တပ်အရာရှိတွေ ကိုယ်ကျင့်တရားဖောက်ဖျက်မှု ကင်းရှင်းရေး ဒုတပ်ချုပ်… — Hlaing Info — TG.ME

တပ်အရာရှိတွေ ကိုယ်ကျင့်တရားဖောက်ဖျက်မှု ကင်းရှင်းရေး ဒုတပ်ချုပ် ပြောပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်နေ

စက်တင်ဘာလ ၆ ရက်

တပ်မတော် အရာရှိတွေဟာ တပ်ရင်းတပ်ဖွဲ့တွေကို ဦးဆောင်ရသူတွေပီပီ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတွေ ကင်းရှင်းဖို့ လိုကြောင်း ဒုတပ်ချုပ်က ပြောပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ CDM တပ်အသိုင်းအဝိုင်းနဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က နေပြည်‌တော်ရှိကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းက အရာရှိတွေကို ဒုတပ်ချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တွေ့ဆုံချိန်မှာ စိတ်ဓာတ်စည်းကမ်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အတွင်း ရုံး/ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေဟာ စိတ်ဓာတ်စည်းကမ်းအရဖြစ်စေ အရည်အချင်းတွေအရဖြစ်စေ ပြစ်မှုကင်းရှင်းပြီး စံပြဖြစ်သူတွေကိုသာ ရွေးချယ်တာဝန်ပေးထားတာလို့ ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေကို ဦးဆောင်ရသူတွေပီပီ စစ်စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ဖို့ လိုပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတို့ ကင်းရှင်းဖို့ လိုတယ်လို့ ဒုတပ်ချုပ်က ပြောပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က တပ်အရာရှိအသိုင်းအဝိုင်းအတွင်း အောက်ခြေမှာ ဘယ်သူက ဘာလုပ်နေတယ်ဆိုတာ သိနေပြီးသားဖြစ်လို့ လုပ်တာအပြစ် မဟုတ်ဘဲ မိရင် အပြစ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မူးယစ်ဆေးဝါးကယ်ရီရိုက်တဲ့သူတွေဘာတွေဆိုရင် ချမ်းသာတယ်။ အဲဒီလိုမျိုး ချမ်းသာရာကနေ ကြီးပွားပြီးတော့ စစ်ရုံးချုပ်တွေ ဘာတွေ ရောက်သွားတယ်။ ပြီးရင် နေရာတဖြည်းဖြည်း ရလာတယ်။ သူတို့ ဝုန်းကနဲ့ တစ်ယောက်မှ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာတာ မဟုတ်ဘူး။ သူတို့ ဒုဗိုလ်ကနေစပြီး တက်လာတာ။ အဲဒီတော့ အောက်ခြေမှာ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ သူတို့တွေ သိတယ်။ ဒါပေမယ့် ကျွန်တော်အစောထဲက ပြောသလိုပဲ စစ်တပ်ရဲ့ ဆောင်ပုဒ်က လုပ်တာ အပြစ်မဟုတ်ဘူး၊ မိတာ အပြစ်။ အဲဒီတော့ မိရင်တော့ သူတို့က အရေးယူမယ်။ ဒါတောင်မှပဲ ကာဗာပေးလို့ရတဲ့ သူမျိုးဆို သူတို့ ကာဗာပေးဦးမှာပေ့ါနော်။ အဲဒီတော့ အဓိက သူတို့က မလုပ်နဲ့ မပြောဘူး၊ ပိပိရိရိလုပ် အဲဒီအနေအထားမျိုးပဲ ပြောတာ ဖြစ်မှာပါတယ်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ မူးယစ်ဆေးဝါးတွေဟာ မြို့ကြီးပြကြီးတွေအထိ ရောင်းဝယ်ဖောက်ကား လာနေသလို အကျဉ်းထောင်တွေ၊ KTV တွေ ၊ အရက်ဘားတွေနဲ့ နိုက်ကလပ်တွေမှာလည်း ငွေပေးနိုင်ရင် ရနိုင်တဲ့ အနေအထားဖြစ်လာပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားမှာလည်း လူမှုကွန်ရက်တွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာနေကြတာရှိပေမယ့် စစ်အစိုးရဘက်က အရေးယူတာတွေ မရှိသလောက် ရှားသလို မြေပြင်မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေကိုလည်း မသိကျိုးကျွန်ပြုထားတာ ဖြစ်ပါတယ်။

တစ်ဘက်မှာ ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရာမှာ စစ်ဆေးမခံရအောင် ကုန်သည်တွေက ဒေသတွင်းရှိ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို လာဘ်သိပ်ထိုးရတဲ့ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေတာပါ။

ထိုင်းကုန်ပစ္စည်းတွေကို မြဝတီ-ဘားအံ-သထုံ-ရန်ကုန်၊ ဘုရားသုံးဆူ-မော်လမြိုင်-ရန်ကုန်နဲ့ ရနောင်း-မြိတ်-မော်လမြိုင်-ရန်ကုန် စတဲ့ လမ်းကြောင်းတွေအတွင်း အထူးသဖြင့် မွန်ပြည်နယ်ကို ဖြတ်သန်းပြီး သယ်ယူပို့ဆောင်နေရတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍10😁3❤2👎2🔥1
September 6, 2026 873 2 3