မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 5.9.2026 ယနေ့နေ့လည် 11:50… — Magway Scout Network — TG.ME

မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
5.9.2026

ယနေ့နေ့လည် 11:50 ဝန်းကျင်က
မြိုင်မြို့နယ်တောင်ပိုင်း
ကန်နက်ရွာ ဘောလုံးကွင်းနဲ့
မြင်းကိုးသစ်ရွာ ဘောလုံးကွင်းထဲကို
ပခုက္ကူတပ်မ 101 မှ အ-Thay-ခံ-ဒရုန်း သုံးစီးဖြင့်
လေကြောင်း-တို-က်-ခို-က်-မှု -သုံးကြိမ်
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။

တဲကြီးရွာက စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက်ပိုင်းက တဲကြီးရွာကနေ
မြောက်ဘက်ကို လှုပ်ရှားမှုတချို့ ရှိခဲ့ပြီး
11:00 ဝန်းကျင်မှာ
တဲကြီးရွာမြောက်ဘက်ရှိ ဒေသအခေါ်
မြက်စပ်တောင်ကနေတစ်ဆင့်
12:00 ဝန်းကျင်မှာ
မြက်စပ်တောင်အရှေ့မြောက်ဘက်ရှိ
ရေနံကျင်းတွေနားကို ရောက်ရှိခဲ့ပြီးနောက်
နေ့လည် 2:30 ဝန်းကျင်မှာ
နယ်သတ်ရွာအနီးကနေ တဲကြီးရွာကို
ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်း
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့
ရေနံမှော်ဒေသက မိဘပြည်သူများအားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Sep 6 , 2:02AM
သတင်းပို့ရန်@MagwayScoutBot
👍1
September 5, 2026 161 1