ယောလွတ်မြောက်ရေးတပ်တော် ဖွဲ့စည်းကြောင်း ထုတ်ပြန်
စက်တင်ဘာ ၆ ရက်
ယောဒေသအရေးကို ရှေးရှုကာ ယောလွတ်မြောက်ရေးတပ်တော် (YLA) ကို သြဂုတ် ၁ ရက်မှာ စတင်တည်ထောင်ဖွဲ့စည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
ယောလွတ်မြောက်ရေးတပ်တော် (YLA) အနေနဲ့ အရင်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့မှ ရဲဘော်တွေဖြစ်ပြီး (၅) နှစ်တာလုံး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ယောဒေသအရေးကို ပုံဖော်ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရေး၊ အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ရေးတို့ကို ရည်ရွယ်ကာ တည်ထောင်လိုက်တာဖြစ်ပြီး၊ လက်ရှိအချိန်နဲ့ နောင်ကာလတွေမှာလည်း NUG၊ MOD လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ၊ အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူယှဉ်တွဲကာ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် YLA အဖြစ် သီးခြားရပ်တည်ရခြင်းမှာ NUG၊ MOD ရဲ့ ဦးဆောင်မှုကို အယုံအကြည်မရှိခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးရှိ ပုဂ္ဂိုလ်တွေနဲ့ ပဋိပက္ခ ဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ဘဲ ယောဒေသတွင်း တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်လိုခြင်းကြောင့်သာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာလည်း ယောလွတ်မြောက်ရေး တပ်တော် (YLA) အနေနဲ့ ချင်းပြည်တောင်ပိုင်း (မင်းတပ်နယ်)နဲ့ ယောဒေသ (ကျောက်ထုနယ်)တွေမှာ ဒေသခံတပ်တွေ(ယော)၊ MOD လက်အောက်ခံ တပ်ရင်းတွေ၊ မဟာမိတ်တွေနဲ့ တစ်သားတည်းရပ်တည်ကာ တိုက်ပွဲဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
#PVTV
#HlaingInfo

25
7
1September 6, 2026 1.3K 1 1