လှိုင်သာယာ၊ ရိုးလေးမှတ်တိုင်အနီး လူငယ်တစ်ဦးအား ရဲအရာရှိပါဝင်သော အဖွဲ့မှ ကားပေါ် အတင်းအဓမ္မ ဆွဲတင်ဖမ်းဆီးသွား
စက်တင်ဘာလ ၂ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမပေါ်ရှိ ရိုးလေးဘတ်စ်ကားမှတ်တိုင်အနီးတွင် ယနေ့ စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီအချိန်ခန့်က အပြစ်မဲ့ လူငယ်တစ်ဦးကို အရပ်ဝတ်အမျိုးသားများပါဝင်သော အဖွဲ့တစ်ဖွဲ့မှ ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း RangoonScoutNetwork မှ သိရပါသည်။
ဖြစ်စဉ်မှာ ယနေ့ညနေပိုင်းက အဆိုပါ အနော်ရထာလမ်းမပေါ်ရှိ ရိုးလေးမှတ်တိုင်အနီး၊ တည်းခိုခန်းတစ်ခုရှေ့တွင် အမျိုးသားလူငယ်တစ်ဦး လမ်းလျှောက်သွားလာနေစဉ် အိမ်စီးကား (အရပ်ကား) တစ်စီး ထိန်းသိမ်းရောက်ရှိလာပြီး ကားပေါ်မှ လူ ၅ ဦး ဆင်းလာကာ အတင်းအဓမ္မ ဖမ်းဆီးသွားခြင်းဖြစ်သည်။
"လမ်းလျှောက်နေတဲ့ ကောင်လေးကို ကားနဲ့ အနားကပ်လာပြီး ချက်ချင်း ဝိုင်းဆွဲဖမ်းသွားတာ။ ကားပေါ်ပါလာတဲ့ ၅ ယောက်မှာ ၁ ယောက်က ရဲယူနီဖောင်းဝတ်ထားပြီး ကျန်တဲ့ ၄ ယောက်က အရပ်ဝတ်တွေပါ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး" ဟု အခင်းဖြစ်ပွားရာအနီး ရှိနေသူတစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသူ လူငယ်၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို သီးခြားအတည်မပြုနိုင်သေးဘဲ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိသည်။
#HlaingInfo

57
4
2
1September 2, 2026 2.4K 7