စစ်ကောင်စီရဲ့ ပျက်စီးသွားတဲ့ ရေယာဉ် တချို့ထဲက လူတွေနဲ့ ပစ္စည်းတွေ မြစ်ထဲမျောပါလာပြီး ရေယာဉ်
တချို့ ဗန်းမော်ကို ဆိုက်ရောက်သွား
စက်တင်ဘာလ ၃ ရက်
ကချင်ပြ်နယ် ဗန်းမော်ဘက် စစ်ကူနဲ့ လက်နက်ခဲယမ်း ပစ္စည်း၊ စားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့ တက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ်အုပ်စုတွေထဲက ပျက်စီးသွားတဲ့ ရေယာဉ် တချို့ထဲက လူတွေနဲ့ ပစ္စည်းတွေ စက်တင်ဘာလ ၂ ရက်နေ့ညနေပိုင်း မြစ်ထဲ မျောပါလာပြီး ရေယာဉ် တချို့ ညပိုင်းမှာ ဗန်းမော်ကို ဆိုက်ရောက်သွားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
"ရေမကူးတတ်လို့ ရေအောက် မြုပ် သွားသူတွေလဲ မနည်းဘူး။ ရေစီးနဲ့ယက်ကန် ယက်ကန် မျောနေသူတွေကိုလည်း ကယ်ဆယ်ထားကြတယ်" လို့ ရှေ့တန်း။သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ကျောပိုးအိတ်တွေ၊ တခြားပစ္စည်းတွေ၊ လူတွေရော ဧရာဝတီမြစ်ထဲ ဖရိုဖရဲ မျောပါလာကြတာလို့ သူက ပြောပါတယ်။
"ရေယာဉ်တွေ ဗန်းမော်ကို ရောက်ပြီ။ မနေ့ည။ အခု နောက် ရေယာဉ်တွေကလည်း အင်အား အများကြီး တင်ပြီး ဆန်တက်လာနေတယ် ပြောတယ်" လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီး တစ်ဦးကပြောပါတယ်။
မနေ့ ညနေပိုင်း ဇင်းဘုံ - စင်းခန်း ဘက်ကနေ လွတ်ထွက်လာတဲ့ ရေယာဉ် ၇ စီးဟာ ဗန်းမော် အောက်နားက ရေနီရွာသစ်မှာ ကမ်းကပ်ရပ်နားခဲ့ပြီးနောက် ၆ စီးက ဗန်းမော် ကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ၁ စီးကတော့ သောင်တင်သွားကာ ဗန်းမော် မရောက်ခင် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
"လွတ်သွားတဲ့ ရေယာဉ်တွေက မနေ့ညနေတောင် ဗန်းမော်အောက်နားက မြလယ်ထိ ရောက်သွားပြီ။ အဲဒီ ရေယာဉ်တွေကို အကာအကွယ်ပေးတဲ့ သင်္ဘော ဒီနေ့ ဗန်းမော်ဘက် လေကြောင်းနဲ့ ဆက်တိုက် ဗုံးတွေ ကြဲနေတာ" လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဉ် ၁၄ စီးထဲက ၇ စီးကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပျက်သွားတာ ရှိသလို မီးလောင်သွားတာနဲ့ ရေမြုပ်သွားတာလည်း ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြေပြင်တွေမှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ - Local
#SPM
#HlaingInfo

10
2September 3, 2026 905 3