❝ ချစ်ရသူတွေအတွက် ကိုယ်တိုင်သာ အမှတ်တရပစ္စည်းတွေ ဖန်တီးခွင့်ရမယ်ဆိုရင်.... ❞
ကိုယ်ချစ်ခင်ရတဲ့ သူတွေကို တယုတယနဲ့ လက်ဆောင်လေးတွေ ပေးချင်ကြတာက လူ့သဘာဝပဲ မဟုတ်လား Hypers🎓 လေးတို့ရေ။ ဒီလို လက်ဆောင်ပေးတဲ့ အခါမှာလဲ အဖိုးတန်ပစ္စည်းတွေမှ ပေးလို့ တင့်တယ်တာရယ်တော့ မဟုတ်ပြန်ပါဘူး။ တကယ်တော့ "တန်ဖိုး" ဆိုတာ ရင်ထဲက သတ်မှတ်တာမလို့ ကိုယ်ပေးလိုက်တဲ့ လက်ဆောင်ရဲ့ Price Tag ထက် ကိုယ့်ရဲ့ စေတနာနဲ့ လေးနက်မှုက ပိုပြီးအရေးပါပါတယ် 💕
ဒီလို ချစ်ရသူတွေကို တမြတ်တနိုးနဲ့ လက်ဆောင်ပေးချင်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဘာပေးရမှာလဲဆိုပြီး ခေါင်းခြောက်နေတဲ့ Hypers🎓 လေးတို့အတွက် Hypen ကနေ Workshop လေးတစ်ခု စီစဉ်ထားပါတယ် 💫
အဲဒါကတော့ ပေးချင်တဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာတွေကို ထင်ဟပ်စေမဲ့၊ ကိုယ့်လက်နဲ့ကိုယ် စိတ်ကူးစိတ်သန်းတွေကို ချည်မျှင်လေးတွေနဲ့ ပုံဖော်ရင်း အမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်မဲ့ ❝ ချည်တစ်မျှင်၊ စိတ်ကူးတစ်ခု ❞ ဆိုတဲ့ တစ်ရက်တာ Panel Discussion & Hands-on Embroidery Workshop လေးပါ🧵
🪡 ဒီ Workshop လေးမှာဆိုရင် ကုန်သွယ်လမ်းရဲ့ ပန်းထိုးဖန်တီးမှု အနုပညာနဲ့ လူသိများတဲ့ အဘလှိုင် ကိုယ်တိုင် Instructor အဖြစ် ပါဝင်ပေးသွားမှာဖြစ်လို့ အပ်နဲ့ ချည်မျှင်ကို ခုမှ စကိုင်မဲ့သူတွေပါ အလွယ်တကူ လိုက်ပါဖန်တီးနိုင်မှာပါ။ ဒါ့အပြင် အနုပညာနဲ့ ဖန်တီးမှုဆိုင်ရာ အတွေးအမြင်တွေကို စိတ်လှုပ်ရှားဖွယ် ဆွေးနွေးသွားမဲ့ Panel Discussion Session၊ နယ်ပယ်တူ ဝါသနာတူ လူငယ်ချင်း ချိတ်ဆက်နိုင်မဲ့ Interactive Booth Photo Corner နဲ့ ပျော်စရာ Game အစီအစဉ်တွေလဲ ပါဝင်အုံးမှာ ဖြစ်ပါတယ်။
𝐃𝐚𝐭𝐞: 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟗, 𝟐𝟎𝟐𝟔 (𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲)
𝐓𝐢𝐦𝐞: 𝟏𝟐:𝟎𝟎 𝐏𝐌 𝐭𝐨 𝟒:𝟑𝟎 𝐏𝐌
𝐕𝐞𝐧𝐮𝐞: 𝐘𝐒𝐒𝐖 (𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐒𝐨𝐜𝐢𝐚𝐥 𝐖𝐨𝐫𝐤)
Workshop လေးက လူဦးရေ (၄၀) သာ လက်ခံသွားမှာ ဖြစ်တာမို့ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာလေးနဲ့ ချစ်ရသူတွေကို အမှတ်တရ လက်ဆောင်ပေးချင်တဲ့ Hypers🎓 လေးတို့အနေနဲ့ အမြန်ဆုံး Registration ပြုလုပ်ထားဖို့တော့ လိုပါမယ်နော် 💌
Registration Form Link:
https://forms.gle/BRHbpGhwXukLaHXL9
Embroidery ဆိုတဲ့ ပန်းထိုးအနုပညာ အကြောင်းကို နွေးနွေးထွေးထွေး ဆွေးနွေးပေးသွားမဲ့ Guest Speaker တွေကိုလဲ မကြာခင်မှာ ပြောပြပေးသွားမှာမို့ Hypen Org ကို Stay tuned ပါနော် 👀
ချည်မျှင်လေးတွေနဲ့အတူ ကိုယ့်ရဲ့ စိတ်ကူးတွေကို ပုံဖော်ရင်း ချစ်ရသူတွေအတွက် အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်လေးတွေ ဖန်တီးဖို့ Workshop မှာ ဆုံကြရအောင်လား Hypers🎓 လေးတို့ရေ 🎨
🧶𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🧶𝗛𝘆𝗽𝗲𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/hypenedu
🧶𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗔𝗰𝗰
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyPNandShune
#GraphicDesignbyPoepo
#Hypen_Org
#Embroidery
#ချည်တစ်မျှင်စိတ်ကူးတစ်ခု








