လာသည်။
"ဟဲ့ ဆိုးပေ တစ်ကိုယ်လုံးပေကျံလို့ မျက်နှာမှာ
လည်း အညိုအမဲစွဲလို့ပါလား ဘယ်လိုဖြစ်လာ
တာလဲ"
"ဟိုအရက်သမားတစ်အုပ် ကျုပ်ကို ဝိုင်းထိုး
လိုက်ကြတယ်"
"နင်က သူတို့အနား ဘာလို့ရောက်သွားတာလဲ"
"ကျုပ်ဟာကျုပ် အရက်ဆိုင်ဘေးက ဖြတ်လာ
တာ အဲဒီလူကြီးတွေ လှမ်းခေါ်ပြီး ရွာလယ်က
ဦးဖိုးထွန်းဆိုင်မှာ ပဲကြီးလှော် ဝယ်ခိုင်းတယ်"
"သူတို့ဟာသူတို့ အရက်သောက်တာဘာလို့
မင်းကိုခိုင်းရတာလဲ"
"သိပါဘူးဗျာ အရက်ဆိုင်မှာ အမြည်းကုန်သွား
လို့ဆိုပြီး လှမ်းခေါ်ပြီးဝယ်ခိုင်းတာ"
"မဝယ်ပေးဘူးဆိုတာနဲ့ သိန်းဖေနဲ့ အောင်လှဆို
တဲ့ လူကြီးနှစ်ယောက်က တစ်ချက်စီထိုးလွှတ်
လိုက်တာပဲ"
"အင်း...ခက်ပဲခက်ချည်ရဲ့ အရက်လေးဝင်ရင်
လူကို လူလို့မထင်ကြတော့ဘူး...ကြီးလာငယ်
လားလည်း မကန့်သတ်ကြတော့ဘူး နင်က
လည်း ဖိုးထွန်းဆိုင် ဝေးတာမှတ်လို့ ဝယ်ပေး
လိုက်ရင် အခုလို အထိုးခံရမှာ မဟုတ်ဘူး"
"မဝယ်ပေးပါဘူး ကျုပ်ကို သူတို့ ခိုင်းစရာမှတ်
လို့... တောက်...တစ်နေ့ အံဖတ်ဆို့ပြီး သေမယ့်
ကောင်တွေ ခိုင်းလို့ရရင် အမြဲခိုင်းနေမှာ"
"ဟဲ့...ဟဲ့...ဘာတွေလျှောက်ပြောနေတာလဲ အဲဒီ
လို မပြောနဲ့ ဆိုးပေ ငါမကြိုက်ဘူး"
"အမေတို့က ထစ်ကနဲဆို သည်းခံဖို့ပဲ ပြောနေ
တာပဲ ဒါကြောင့် လူတွေကျုပ်ကို ဝိုင်းပြီးအနိုင်
ကျင့်နေကြတာ"
ဒေါ်ပု ရင်မ နေရသည်။ ဘယ်လိုမှ ဆိုးပေစိတ်
ဆိုးလို့ မဖြစ်ပါ။ သူတို့အကြောင်း ဒေါ်ပုသိသည်။
ထို့ပြင် မိမိသား ဆိုးပေအကြောင်း ပိုလို့တောင်
သိသေးသည်။ ဆိုးပေကိုလည်း အမြဲသည်းခံ
နိုင်အောင် ဆုံးမနေရသည်။ လူငယ်ဆိုတော့
မခံချင်စိတ်က ဒေါ်ပုစကား တရားမဝင်မှာ စိုး
ရိမ်ခဲ့မိသည်။ယခုအချိန်ထိ ဆိုးပေ...သည်းခံ
နိုင်စွမ်းရှိပုံရသည်။
ဒေါ်ပုကြိတ်ပြီး သက်ပြင်းချသည်။အကြောင်း
ကလည်းရှိသည်။ ဒေါ်ပုအမေ ဒေါ်အုံးတင်က
မောက်ကတော်အဆင့်ရှိသည့် စုန်းတစ်ယောက်
ဖြစ်ခဲ့သည်။ အမေက ရွာမှာ သိုသိုသိပ်သိပ်
နေခဲ့သည်။ ဒေါ်အုံးတင် စုန်းပညာတတ်မှန်း
ရွာသားတွေ သိကြသည်။
ဒါပေမယ့် ဒေါ်အုံးတင်ကို ရွာသားတွေ မကြောက်
ကြ။ နှစ်ကာလရှည်ကြာစွာနေလာခဲ့ပေမယ့် ဒေါ်
အုံးတင် ရွာကို တစ်ခါမှ အန္တရယ်မပြုခဲ့။ ရွာသား
တွေကလည်း ဒေါ်အုံးတင်မကြိုက်သည့် အရာ
မှန်သမျှ ဘာမှမလုပ်ခဲ့။ သို့ကြောင့် ရွာနဲ့ ဒေါ်အုံး
တင် သဟဇာတဖြစ်ခဲ့သည်။
ရွာသို့ ရောက်လာသော အောက်လမ်း၊ စုန်း၊ က
ဝေတို့ကို ဒေါ်အုံးတင် ရှင်းလင်းခဲ့သည်။ ကောင်း
ကောင်းမွန်မွန် အဆက်အသွယ်ပြုပြီး ရောက်
လာသော စုန်း၊ ကဝေတို့ကို အန္တရယ်မပြုဘဲ
အကူအညီပင် ပေးခဲ့သေးသည်။
ဒေါ်အုံးတင် စုန်းပညာတတ်ကျွမ်းသော်လည်း
သမီးမပုက စုန်းပညာကို မလိုချင်ဟု ငြင်းဆန်
နေ၍ အမွေမပေးခဲ့။ ဒေါ်အုံးတင်မှာ သမီးကြီး
မပုနှင့် သားငယ် ကျော်ထွန်းတို့ရှိသည်။ သား
သမီးနှစ်ယောက်ထဲရှိပြီး သားငယ်က အဖျား
ရောဂါနှင့် သေဆုံးသွားသဖြင့် ဒေါ်အုံးတင် သူ့
ပညာကို ဘယ်သူ့ကိုမှ လက်ဆင့်ကမ်း မပေး
ဖြစ်တော့။ ဒါပေမဲ့ မြေးဖြစ်သူ ဆိုးပေကို မပု
မွေးလာသည့်အခါတော့ ဒေါ်အုံးတင်က ထူး
ထူးခြားခြား ပြောလာသည်။
"ဟဲ့...မပု ညည်းက ငါ့ပညာကို မဆက်ခံချင်ဘူး
လို့ ငြင်းပေမယ့် အခု ညည်းရဲ့သား ငါ့မြေးမှာ
ငါ့ရဲ့ပညာတွေ ပါလာတယ်"
"ရှင် အမေ...ကျမသားကို ဘယ်အချိန်က
သင်ပေးလိုက်တာလဲ"
"သင်ပေးစရာမလိုဘူး မျိုးဆက်နွယ်ဆက်
တစ်နွယ်ငင် တစ်စင်ပါလာတာ"
"အမေ...မသင်ဘဲနဲ့ သူက ဘယ်လိုမျိုးဆက်နွယ်
ဆက် ဖြစ်ရတာလဲ"
"ဟဲ့...ညည်းရဲ့ဗိုက်ထဲမှကတည်းက ငါ့ပညာ
ကို သူရခဲ့တာ ဝမ်းတွင်းစုန်းပညာပဲ၊ ငါ့ရဲ့ပညာ
စက် သူ့မှာပါလာတယ်၊ သူ့မှာပါမှန်းသူတောင်
သိမှာမဟုတ်ဘူး၊ သူ့ပါးစပ်က စိတ်ဆိုးလို့ပြော
ဆိုတဲ့အခါ သူ့ဝမ်းထဲမှာ ပါလာတဲ့ စုန်းပညာက
နှုတ်စီးလျှာစီးဖြစ်ပြီး သူမကျေနပ်တဲ့လူကို
ထိခိုက်မှာပဲ"
"အဲဒီပညာကို ဘယ်လိုဖျက်ရမလဲ"
"ဟဲ့... ဘယ်လိုဖျက်လို့ရမှာလဲ သူ့အလိုလို
မသင်ဘဲ တက်လာတာ၊ သူဘာမှမဖြစ်ရင်
သည်ပညာကလည်း ဘာမှလုပ်မှမဟုတ်ဘူး
ငါ့မြေးကို နာနာကျင်ကျင်လုပ်လာတဲ့လူရှိ
ရင် ငါ့မြေးစိတ်က ဖြစ်စေချင်တဲ့အတိုင်း
အဲဒီပြုလုပ်တဲ့လူဟာ ခံစားရမှာပဲ"
"အမေ့ပညာ အမေပြန်နှုတ်ပေးပါ အမေရယ်။
ကျမသားလေး စုန်းပညာတတ်မှန်း လူတွေသိ
ကုန်ရင် အန္တရာယ် ရှိတာမို့ပါ"
"ညည်း စောင့်ရှောက်ပေါ့အေ"
"အမေရယ် သူအချိန်တန် အရွယ်ရောက်ရင်
ကျမမျက်စေ့အောက်မှာ ရင်အုပ်မကွာထား
လို့ ဘယ်ရမလဲ၊ အချိန်တန် ကျမလည်း သေ
မှာပဲ။ အဲဒီအချိန် သူ့အတွက် အန္တရယ်ရှိနိုင်
တာပေါ့"
"ဟဲ့...ဒါဆိုရင် ညည်းသားကို နားလည်အောင်
ရှင်းပြထား။ ဘယ်သူ့ကိုမှ စိတ်မဆိုးဖို့ သည်း
ခံနိုင်သမျှ သည်းခံနိုင်အောင် သူတတ်သိနား
လည်တဲ့ အချိန်ရောက်ရင် ညည်းပြောပြလိုက်
ပေါ့"
ဒေါ်ပုလည်း သားဆိုးပေ ဆယ်နှစ်သားအရွယ်
ခန့်ရောက်ကတည်းက ရန်ကို ရန်ချင်း မတုံ့နှင်း
ဖို့ သည်းခံဖို့ စိတ်ရှည်ဖို့ မှာသည်။ ဝမ်းတွင်းစုန်း
ပညာလာသည့်အကြောင်းကိုတော့ မပြောပြ
သေး။ ငယ်ငယ်က နာမည်နှင့် လိုက်အောင်
မိဘအပေါ် ဆိုးသဖြင့် ဒေါ်အုံးတင်က ဆိုးပေ
ဟု အမည်ပေးကာ ခေါ်ခဲ့သည်။
သဲတွင်းရွာမှာ ဒေါ်အုံးတင် စုန်းပညာတတ်သည်
ကို သိပြီး အမြဲတမ်း ရွာနှင့် ရန်တိုက်ပေးတတ်
20
19
1
1August 10, 2023 6K 18