သာယာဝတီခရိုင် တပ်ရင်း (၃)မှ ဆေးတပ်သား ရဲဘော်တာရာ(ခ)ကဗျာဆရာ… — Hlaing Info — TG.ME

သာယာဝတီခရိုင် တပ်ရင်း (၃)မှ ဆေးတပ်သား ရဲဘော်တာရာ(ခ)ကဗျာဆရာ ဘုန်းတာရာနွယ် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်

စက်တင်ဘာလ ၃ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်ရင်း (၃) မှ ဆေးတပ်သား ရဲဘော်တာရာ(ခ) ကဗျာဆရာဘုန်းတာရာနွယ် ကျဆုံးခဲ့တဲ့အတွက် Myanmar Defense Force မှ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

ဆေးတပ်သား ရဲဘော်တာရာ(ခ)ကဗျာဆရာ ဘုန်းတာရာနွယ်ဟာ ဩဂုတ် ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၈ နာရီခွဲအချိန်မှာ  တော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း အသိပေးပါတယ်။

ရဲဘော်တာရာ (ခ) ကဗျာဆရာ ဘုန်းတာရာနွယ်ဟာ  အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပေးအပ်သောတာဝန်တွေကို သက်စွန့်ဆံဖျား သစ္စာရှိစွာထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲဘော်ရဲ့  ပေးဆပ်စွန့်လွှတ်မှုနဲ့ တော်လှန်စိတ်ဓာတ်ကို အလေးနက်ဆုံး ဦးညွှတ်ဂုဏ်ပြုတဲ့အပြင် ကျန်ရစ်သူမိသားစု၊ ဆွေမျိုးများ၊ ရဲဘော်ရဲဘက်များနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။

မပြီးမြောက်သေးတဲ့ တော်လှန်ရေးတာဝန်တွေအတွက် ပေးဆပ်ခဲ့တဲ့ သွေး၊ ချွေး၊ အသက်တို့ကို စံပြုကာ  အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်လို့ ကတိသစ္စာပြုထားပါတယ်။

#PVTV
#HlaingInfo
😢33🔥6👏2😱2😁1
September 3, 2026 1.1K 5