လှိုင်သာယာ၊ စမ်းချောင်း၊ မြောက်ဒဂုံနှင့် မင်္ဂလာတောင်ညွန့်လမ်းများပေါ် လူ ၈ ဦးကို စစ်အုပ်စု ဖမ်း
စက်တင်ဘာလ ၃ ရက်
လှိုင်သာယာ၊စမ်းချောင်း၊မြောက်ဒဂုံနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် လမ်းမပေါ်ရှိနေသည့် လူငယ် ၈ ဦးကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၂ရက်တွင် လှိုင်သာယာ၌ ၁ ဦး၊ စမ်းချောင်း၌ ၂ ဦး၊ မြောက်ဒဂုံ၌ ၃ ဦးနှင့် မင်္ဂလာတောင်ညွန်၌ ၂ ဦးတို့ကို စစ်အုပ်စုဝင်တို့က ပေါ်တာဆွဲခြင်းဖြစ်ကြောင်း ရန်ကုန်ကို စောင့်ကြည့်နေသည့် Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂ ရက်၊ ညနေ ၆ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ အကြော်တဲ မှတ်တိုင်၌ ပန်းရန်လုပ်သားများဟု ယူဆရသော အမျိုးသား ၃ ဦး ကားစောင့်နေကြစဉ် Honda Airwave ခဲရောင်ကားဖြင့် ရဲများ ရောက်လာပြီး ကားပေါ်ဆွဲတင်ကာ ဖမ်းခေါ်သွားကြောင်း သိရ သည်။
“ဖမ်းတဲ့ချိန် မှတ်တိုင်အနီးအနားမှာ လူသိပ်မရှိဘူးဆိုတာပဲ ထပ်သိရပါတယ်ဗျ။တွေ့လိုက်သူက လည်း နည်းနည်းလှမ်းပြီး ညလည်း စမှောင်နေပြီဆိုတော့ အသေးစိတ် ထပ်မသိရတော့ပါဘူးဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
စက်တင်ဘာ ၂ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းပေါ် တော်ဝင်ပလာဇာအနီး၌ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသား ၂ ဦး လမ်းလျှောက်သွားလာနေစဉ် DV Van အလုံပိတ်ကားတစ်စီးဖြင့် အရပ်ဝတ် ၃ ယောက် ရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွား ကြောင်း သိရသည်။
“မင်္ဂလာတောင်ညွန့်ဖြစ်စဉ်ကိုတော့ Scout Yangon ဆီကနေ သိရတာပါ”ဟု ၎င်းက ဆက်လက် ပြောသည်။
စက်တင်ဘာ ၂ ရက်၊ ညနေ ၄ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမပေါ်၌ ယော ကျ်ား လေး ၁ ဦး လမ်းလျှောက်သွားလာနေစဉ် အရပ်ကားဖြင့် ရဲယူနီဖောင်းဝတ် ၁ဦးနှင့် အရပ်ဝတ် ၄ဦး တို့ ရောက်လာကာ ဖမ်းဆီးသွားခဲ့ကြောင်း စက်တင်ဘာ ၂ ရက်၊နံနက် ၁၁ နာရီခန့် ကလည်း စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမပေါ် အထက ၂ ကျောင်းရှေ့(မဟာမြိုင်လမ်းထိပ်အနီး)တွင် စစ်သား နှင့် ရဲ ၁၀ ဦးခန့်က လမ်းသွားလမ်းလာ လူငယ်များထံမှ ဖုန်းနှင့် အိတ်များ ယူစစ်ခဲ့ကာ ၁၁ နာရီခွဲခန့်၌ ယောကျ်ားလေး ၂ ဦးကို ဖမ်းဆီးပြီး ကားပေါ်တင်ထားသည်ကို တွေ့ရကြောင်း RSN က ထုတ်ပြန်သည်။
ဓာတ်ပုံ-CJ
ပုံစာ- ရန်ကုန်မြို့တစ်နေရာတွင် စစ်သားများကို တွေ့ရစဉ်။(ပုံဟောင်း)
#MPA
#HlaingInfo

56
4
1
1September 3, 2026 2.3K 10