မင်းအောင်လှိုင်သေတွင်းမှ လွတ်မြောက်လာသူ အလင်းဝင်နှင့် စစ်သုံ့ပန်း ၅၀ ကျော်ရှိ
စက်တင်ဘာလ ၅ ရက်
စစ်ကျွန်ဘဝမှ လွတ်မြောက်ခဲ့သူ အလင်းဝင်နှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှုမှာ တစ်လအတွင်း ၅၀ကျော် ရှိကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဩဂုတ်လအတွင်း အလင်းဝင် စစ်သား ၂၀နှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိမှု ၃၃ဦး စုစုပေါင်း ၅၃ဦးရှိ ကြောင်း သိရသည်။
“စစ်မှုထမ်းသင်တန်းက အပတ်စဉ် ၂၅ ဆင်းပြီးပြီဆိုတော့ ပစ(စစ်မှုထမ်းတပ်သား)၁၂၅,၀၀၀ စစ် သားဖြစ်သွားပြီ။အဲဒီထဲမှာ ၅သောင်းလောက် သေပြီဆိုရင်တောင် စစ်တပ်ထဲမှာ ပစတွေ ၇သောင်းခွဲ လောက်ကျန်သေးတယ်။ ပစ ၁၀၀မှာ ၉၉ယောက်လောက်က စစ်တပ်ထဲ မဝင်ချင်ကြဘူးဆိုတာ အား လုံးသိတယ်။ ဒါပေမဲ့၊ပစ တွေ အလင်းဝင်တဲ့နှုန်းက အခုထိကို တက်မလာဘူး။ ဘာ့ကြောင့် တက်မ လာရတာလဲဆိုတာ တော်လှန်ရေးခေါင်းဆောင်တွေ မသိချင်ယောင်ဆောင်မနေဘဲ အဖြေရှာကြဖို့ လိုမယ်”ဟု CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ဩဂုတ်လအတွင်း အလင်းဝင်လာသည့် စစ်သား ၂၀ထဲတွင် ၉ဦးမှာ စစ်မှုထမ်းတပ်သားများ ဖြစ် ကြောင်း သိရသည်။
ဇူလိုင်လအတွင်း အလင်းဝင်၄၅ဦး၊ လက်နက်ချ ၁၀ဦးနှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု ၃၅ဦး စုစုပေါင်း ၉၀ ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်၁၄ရက်တွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်၂၅ သင်တန်းဆင်းခဲ့သည်။
ဓာတ်ပုံ-PDF
#MPA
#HlaingInfo

58
14
7
2September 5, 2026 2.8K 1 5