မီးလောင်မှုတွေက ရက်လကြာရှည် ဆက်ရှိနေနိုင်ပြီး မီးခိုးငွေ့တွေလဲ ဆက်တိုက်ထွက်နေနိုင်ပါတယ်။ လေထုမှာ အကန့်အသတ်တွေ၊ နယ်နိမိတ်တွေ၊ တံတိုင်းတွေ မရှိတာကြောင့် နိုင်ငံတစ်နိုင်ငံက မီးခိုးငွေ့တွေက အဲဒီနိုင်ငံမှာတင်မကဘဲ အခြားနိုင်ငံတွေကိုပါ လေထုကတဆင့် ပျံ့နှံ့သွားနိုင်လို့ အခြားနိုင်ငံတွေမှာလဲ မြူတွေဆိုင်းနေသလိုမျိုး မီးခိုးတွေနဲ့ ဖုံးလွှမ်းသွားတာပေါ့။ ဒါကို နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု (Transboundary Haze Pollution) လို့ ခေါ်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ခြောက်သွေ့ရာသီမှာ လေအရည်အသွေး လျော့ကျမှုတွေ ပိုမိုများပြားတယ် ဆိုတာပါပဲ။ မိုးရာသီလိုမျိုး စိုစွတ်တဲ့ ရာသီဥတုတွေမှာ မိုးရွာသွန်းမှုကြောင့် အမှုန်အမွှားတွေ၊ ဖုန်မှုန့်တွေ၊ ဒြပ်သားအမှုန်တွေ စတာတွေက မိုးရွာသွန်းမှုနဲ့အတူ ပါသွားတာကြောင့် လေက ပိုမိုသန့်စင်နေတတ်ပါတယ်။ ဒါပေမဲ့ နွေရာသီမှာတော့ မိုးရွာသွန်းမှု နည်းပါးတာကြောင့် အညစ်အကြေးတွေကို သန့်ရှင်းပေးမဲ့ မိုးရေပမာဏ နည်းပါးလို့ လေထုအရည်အသွေး ပိုကျတာပါ။
လေထုညစ်ညမ်းမှုက ကမ္ဘာတဝန်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေမဲ့လဲ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရာသီဥတုအခြေအနေ၊ ဖြစ်စဉ်အနေအထားတွေကြောင့် ခြောက်သွေ့ရာသီကာလတွေမှာ လေထုညစ်ညမ်းမှုဟက ပိုမိုဆိုးရွားနေတာပေါ့။ ဒါကြောင့် သက်ဆိုင်ရာ အသိပေးကြေညာချက်တွေ၊ အကြံပြုချက်တွေကို လူတိုင်း လိုက်နာကျင့်သုံးဖို့က လိုအပ်ပါတယ်။ ။
References:
Loiacono, M. (2024, October 18). What is Air Quality? - NASA.
IQAir Staff Writers. (2026, April 24). Southeast Asia Air Quality Alert. Airvisual.
Written by - Shoon Lei Wai
Fact-checked by - Shine Min Tri
Copy-edited by - Maw Byar Myar
Edited and Final-reviewed by - Htet Phone Shein
©️ 2026-2027 | Fact Hub Myanmar
#Fact_Hub #pollution #Short_Article #Air
1August 24, 2026 171