ရန်ကုန်တွင် လူပျောက် ဂွင်ဖန် ကျားဖြန့်များ သောင်းကျန်းလာဟုဆို… — Hlaing Info — TG.ME

ရန်ကုန်တွင် လူပျောက် ဂွင်ဖန် ကျားဖြန့်များ သောင်းကျန်းလာဟုဆို

စက်တင်ဘာလ ၆ ရက်

ရန်ကုန်တွင် လူပျောက်ကြော်ငြာများကို လိုက်ကြည့်ပြီး ၎င်းတို့ဖမ်းထားသလိုလိုဖြင့် ငွေလိမ်တောင်း မှုများ ရှိလာကြောင်း Rangoon Scout Network- RSN က ထုတ်ပြန်သည်။

ယခုနှစ်အတွင်း လူမှုကွန်ရက်ပေါ်၌ လူပျောက်ကြော်ငြာများကို မကြာခဏ တွေ့နေရသလို ကြော် ငြာကြသူများက တွေ့ရှိပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များလည်း ဖော်ပြထားကြသဖြင့် ယင်းဖုန်း နံပါတ်များသို့ ဆက်သွယ်ကာ ငွေလိမ်တောင်းသူလည်း များလာနေကြောင်း သိရသည်။

“ဩဂုတ်လထဲ လူပျောက်ထားတဲ့အိမ်ကနေ တစ်ဆင့်သိရတာပါဗျ။ ပိုက်ဆံနဲ့ ရွေးဖို့ ချက်ချင်းငွေလွှဲ လိုက်ဖို့ဆိုပြီး ဖုန်းဆက်တာတဲ့ဗျ။ ကျန်တဲ့ အသေးစိတ်တော့ မသိထားရသေးပါဘူးဗျ”ဟု RSN တာ ဝန်ရှိသူက MPAသို့ပြောသည်။

လူပျောက်ကြော်ငြာတင်ထားသည့် တောင်ဥက္ကလာပနေ မိသားစုထံ ၎င်းတို့ဖမ်းထားသယောင်ဖြင့် ဖုန်းဆက်၍ ငွေလိမ်တောင်းသူ ၃ဦးနှင့် ၎င်းတို့အဆက်အသွယ်ဖြင့် ကူညီရှာဖွေပေးမည်၊ဝန်ဆောင်ခ ပေးရမည်ဟု ဖုန်းဆက်သူ ၂ဦး ရှိကြောင်း ယင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မိသားစုက စိတ်ဆင်းရဲနေတဲ့ကြားထဲ အလိမ်တွေကလည်း ဖုန်းခဏခဏ ဆက်တာနဲ့ ပို့စ်တင်ထား တာ ပြန်ဖြုတ်ချလိုက်တယ်”ဟု ၎င်းက ပြောသည်။

ရွှေပြည်သာမြို့နယ်အတွင်း လူပြန်ပေးဆွဲခံရမှုကို ရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲက အမှုလက်ခံပေးရုံ သာရှိပြီး မည်သို့မျှ အကြောင်းမထူးကြောင်း လူပျောက်အိမ်အနီးနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရဲတွေကိုယ်တိုင်ကလည်း ပေါ်တာလိုက်ဆွဲနေတာဆိုတော့ မလုပ်ပေးတဲ့အပြင် ငွေထပ်မညှစ်တာ ကံကောင်းပေါ့။ကျမသိသလောက် လူပျောက်တဲ့မိသားစုတွေက အားကိုးရာပေါ့နော်။ပြီးတော့ ဘာပဲ ဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းအရ ရဲစခန်းမှာ လူပျောက်တိုင်ကြတယ်”ဟု ၎င်းက ပြောသည်။

လူပျောက်ဆုံးမှု အားလုံးနီးပါးသည် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲခံရခြင်းသာဖြစ်ပြီး ပျောက်ဆုံး သည်နှင့် အချိန်မဆိုင်းဘဲ ခင်မင်မှုရှိသည့် ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲနှင့် စစ်တပ် လမ်းကြောင်းတို့မှ ရှာ ဖွေကြရန် ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်က အကြုံပြုသည်။

#MPA
#HlaingInfo
😢17❤4🔥2👎1
September 6, 2026 771 3