စိတ်ထောင်ချောက် ( ၁၁ ) ================ မိုးမလင်းခင်ကတည်းက တစ်ရွာလုံး… — ကိုလူပျို — TG.ME

စိတ်ထောင်ချောက် ( ၁၁ )
================
         
မိုးမလင်းခင်ကတည်းက တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ဆူဆူညံညံ ဖြစ်နေကြ သည်။ တီးတိုးတီးတိုး စကားထိုးနေကြသည်။ မမြနှင်းတစ်ယောက် အိပ်ရာမှ နိုးလျှင် နိုးချင်း အိမ် အောက်ဆင်းလာလိုက်ကာ ဖြစ်ပျက်နေသည်များကို အကဲခတ်ကြည့်သည်။ သို့သော် သဘော မပေါက်။ သဘောပေါက်နိုင်သည့် အရိပ်အခြေကို တွေ့မှမတွေ့ရဘဲလေ။ သမီးငယ်ကတော့ သိပ်ပြီး စိတ်ဝင်စားပုံမပေါ်၊ မီးဖိုခန်းဝင်ကာ ချက်ပြုတ်နေပါသည်။
         
“မအေးမာ… ဘာတွေဖြစ်နေကြတာလဲဟင်”
         
ဘေးအိမ်မှ မအေးမာကို မမြနှင်း လှမ်းမေးလိုက်သည်။
         
“စစ်ကြောင်းတွေ ဝင်လာလို့တဲ့”
         
မမြနှင်းစကားပင် ကောင်းကောင်းမဆုံးသေး၊ မအေးမာက ဝမ်းသာအားရ ဖြေဆိုလာပါသည်။ မအေးမာသည် အင်မတန်ပျော်ရွှင်ကျေနပ်နေသယောင်၊ မျက်နှာတစ်ခွင် ပြုံးရွှင်နေပါ၏။  
         
“ဝင်လာတာမှ အင်အားအများကြီးတဲ့၊ ရွာနီးတစ်ဝိုက် ပိုက်စိပ်တိုက်ပြီး ရှင်းနေတာများ ဟိုအဖွဲ့တွေ နေစရာတောင် ရှိမယ်မထင်ဘူး၊ ဝမ်းသာချက်၊ အဲဒါကြောင့် တစ်ညလုံး သေနတ်သံတွေ ဆူညံနေတာပေါ့၊ ဟိုသေနာတွေ ပြေးပေါက်မရှိပါစေနဲ့လို့တောင် ဆုတောင်းမိတယ်… တကယ်”

ဆက်လက်ဖတ်ရှုရန်
👍5❤2
September 2, 2026 918 4