မင်္ဂလာတောင်ညွန့်၌ လမ်းသွားလမ်းလာ အမျိုးသား ၂ ဦးအား အလုံပိတ်ကားဖြင့်… — Hlaing Info — TG.ME

မင်္ဂလာတောင်ညွန့်၌ လမ်းသွားလမ်းလာ အမျိုးသား ၂ ဦးအား အလုံပိတ်ကားဖြင့် ဆွဲတင်ဖမ်းဆီးသွား

စက်တင်ဘာလ ၃ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း လမ်းလျှောက်သွားလာနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသား ၂ ဦးကို ယမန်နေ့ညပိုင်းက အလုံပိတ်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့် အရပ်ဝတ်ဝတ်ဆင်ထားသူများက ဆွဲတင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Scout Yangon မှ သိရပါသည်။


စက်တင်ဘာလ ၂ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းပေါ်ရှိ တော်ဝင်ပလာဇာအနီး၊ စူပါမားကတ်ရှေ့၌ လူလတ်ပိုင်းအရွယ် အမျိုးသား ၂ ဦး လမ်းလျှောက်သွားလာနေစဉ် DV Van အမျိုးအစား အလုံပိတ်မော်တော်ယာဉ် တစ်စီး ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါယာဉ်ပေါ်ပါလာသည့် အရပ်ဝတ်ဝတ်ဆင်ထားသူ ၃ ဦးက လမ်းလျှောက်သွားလာနေသူ အမျိုးသား ၂ ဦးအား ရုတ်တရက် ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသား ၂ ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည် ဆိုသည်ကိုမူ လတ်တလောတွင် မသိရှိရသေးပေ။

#HlaingInfo
🤬52🔥2❤1👎1
September 3, 2026 2K 2 10