အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ ယနေ့ ဗီယက်နမ်သို့ ထွက်ခွာပြီးနောက် ကမ္ဘောဒီးယား နိုင်ငံသို့လည်း သွားကြဦးမည်
စက်တင်ဘာလ ၄ ရက်
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားပြီးနောက် စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံသို့လည်း ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
မင်းအောင်လှိုင်သည် စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အပြီး ရက်အနည်းငယ်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ဗီယက်နမ်နှင့် ကမ္ဘောဒီးယားခရီးစဉ်များအပါအဝင် မင်းအောင်လှိုင်သည် ၃ လအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံအထိ သွားရောက်ခဲ့သူ ဖြစ်လာမည်ဖြစ်သည်။
မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်အတွင်း အတင်းအကျပ် သမ္မတရာထူးကို လုယူပြီးနောက် နိုင်ငံရပ်ခြားခရီးစဉ်များ ဆက်တိုက်ပြုလုပ်နေပြီး ကမ္ဘော ဒီးယားခရီးစဉ်သည် ၎င်းသွားရောက်မည့် ၈ နိုင်ငံမြောက် နိုင်ငံရပ်ခြားခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအတွင်း တရားဝင်အသိအမှတ်ပြုမှုနှင့် ဆက်ဆံရေးပြန်လည်တိုးမြှင့်နိုင်ရေးအတွက် သံတမန်ရေးခရီးစဉ်များကို အရှိန်မြှင့်လုပ်ဆောင်လာနေခြင်းဖြစ်သည်။
ဩဂုတ်လလယ်ပိုင်းတွင် ကမ္ဘောဒီးယားဘက်က မင်းအောင်လှိုင် လာရောက်မည့်ခရီးစဉ်သည် မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith ကလည်း မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် လိုအပ်သကဲ့သို့ နှစ်ဖက်စလုံးအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားမီဒီယာများသို့ ပြောဆိုထားသည်။
မင်းအောင်လှိုင်၏ ယခုနောက်ဆုံး နိုင်ငံခြားခရီးစဉ်များသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာတွင် အထီးကျန်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စုအတွက် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ကာ တရားဝင်မှုရရှိရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်နိုင်သည်။
တစ်ဖက်တွင်လည်း မြန်မာစစ်အာဏာရှင်အဖွဲ့အား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများက တရားဝင်အသိအမှတ်မပြုရန် တောင်းဆိုမှုများ ဆက်လက်ရှိနေသည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုကို တရားဝင်မှုမပေးရန် တိုက်တွန်းသည့် ဆန္ဒပြပွဲများကိုလည်း လန်ဒန်၊ ဆိုးလ်နှင့် တိုကျိုမြို့များရှိ ထိုင်းသံရုံးများရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများက မကြာသေးမီရက်များအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခု ဗီယက်နမ်နှင့် ကမ္ဘောဒီးယားခရီးစဉ်များပြီးဆုံးပါက မင်းအောင်လှိုင်သည် ၃ လတာကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ ဆက်တိုက်သွားရောက်ကာ စစ်အုပ်စု၏ ဒေသတွင်းဆက်ဆံရေးနှင့် နိုင်ငံရေးတရားဝင်မှုရရှိရေးအတွက် သံတမန်ရေးလှုပ်ရှားမှုများ ပိုမိုအရှိန်မြှင့်လာနေကြောင်း တွေ့ရှိရသည်။
#KTM
#HlaingInfo

14
5
2
1
1
1
1September 4, 2026 919 7 4