ကျောက်ထုစစ်ကြောင်း ပန်းဆန်ရွာမှတဆင့် မြောက်ဖက်အရပ်သီု့ ထွက်ခွာနေ
သီးကုန်းရွာကို စစ်ကြောင်းဝင်ရောက်စဥ် ဖမ်းဆီးခံခဲ့ကြရသည့် ဒေသခံပြည်သူများ ပြန်လည်လွတ်မြောက်လာ
စက်တင်ဘာ ၅၊၂၀၂၆၊ဆော
ယောဒေသ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယနေ့နံနက်အစောပိုင်းကထွက်လာသည့် အင်အား ၆၀ ကျော်ပါစစ်အုပ်စုစစ်ကြောင်းသည် ပန်းဆန်ရွာမှတဆင့် ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်ဖက်အရပ်သို့ ထွက်ခွာသွားကြောင်း သိရသည်။
စစ်ကြောင်းသည် ကြီးရွာအထိ သွားရောက်နိုင်သကဲ့သို့ ယခင်နည်းတူ နှော်ချောင်းတံတား အထိသာသွားရောက်ပြီး ကြီးရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဖြင့် အချိတ်ဆက်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ယခင်သြဂုတ်လ ၃၀ ရက်နေ့ နေ့လည်ခန့်က ဆောမြို့နယ် သီးကုန်းရွာသို့ စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်ခဲ့စဥ် လမ်းခရီးနှင့် ကျေးရွာတွင်းတို့တွင် တွေ့ရှိခဲ့သည့် ဒေသခံအရပ်သားပြည်သူ ၄၀ ဦးခန့်ကို စစ်အုပ်စုတပ်သားများက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးခံ အရပ်သားပြည်သူများကို သီးကုန်းရွာမှာ တပ်စွဲနေထိုင်လျက်ရှိနေသည့် စစ်အုပ်စုတပ်သားများက ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများတွင် ဓားစာခံလူသားဒိုင်း အဖြစ်အသုံးချခဲ့ပြီး ၅ ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခံပြည်သူအားလုံးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အတည်ပြုဆဲသတင်းအရ ဖမ်းဆီးခံအရပ်သားပြည်သူ ၄၀ ဦးဖြစ်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေစဥ် ဖမ်းဆီးခံအမျိုးသားပြည်သူတစ်ဦးကို စစ်အုပ်စုတပ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
၎င်းဖြစ်ရပ်များကို အသေးစိပ်အတည်ပြုနိုင်ရန် ပြန်လည်လွတ်မြောက်လာသည့် ပြည်သူများကို ယောအလင်းတန်းမှ ဆက်သွယ်ရန်ကြိုးစားခဲသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။
ဆောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်အုပ်စု စစ်ကြောင်းသည် ယခုအခါ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည်ဘအဝထိန်းချုပ်ထားပြီး စစ်အုပ်စုတပ်သား အင်အား ၁၅၀ ကျော်ခန့်ဖြင့် သီးကုန်းရွာတွင် ၆ ရက်မြောက်နေ့အဖြစ် အထိုင်ချတပ်စွဲနေထိုင်လျက် ရှိနေကြောင်းသိရသည်။
#နှိပ်စက်သတ်ဖြတ်
#လူသားဒိုင်း
#ဓားစာခံ
#ဖမ်းဆီး
@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep 5 9:26AM
သတင်းပို့ရန်@MagwayScoutBot
1September 5, 2026 678 1