ဖက်ဟပ်ရဲ့ ဆောင်းပါးတွေကို ဝဘ်ဆိုဒ်မှာ ဖတ်နိုင်ပြီ” _ _ _ _ _ _ _ Fact… — Fact Hub Myanmar — TG.ME

“ဖက်ဟပ်ရဲ့ ဆောင်းပါးတွေကို ဝဘ်ဆိုဒ်မှာ ဖတ်နိုင်ပြီ”
_ _ _ _ _ _ _

Fact Hub Myanmar ရဲ့ ဝဘ်စာမျက်နှာကို လွန်ခဲ့တဲ့လတွေတုန်းက ပြုပြင်မွမ်းမံခဲ့ပြီး နောက်ပိုင်းထွက်ရှိတဲ့ ဆောင်းပါးအသစ်တွေကိုလဲ ဆိုရှယ်မီဒီယာနဲ့ တစ်ပြေးညီ ဝဘ်ဆိုဒ်ပေါ်မှာ တင်ပေးနေပြီ ဖြစ်ပါတယ်။ လတ်တလောထုတ်ဝေတဲ့ ဆောင်းပါးအသစ်တွေတင်မကဘဲ ဟိုးအရင် ၂ နှစ်၊ ၃ နှစ်က တင်ခဲ့တဲ့ ဆောင်းပါးဟောင်းတွေကိုလဲ တစ်စုတစ်စည်းတည်း ပြန်တင်ပေးထားပါပြီ။ 

ဒီတစ်ခေါက် ပြန်လည်ပြုပြင်ထားတဲ့ ဝဘ်ဆိုဒ်မှာ စာဖတ်ရတဲ့ အတွေ့အကြုံက ဖေ့ဘွတ်(ခ်)တို့၊ တယ်လီဂရမ်တို့ထက် အများကြီး ပိုအဆင်ပြေပါတယ်။ ဘယ်လို အရာတွေမှာလဲဆိုရင်တော့ ဖက်ဟပ်မြန်မာ စာမူတွေ စထုတ်တဲ့ အချိန်ကနေ ခုချိန်ထိ ထွက်ခဲ့သမျှ စာမူတွေကို ခုနှစ်အလိုက် Archive ထဲမှာ သိမ်းပေးထားတာ၊ ကိုယ်စိတ်ဝင်စားရာ ပညာရပ်နယ်ပယ်အလိုက် ရွေးဖတ်လို့ရတာ၊ စာလုံးအကြီးအသေး လိုသလို အတိုးအချဲ့ လုပ်နိုင်တာ၊ ရုပ်ပုံတွေ၊ ရှင်းလင်းချက်ပြဇယားတွေနဲ့ ဝေဝေဆာဆာ ဖတ်နိုင်တာ၊ အကြောင်းအရာ ဆက်စပ်နေတဲ့ ဆောင်းပါးတွေကို တစ်နေရာတည်းမှာ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက်ဖတ်သွားလို့ရတာ စတဲ့အရာတွေမှာ ပိုပြီးအဆင်ပြေ ချောမွေ့သွားတာပါ။

ခုလို Distraction တွေများတဲ့ ခေတ်ကြီးမှာ စာဖတ်ဖို့ ဆိုရှယ်မီဒီယာကိုပဲ အားကိုးနေအုံးမယ်ဆိုရင် စာဖတ်ဖြစ်အုံးမှာ မဟုတ်ပါဘူး။ ဒါကြောင့် စာဖတ်သူတွေအတွက် Fact Hub Myanmar ရဲ့ ဝဘ်ဆိုဒ်က သိပ္ပံနဲ့ ပညာရပ်ဆိုင်ရာ ဆက်စပ်အကြောင်းအရာတွေကို စိတ်ကြိုက် အေးအေးလူလူ ဖတ်ရှုနိုင်ဖို့ နေရာတစ်ခုအဖြစ် ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။      ။

Fact Hub Myanmar ရဲ့ ဝဘ်ဆိုဒ်လင့်(ခ်)ကို ကွန့်မန့်မှာ တင်ပေးထားပါတယ်။ 

#FactHub #Website #Announcement
❤2
August 21, 2026 171 1