ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အစည်းအဝေးပြုလုပ်
စက်တင်ဘာလ ၅ ရက်
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အစည်းအဝေးကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၅/၂၀၂၆)ကို ဒီနေ့ မနက်(၉) နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် မြို့နယ်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သိရှိလိုတာတွေကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးရဲ့ တာဝန်ရှိသူတွေက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
#PVTV
#HlaingInfo

26
1
1September 5, 2026 978