မူးယစ်ဆေးဝါးရောင်းဝယ်သူကို သက်သေခံပစ္စည်းတွေနဲ့အတူ… — Hlaing Info — TG.ME

မူးယစ်ဆေးဝါးရောင်းဝယ်သူကို သက်သေခံပစ္စည်းတွေနဲ့အတူ လောင်းလုံးပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

စက်တင်ဘာလ ၇ ရက်

မူးယစ်ဆေးဝါး ရောင်းဝယ်သူကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ်ထဲက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ မြို့နယ်လုံခြုံရေးမှူးနဲ့ဒုတိယမြို့နယ်လုံခြုံရေးမှူးတို့ ဦးစီးတဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ပါတယ်။

အဲဒီလို ဝင်ရောက်ရှာဖွေတဲ့အခါ မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြုလုပ်သူ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို သက်သေခံပစ္စည်းတွေ၊ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံပစ္စည်းတွေကတော့ WY မူးယစ်ဆေးပြား(၁၆၈)လုံး၊ BA 94 သေနတ်(မောင်းတုန်းနဲ့ကျည်အိမ်မပါ) ၁လက်၊ မြန်မာငွေကျပ် ၁၁,၀၅,၇၀၀/- (ဆယ်တစ်သိန်း ငါးထောင် ခုနစ်ရာကျပ်)၊ ဖုန်း ၂ လုံး၊ လက်ပတ်နာရီ(၆) လုံး၊ အိတ်(၄) လုံးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေအနေနဲ့ မီးခြစ် ၈ လုံး၊
ပိုက်ထုတ် ၄ ထုတ်၊ ပိုက်ထည့်တဲ့ ဘူး ၁ ဘူး၊ နားကြပ်ဘူးခွံ ၁ ခု၊ ဂက်စ်ဘူး ၁ ဘူးတို့ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က မိဘပြည်သူတွေကို အသိပေးထုတ်ပြန်ပါတယ်။

#PVTV
#HlaingInfo
👍48❤4😁2
September 7, 2026 2.4K 5