၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မကျင့်ခဲ့သူကို AAတရားရုံးက ထောင်ဒဏ်နှစ်… — Hlaing Info — TG.ME

၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မကျင့်ခဲ့သူကို AAတရားရုံးက ထောင်ဒဏ်နှစ် ၃၀ချ

စက်တင်ဘာလ ၆ ရက်

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရမ်းချောင်းဒေသမှာအသက် ၁၄ နှစ်အရွယ် မိန်း
ကလေးငယ်ကိုအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အာရက္ခတပ်တော်(AA)လက်အောက်ခံ တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။

မုဒိမ်းမှုအပြင်ဓမ္မတာနဲ့ဆန့်ကျင်တဲ့ကာမစပ်
ယှက်ခြင်းတို့ကိုအတင်းအဓမ္မကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)နဲ့ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(ဓမ္မတာ နဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်မှု)နဲ့ထောင်ဒဏ် ၁၀ နှစ်စီမြောက်ဦးခရိုင်တရားရုံးက ချမှတ်ခဲ့တာလို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့ကရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်တဲ့ဦးမောင်အေးလှကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်ခံရတဲ့ မိန်း
ကလေးငယ်ရဲ့ ညီမဖြစ်သူကိုလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။

အဲဒီလို ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနှစ်လကျော်အကြာ ဇူလိုင်
လ ၃၀ ရက်နေ့မှာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့တာပါ။ အဲဒီအမှုကို ခရိုင်တရားရုံးက တလ ကျော်ကြာစစ်ဆေးပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

“ဒီလိုလက်ခံလို့မရတဲ့မုဒိန်းမှုတွေကိုမြန်မြန်
ဆန်ဆန်စီရင်ချက်ချလာနိုင်တာကို ကြိုဆိုရမှာဖြစ်တယ်။ ဒါပေမယ့် လည်း တရားခံလွတ်သွားတာတို့၊ ဖမ်းမမိတာတို့ မဖြစ်ဖို့လိုတယ်။ ပြည်သူ့မျက်နှာမူပြီးတော့ ဒီလိုအမှုတွေကို ထိ ရောက်တဲ့ပြစ်ဒဏ်မှုကို ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့မြောက်ဦးမြို့နယ်မှလူငယ်အမျိုးသမီးတဦးကပြောပါတယ်။

ကျူးလွန်ခံရသူ မိန်းကလေးရဲ့မိသားစုဟာ ကျောက်တော်မြို့နယ် ကျောက်တလုံးရွာ ဇာတိဖြစ်ပြီး ၂၀၂၆ ခု မတ်လ ကုန်လောက်ကစပြီး ဦးမောင်အေးလှပိုင်ဆိုင်တဲ့ ကျောက်တော်မြို့နယ် ဇီးချောင်းဆည်မြောက်ဖက် ၈ မိုင်ခန့်အ ကွာ ရမ်းချောင်းတောထဲမှာရှိတဲ့ ဥယျာဉ်ခြံမှာခြံစောင့် ၊နွားကျောင်းစတဲ့အ
လုပ်တွေကိုတနှစ်စာလုပ်အားခကျပ်၁၈သိန်း
နဲ့ မိသားစုလိုက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ပိုင်ရှင်ဦးမောင်အေးလှကို တဲမှာ မီးမရှိလို့ ဆိုလာပြားတချပ်လို အပ်ကြောင်းပြောရာ သိန်းတန်ရွာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာဆိုလာပြား
လိုက်ယူဖို့လူတဦးထည့်ပေးစေလိုကြောင်း ပြောတာကြောင့်သမီးဖြစ်သူကိုအတူထည့်ပေးလိုက်ပါတယ်။

နောက်နေ့မှာ ဦးမောင်အေးလှဟာမိန်းကလေး
ငယ်ကို ရမ်းချောင်းရှိဥယျာဉ်ခြံသို့ ပြန်ပို့ချိန် လမ်းခုလတ်မှာညအိပ်စေပြီး နှစ်ကြိမ်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဦးမောင်အေးလှဟာအဓမ္မပြုကျင့်ခံရ သူရဲ့ ၈ နှစ်အရွယ်ညီမကို လည်း ငွေကျပ်လေးထောင်နဲ့ အချိုရည်တစ်ဗူးပေးပြီး မဖွယ်မရာပြုလုပ်ခိုင်းခဲ့ကာ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ရဲထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာအခြားလွတ်မြောက်
နေတဲ့မုဒိန်းမှုကျူးလွန်သူတွေ ရှိနေသေးပြီး အဲဒီလွတ်မြောက်နေသူ တွေကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် အသည်းအသန်၊ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာသက်
ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော် ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတွေကို ပြည်သူတွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ချင်း
ပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအား
နည်းနေသေးတယ်လို့ ရဲဌာန တာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။

(သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အေးမောင်လှ ။ဓါတ်ပုံ-DLEPS)
#LNO
#HlaingInfo
👍36👏10❤1🔥1😁1
September 6, 2026 2.4K 3 2