မင်းအောင်လှိုင်၏ ဩဂုတ်လ အင်အားပြပွဲ နှင့် နောက်ဆက်တွဲများ ***… — Hlaing Info — TG.ME

မင်းအောင်လှိုင်၏ ဩဂုတ်လ အင်အားပြပွဲ နှင့် နောက်ဆက်တွဲများ
***

မင်းအောင်လှိုင်၏ ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သော နိုင်ငံခြားခရီးစဉ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိပ်တိုက်တွေ့မှုများသည် အင်အားကြီးမားမှုကို ပြသသည့် မဟာဗျူဟာထက် “အင်အားရှိသယောင် ဟန်ပြခြင်း” (bravado) ပို၍ဖြစ်နိုင်သည် ဟူ၍ ဦး ဂျိမ်း‌ ရွှေက DVB တွင် ယခုလို သုံးသပ်ထားသည်။

စစ်အုပ်စု  အားနည်းလာနေသည်ဟူသော အမြင်ကို ဖုံးကွယ်ရန် ရွေးကောက်ပွဲ၊ သမ္မတရာထူးနှင့် နိုင်ငံခြားခရီးစဉ်များကို အသုံးပြု လာနေသည်။

မင်းအောင်လှိုင် ဘာတွေ လုပ်နေသလဲ” ဆိုတာထက် “သူ့အနေနဲ့ အဘယ်ကြောင့် အင်အားကြီးကြောင်း ပြသဖို့ လိုအပ်နေရတာလဲ” ဆိုသည့် မေးခွန်းပင်  ဖြစ်သည်။

ဆောင်းပါးရှင်၏ အရေးကြီးဆုံး ခွဲခြမ်းချက်မှာ Courage နှင့် Bravado ကို ခွဲခြားခြင်းဖြစ်သည်။

Courage ဆိုသည်က အန္တရာယ်ကို သိရှိနားလည်သော်လည်း မိမိယုံကြည်သည့် ရည်မှန်းချက်အတွက် တည်ငြိမ်စွာ လုပ်ဆောင်ခြင်း။

Bravado က အားနည်းချက် သို့မဟုတ် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ပရိသတ်ရှေ့တွင် မိမိကိုယ်ကို အင်အားကြီးသယောင် ပြသလိုခြင်း ဖြစ်သည်။

ထို့ကြောင့် မင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်များ၊ ASEAN  အချက်ငါးချက်ကို ပယ်ချခြင်းနှင့် UN အစီရင်ခံစာ ကို တိုက်ခိုက်ခြင်းတို့သည် အမှန်တကယ် အင်အားရှိခြင်းထက် အင်အားရှိကြောင်း ပြသရန် လိုအပ်နေခြင်း၏ လက္ခဏာ များပင် ဖြစ်သည်။ ထိုသို့ပြသခြင်းသည်လည်း ၎င်းတို့ ပြောသမျှကို လူအများက ကိုယ်တိုင်မစစ်ဆေးဘဲ ယုံကြည်မည်ဟု ယူဆထားခြင်း အပေါ် အမြဲလို အခြေခံထား သည်ဟု ရေးသားထားသည်။

ယခုအခါ လင်မယား နှစ် ယောက် ဗီယက်နမ် သွားဖို့ ပြင်နေကြပြန်သည်။

ပြဿနာက ထိုသို့ ခရီးစဉ် များ လှည့်လည် နေခြင်းသည် မည်သို့မျှ အကျိုးထူး မလာသည်ကို ၎င်းတို့အား "ရွေးကောက်ပွဲ" တွင် အနိုင်ရထားသော်လည်း အာဏာကို ပုံအပ်ပေးထားရသည့် ကြံ့ခိုင်ရေး ပါတီ အတွင်း မကျေမနပ် ဖြစ်လာနေသည့် လက္ခဏာများ တွေ့လာရပြီး စက်တင်ဘာလ လယ်တွင် ကျင်းပရန် ရှိနေသည့် ပါတီ ညီလာခံ ကို ရုတ်ခြည်း ဆိုင်းငံ့လိုက်ရသည်ဟု မြန်မာ     နောင်း က အတည်ပြု ခဲ့သည်။

မင်းအောင်လှိုင်သည် လက်ရှိ အနေအထားကို မကျေနပ်သေးဘဲ  ကြံ့ခိုင်ရေး ကို အာဏာ ထပ်သိမ်းရန် ကြိုးစားလာ၍ မခံမရပ်နိုင် ဖြစ်လာကြ၍ ပါတီ ညီလာခံ ကို ဆိုင်းငံ့လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခင်ကလည်း စိုးဝင်းကို ဖယ်ထုတ်ပြီး ၎င်း၏ ငယ်ကျွန် ကြီးလို ဖြစ်နေသော ရဲဝင်းဦးအား ကာချုပ် ရာထူး ကို ပေးခဲ့သည်။

ကြံ့ခိုင် ရေးသည် စစ်တပ်၏ နိုင်ငံရေးအာဏာ ဆက်လက်တည်မြဲရေးအတွက် အသုံးပြု ခံနေရသည့် လက်ကိုင်တုတ် ပါတီ အဖြစ် ရပ်တည်နေလိုစိတ် မရှိတောပဲ ပုံမှန် နိုင်ငံရေး ပါတီ အဖြစ် တည်ဆောက်လိုလာသည်၊ ဤသည်ကို ရိပ်စား မိလာသော မင်းအောင်လှိုင်က လက်ရှိ ခေါင်းဆောင်ပိုင်း ကို ဖယ်ထုတ်ပြီး ဥက္ကဌ ရာထူး အထိ သိမ်းပိုက်ရန် ကြံစည် လာသော ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍16❤1🤔1
September 2, 2026 636 3 1