မန္တလေးဒေသမှာ ရေဘေးကြုံတွေ့နေရတဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရ
စက်တင်ဘာလ ၄ ရက်
မန္တလေးဒေသမှာ ရေဘေးအပါအဝင် သဘာဝဘေးအန္တရာယ်တွေကြုံတွေ့နေရတဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးအထိ သေဆုံးခဲ့ရတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး (EMC-MDY) က ထုတ်ပြန်ထားပါတယ်။
“ဩဂုတ်လအတွင်း ရေဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ ထိခိုက်ဆုံး ရှုံးမှုကြီးမားစွာ ရင်ဆိုင်နေရတဲ့ အခက်အခဲဆုံးအချိန်မှာပဲ စစ်ကောင်စီက အရပ်သားပြည်သူများ အပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို မရပ်တန့်ဘဲ ဆက်လက်ပြုလုပ်ခဲ့” လို့ EMC-MDY က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ပြည်သူတွေက ငါန်းဇွန်မြို့နယ်မှာ အမျိုးသမီး ၆ ဦး နဲ့ ကလေးတစ်ဦး ၊ စဉ့်ကူးမြို့နယ်မှာ သက်ကြီးရွယ်အို တစ်ဦး နဲ့ ညောင်ဦးမြို့နယ်မှာ ကလေးငယ် ၂ ဦး တို့ဖြစ်တယ်လို့ EMC-MDY က ထုတ်ပြန်ထားပါတယ်။
မြေပြင်အချက်အလက်တွေနဲ့ မှတ်တမ်းတွေအရ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ မန္တလေးဒေသအတွင်း က မြို့နယ်အချို့မှာ ထိခိုက်လွယ်တဲ့ အုပ်စုတွေဖြစ်တဲ့ ကလေးငယ်တွေ ၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက် သေဆုံးခဲ့ရတာပါ။
EMC-MDY ကတော့ ပြည်သူတွေရဲ့ လုံခြုံရေး နဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ကူညီထောက်ပံ့မှု များစွာလိုအပ်နေတယ်လို့ အသိပေးထားပါတယ်။
မန္တလေးဒေသမှာရှိတဲ့ ရေဘေး နဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် အဓိကလိုအပ်နေတာတွေက ဆန် ၊ စားသုံးဆီ ၊ မိုးကာတွေဖြစ်ပြီးတော့ တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီလှူဒါန်းကြဖို့အတွက် လည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
#PVTV
#HlaingInfo

30
12
6
1
1
1September 4, 2026 2.9K 4