စစ်အုပ်စု အကြီးအကျယ် အထိနာသွားသည့် ဒုတိယ မြစ်ကျဉ်း တိုက်ပွဲကြီး
****
ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ဘက်မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စု ၏ စစ်ရေယာဉ် အုပ်စုကို ဧရာဝတီ ဒုတိယမြစ်ကျဉ်း၊ ဇင်းဘုံရွာနှင့် စင်းခန်းရွာအနီး မြစ်ကျဉ်း နေရာများ တွင် KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စု ၏ ရေယာဉ်အုပ်စုမှ တစင်းနစ်မြုပ်၊ နှစ်စင်း မီးလောင်ပျက်စီးပြီး နောက်ထပ်နှစ်စင်းကိုလည်း သိမ်းယူ နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များက အတည်ပြုခဲ့ကြသည်။
မီးလောင်ပျက်စီးသွားသည့် သင်္ဘောများအနက်မှ သင်္ဘောနှစ်စီးသည် ဇင်းဘုံရွာနှင့် စင်းခန်းတံတားအနီးသို့ ကမ်းကပ်ခဲ့ရပြီး ရေယာဉ်ပေါ်ပါလာသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် အလံဖြူထောင်ကာ KIA ထံသို့ လက်နက်ချခဲ့ကြသည်။
နစ်မြုပ်သွားသော သင်္ဘောမှ စစ်အုပ်စု တပ်သား ၂၀၀ ခန့်သည် ရေထဲ ခုန်ချပြီး ရေကူးထွက်ပြေးခဲ့ကြသော်လည်း အတော်များများ ရေစီးထဲ မျောပါသွားကြပြီး ကမ်းစပ်သို့ ကူးလာနိုင်သူ အနည်းငယ်သာ ရှိ၍ အများအပြား သေဆုံးသွားနိုင်သည်ဟု သိရသည်။
မီးလောင်ပျက်စီးသွားသည့် သင်္ဘောနှစ်စင်း သည် အလံဖြူ ထောင်ကာ တစင်းမှာ ဇင်းဘုံရွာအနီး ကမ်းကပ်ခဲ့ပြီး တစင်းမှာ စင်းခန်းရွာအနီးကမ်းကပ်၍ စစ်အုပ်စု သစ္စာခံ တပ်သား ရာနှင့်ချီ၍ (တရာနီးပါး ထိုထက်မက အရည်အတွက်) KIA ထံတွင် လက်နက်ချခဲ့သဖြင့် ၎င်းတို့အား ကားများဖြင့် ဘေးကင်းရာ သို့ ပို့ ဆောင် ပေးခဲ့ကြောင်း သတင်းဌာနကြီးများက မြေပြင်သတင်းရင်းမြစ်များကို ကိုးကားပြီး ယနေ့ မနက်ပိုင်းတွင် အတည်ပြု ဖော်ပြထားကြပါသည်။
စစ်အုပ်စု၏ ရိက္ခာနှင့် စစ်ကူ ဖြည့်တင်းရေး ရေယာဉ်စုသည် မနက် ၆ နာရီမှာ ရွှေကူမှ ထွက်ခွာလာပြီးနောက် ဇင်းဘုန် အရောက် ချေမှုန်း ခံခဲ့ရခြင်း ဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ
အတည်ပြု ခဲ့သည်။
စစ်အုပ်စု မှ တိုက်လေယာဉ် ရှစ်စီး၊ Y-12 လေယာဉ် နှစ်စီး၊ ဒရုန်း များ ဖြင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူ ပေးနေသည့် ကြားမှ ယခုလို အရေးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
ကချင်တော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရသည်မှာ တနှစ်ကျော်ရှိပြီဖြစ်သည့် ဗန်းမော်မြို့ကို ရိက္ခာနဲ့ အင်အားဖြည့်တင်းရန် သင်္ဘော (၁၅) စင်းပါသည့် အဆိုပါ ရေယာဉ်စုသည် သြဂုတ် ၂၁ ရက်က မန္တလေး ဂေါ်ဝိန် ဆိပ်ကမ်း မှ စတင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် လမ်းကြောင်းရှင်းနိုင်ရန် အတွက် မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများ နှင့် ရမ်းသမ်း ပစ်ခတ် ခဲ့ကြပြီး လေကြောင်းမှ လည်း တိုက်ခိုက်လာခဲ့သည်။ မြေပြင်မှလည်း စစ်ကြောင်းထိုးလာခဲ့ကြသည်ဟု ဆိုသည်။
စစ်သင်္ဘောများ တက်မလာမီ ဩဂုတ်လ ၁၈ ရက်မှစတင်၍ ရွှေကူမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် စစ်တပ်က ထိုနေ့မှစတင်၍ အနီးပတ်ဝန်းကျင်ဒေသများကို အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ယနေ့အထိ အကြိမ်ရေ ၁၀၀ နီးပါးအထိ ရှိခဲ့သည်ဟု KIA အရာရှိက မြန်မာ နောင်းကို ပြောခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

61
19
3September 3, 2026 2.1K 1 7