ဆောမြို့နယ်ကစစ်ကြောင်းသီးကုန်းရွာမှာဝင်ရောက်နေ၊ ပြည်သူအချို့ဖမ်းဆီးခံထားရ
သြဂုတ် ၃၁၊၂၀၂၆၊ ဆော
မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်တွင်း လှုပ်ရှားနေတဲ့အင်အား ၁၂၀ ကျော်ပါစစ်ကြောင်းသည် ယမန်နေ့ နေ့လည်ခန့်က သီးကုန်းရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်းသိရသည်။
ထိုသို့ သီးကုန်းရွာကို စစ်ကြောင်းဝင်ရောက်လာစဥ် လမ်းခရီးတွင် တွေ့ရှိသည့်အရပ်သားပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ထိုနောက် ရွာအတွင်းဝင်ရောက်ပြီး တွေ့ရှိရသည့် အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။
"မင်းလယ်ဖက်ကနေ တိတ်တဆိတ်ဝင်လာကြတာပါ၊ လမ်းမှာတွေ့တဲ့လူတွေ၊နောက် ရွာထဲရောက်တော့လဲ တွေ့တဲ့သူတွေကို ဖမ်းထားတယ်၊ ဖမ်းခံရသူတွေအရေအတွက်အတိကျတော့မသိရဘူး များတော့များမယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
ဆောလှုပ်ရှားစစ်ကြောင်းသည် မင်းလယ်ရွာဖက်မှတဆင့် သီးကုန်းရွာတွင်းသို့ တိတ်တဆိတ်ရုတ်တရက် ဝင်ရောက်လာတာဖြစ်ပြီး အရပ်သားပြည်သူ ၂၀ ဦးကျော်ကိုပါ ဓားစားခံအဖြစ်ဖမ်းဆီးထားကြောင်း သိရသည်။(အတည်ပြုဆဲသတင်း နှင့် သတင်းရင်းမြစ်တစ်ခုအရ ၄၀ ဦးခန့်ရှိကြောင်းသိရသည်)
အဆိုပါစစ်ကြောင်းသည် သီးကုန်းရွာေမြာက်ဖက်အစွန်နားရှိ လေထိုးကျွတ်ဖာဆိုင်တွင် တပ်သား ၁၅ ဦးခန့်ရှိနေပြီး ကျန်ရှိတပ်အင်အားကို ရွာနှင့် အနီးနားဝန်းကျင်နေရာများတွင် တပ်ဖြန့်ထားကြောင်း သိရသည်။
စစ်ကြောင်းသည် လောင်းရှည်လမ်းပိုင်းနှင့် ဆိပ်ဖြူလမ်းပိုင်းများ ဆုံရာ သီးကုန်းရွာတွင်ရှိနေခြင်းကြောင့် မည်သည့်အရပ်ဖက်သို့ ဆက်လက်ရွေ့လျားလှုပ်ရှားမည်ကို မသိရသေးတာကြောင့် အဆိုပါလမ်းပိုင်းများက ပြည်သူများ ကြိုတင်သတိထား သွားလာနေထိုင်ကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
@မင်းဒဿ
ယောအလင်းတန်း
#MRSN
Aug 31, 6:56PM
သတင်းပို့ရန်@MagwayScoutBot
2
1
1August 31, 2026 946 1