မော်ချီးဒေသကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ… — Hlaing Info — TG.ME

မော်ချီးဒေသကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

စက်တင်ဘာလ ၁ ရက်

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေ အတွင်း ရေးမှူး -၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီခန့်က မော်ချီးမြို့၊ ဆုတောင်းတောင်၊ ကျောက်ကြားရပ် ကွက်အတွင်းသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ညနေ ၄ နာရီလောက်က ကျဲသွားတာ၊ ဘာတိုက်ပွဲ မရှိပါဘူး။ ဂျက်ဖိုက်တာ ၂ စီးနဲ့ကျဲသွားတာဖြစ် ပါတယ်။ ၆ ဦးသေပါတယ်။ ၇ ဦးဒဏ်ရာရတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေ အတွင်း ရေးမှူး -၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဖားဆောင်းမြို့ကိုလည်း စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သေးပြီး ယင်း တိုက်ခိုက်မှု နှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို သိရှိရခြင်း မရှိသေးပေ။

အကြမ်းဖက် စစ်ကောင်စီတပ်သည်‌ မော်ချီးဒေသကို လေကြောင်းဖြင့် မကြာခဏတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ပြည်သူများ မကြာခဏထိခိုက်သေဆုံးမှုဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် မိဘ ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ဆိုင်ရာ သတိပေးချက် များကို လိုက်နာ ပေးကြပါ ရန်၊ အထူးဂရုစိုက်နေထိုင်ပေးကြပါရန်တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

#KTM
#HlaingInfo
🤬43❤6😢2👏1
September 1, 2026 2K