ပြောင်းပြန်ပြောင်း၍ ခေါင်းစဉ်တပ်သူ ======================… — ကိုလူပျို — TG.ME

ပြောင်းပြန်ပြောင်း၍ ခေါင်းစဉ်တပ်သူ
======================
         
မျက်နှာစုံညီ တွေ့ဆုံနေကြတော့ သူဟာ ချောင်ကလေးမှာ ကပ်နေရတယ်။ သူ့ဆရာတွေ ဒီလို မတွေ့တာကြာပြီဆိုတော့ သူ စိတ်ဝင်စားနေမိတာတော့ အမှန်ပဲ။ ဘာတွေများ ဆွေးနွေးကြလေ မလဲ။ ဘာလိုကောင်းကျိုးတွေများ ဆောင်ရွက်ကြ‌လေမလဲ။ ဘယ်အရွေ့ကိုများ ဦးတည်ကြလေမလဲ။ စတဲ့စတဲ့ အတွေးစိတ်ကူးတွေနဲ့ စိတ်လှုပ်ရှားနေမိတော့တယ်။ စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ထိုင်နေကြပေမယ့် သူ့ဆရာတွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်နေတာမျိုးမရှိဘူးရယ်။ မျက်နှာတွေကလဲ မှုန်ဝါးဝါးနဲ့။ လန်းလန်းဆန်းဆန်းလဲ မရှိလှဘူး။ အင်း… သူ သတိထားမိသလောက် ဒီလူတွေ လန်းလန်းဆန်းဆန်းရှိတာ တစ်ချိန်ပဲ ရှိတယ်။ အဲဒါ အလှူငွေများများစားစား ရတဲ့အချိန်ပဲ။ ကျန်တဲ့အချိန်ဆို အမြဲမှုန်ကုတ်နေတော့တာ။ ဟော… ဟိုဘက်အစွန်ဆုံးက တစ်ယောက်ဆိုရင် ဘယ်လောက်တောင် သောက်ထားလဲ မသိဘူး။ မျက်နှာတစ်ခုလုံး ဖောရောင်နေတဲ့အပြင် အိပ်ပါ ငိုက်နေသေးတယ်။ ဟိုက်… အဲဒါ ငါ့ဆရာပဲဟ။ သူ မျက်လုံးပြူးသွားတယ်။ ငိုက်နေတာ တော်တော်ဆိုးတယ်။ ကြာရင် စားပွဲနဲ့ နဖူး မိတ်ဆက်မိတော့မယ်။ တစ်ခုခု ကြံဦးမှဆိုတဲ့အတွေးနဲ့ ရှေ့မှာ ရှိတဲ့ ခဲတစ်လုံးကောက်ပြီး ပစ်လိုက်တယ်။

ဆက်လက်ဖတ်ရှုရန်
❤3😁1
August 22, 2026 1.8K 6