ရွှေကူမှ ဗန်းမော်မြို့သို့ တက်လာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်မှု စစ်သင်္ဘော ၁ စီးနစ်မြုပ်သွားပြီး ၁ စီးမီးလောင်နေ
စက်တင်ဘာ ၂ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့ မှ ဗန်းမော်မြို့သို့ တက်လာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်မှု စစ်သင်္ဘော ၁ စီးနစ်မြုပ်သွားပြီး ၁ စီးမီးလောင်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုက ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့်ရိက္ခာများ ဖြည့်တင်းရန် ထွက်ခွာလာရာ လမ်းတစ်လျှောက် KIA နှင့် PDF ပူးပေါင်းတပ်များက လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း၊ လတ်တလော ယနေ့နံနက်ပိုင်း KIA နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁ စီးနစ်မြုပ်သွားပြီး ၁ စီးမှာ မီးလောင်နေကြောင်း သိရှိရသည်။
"စစ်သင်္ဘော ၁ စီး မြုပ်သွားပြီ။ ၁ စီးက အခုတံတားအောက်မီးလောင်နေတယ။ စစ်သင်္ဘော ၂စီးက တံတားကျော်သွားပြီ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
မန္တလေးမှ ဆန်တက်လာသော စစ်ရေယာဉ်အုပ်စုသည် ဩဂုတ်လ ၂၇ ရက်နေ့ ရွှေကူမြိုသို့ ဆိုက် ရောက်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်မြို့သို့ ဆန်တက်ရန် ကြိုးစားနေခြင်းဖြစ်ကာ KIA နှင့် PDF ပူးပေါင်းတပ်များကလည်း တောက်လျှောက်ဆိုသလို လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
#KTM
#HlaingInfo

13
8
2
2September 2, 2026 1.1K 2