ချိတ်-The Hook: post #188 — TG.ME

ချိတ်-The HookPhoto
“𝐄𝐱𝐭𝐫𝐚𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫𝐬 တွေရဲ့ အရေးပါပုံ အဖုံဖုံ”

အထက်တန်းပြီးလို့ Universities တွေကို ဆက်ကူးတဲ့အခါ US ကကျောင်းတွေ လျှောက်မယ်လို့ စိတ်ကူးထားတယ်ဆိုရင် အားလုံးသိထားကြတဲ့အတိုင်းပဲ သူတို့တွေ ကျင့်သုံးတဲ့ Admission Process က Holistic Review System ဖြစ်တာကြောင့်မလို့ Extracurricular activities တွေက အရေးကြီးတဲ့ကဏ္ဍမှာ ပါနေတယ်လို့ ပြောရပါမယ်။

👩🏻‍🎓 အကယ်၍ Extracurricular တွေက Academic နဲ့မှ မဆိုင်တာ တကယ်ရော လိုတာဟုတ်ရဲ့လားလို့ မေးလာတဲ့အခါ….

တကယ်သေချာပေါက် လိုအပ်ပြီး အရေးကြီးတယ်လို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုရင် အပေါ်မှာပြောသွားခဲ့သလိုပဲ Holistic Review သည် ကျောင်းသားတစ်ယောက်ရဲ့ စာတော်၊ မတော်ဆိုတဲ့ Academic ကိုတင် တိုင်းတာ တာမဟုတ်ဘဲနဲ့ ရှုထောင့်မျိုးစုံကနေပြီး ကျောင်းသားကို အဆင့်ဆင့် အကဲဖြတ်ပြီးမှ ဝင်ခွင့်လက်ခံတဲ့ System မျိုးဖြစ်ပါတယ်။

ဥပမာ - 4.0 GPA ရှိပြီး Extracurricular ပိုင်းမှာ တစ်ခုမှ ပြစရာမရှိတဲ့ ကျောင်းသားတစ်ယောက်နဲ့ 3.8 GPA ပဲရှိပေမယ့် Academic ပိုင်းအပြင် သင်ရိုးပြင်ပလုပ်ငန်းတွေမှာပါ တက်ကြွတဲ့ကျောင်းသား ယှဉ်လာခဲ့တဲ့အခါ ဒုတိယကျောင်းသားက ပိုပြီးအရွေးခံရဖို့ အခွင့်အလမ်းများပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Balanced View နဲ့ကြည့်တာကြောင့် ကိုယ်က Curriculum အရ တော်တဲ့သူတင်မကဘဲ Extracurricular တွေမှာပါ ဒီလို Potential ရှိတဲ့သူတစ်ယောက်ပါဆိုပြီး ကျောင်းတွေကို မီးမောင်းထိုးပြနိုင်မှ “ဝိုး ကနဲ ဝါးကနဲ” Admission Team ဘက်ကနေ သဘောတွေကျသွားမှာပဲ ဖြစ်ပါတယ်။

Extracurriculars ထဲမှာ ဘာတွေပါသလဲ..❓

ECs မှာ ဘာတွေပါသလဲဆိုရင် အကြမ်းဖျင်းအားဖြင့် Sports, Clubs Participation, Volunteering တွေ နောက်ပြီး ကိုယ့်ရဲ့ ဝါသနာထုံတဲ့ Activities လုပ်တာတွေပါဝင်ပြီးတော့ Exchange Program Join တာတွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။ ကျောင်းတွေက ဒါတွေကို ဘာလို့ အရေးကြီးတယ်လို့ သတ်မှတ်ရသလဲဆိုရင် ကျောင်းသားတစ်ယောက် ပါဝင်ထားတဲ့ သို့မဟုတ် လုပ်ထားတဲ့ ECs ပေါ်မှာ မူတည်ပြီးတော့ ဒီကျောင်းသားက ဘယ်လို Passion တွေရှိသလဲ၊ သူ့ရဲ့ Interest ကရောဘာလဲနဲ့ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် ရှိထားသင့်တဲ့ Teamwork/ Leadership skills တွေရှိသလားဆိုတာကို ဆန်းစစ်တာပဲဖြစ်ပါတယ်။

Extracurricular Categories ထဲက မြန်မာကျောင်းသားတွေနဲ့ မစိမ်းဘဲ အကျွမ်းတဝင်အဖြစ်ဆုံးက ဘာလဲဆိုတာကို လက်ညှိုးထိုးပြရင် Volunteering ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ ဆိုတော့ ကိုယ်က ဘယ်လိုနေရာမျိုး ဘယ်လို Organization မျိုးမှာ Volunteer လုပ်မလဲဆိုတာကလည်း နောက်ဆက်တွဲ တွေးစရာတစ်ခုဖြစ်လာပါတယ်။

🌱 Volunteering အတွက် မသိမဖြစ် ဆေးတစ်မြစ်

အဲ့ဆေးမြစ်က တခြားတော့ မဟုတ်ပါဘူး “ကိုယ့်ရဲ့ Interest က ဘာလဲဆိုတာနဲ့ အဲ့ဒီစံနှုန်းနဲ့ကိုက်ညီတဲ့ Organization တစ်ခုကို ရှာနိုင်စွမ်း” လို့ပြောရပါမယ်။

“Scholarship လျှောက်ရင် Volunteering Proof ပြရမှဖြစ်မယ် ဒါကြောင့် ကြုံရာမှာ ဝင်လုပ်လိုက်မယ်” ဆိုတာထက် ကိုယ်က ဘယ်လိုအပိုင်းမှာ စိတ်ဝင်စားသလဲ.. ဥပမာ SDG Goals တွေထဲက Goals အချို့ဖြစ်တဲ့ “Quality Education” ကို စိတ်ဝင်စားသလား၊ ကျားမတန်းတူ အခွင့်အရေးရဖို့ စိတ်အားထက်သန်လား၊ ဒါမှမဟုတ် Social Justices ပိုင်းမှာ Advocate လုပ်ချင်သလား စတဲ့စတဲ့ မေးခွန်းအမြောက်အမြားမေးပြီး ကိုယ့်ကိုယ်ကိုယ်အရင် ဆန်းစစ်ရပါမယ်။ နောက်ဆုံး ကိုယ်ဘာစိတ်ဝင်စားသလဲဆိုတာကို သိရင်တော့ သက်ဆိုင်ရာ Non-Profit Organization တွေမှာဝင်လုပ်လို့ရသလို၊ ကိုယ်တိုင်လည်း Passionate တအားဖြစ်တဲ့ Project Idea တစ်ခုရှိခဲ့မယ်ဆိုရင်လည်း ကိုယ်တိုင် Lead လုပ်ပြီး Leadership Skills တွေ ထုတ်ပြလို့ရပါသေးတယ်။

ECs တွေကို အထာကျကျ ရွေးကြမယ်‼️

ဘယ် Extracurriculars တွေကို လုပ်သင့်သလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် “Hobbies, Experiences, Values” ဆိုတဲ့ ဒီညီနောင်သုံးဖော်ထဲကနေပြီး အထာကျကျ ရွေးထုတ်တတ်ဖို့ပဲလိုပါတယ်။

‣ Hobbies မှာဆိုရင် ကိုယ်အားရင်အားသလို လုပ်ဖြစ်တဲ့၊ သဘောကျတဲ့ Activities တွေကိုလည်း ရွေးလို့ရသလို (eg- Drawing, Swimming..)
‣ ကိုယ့်မှာတော့ ဒီလို Experience တွေရှိပါတယ်ဆိုပြီး ချပြဖို့အတွက် ပြိုင်ပွဲအမျိုးမျိုးတွေမှာ ကိုယ်ကျွမ်းကျင်ရာအလိုက် ဝင်ပြိုင်လို့ရပါတယ် (Maths Olympiads, Debate Competitions..)
‣ နောက်ဆုံးတစ်ခုဖြစ်တဲ့ Value မှာတော့ အနီးစပ်ဆုံးပြောရရင် ကိုယ် လျှောက်မယ့် Major နဲ့အသက်ဆိုင်ဆုံးဖြစ်တဲ့ Activity/ Field ကိုရွေးရင် ပိုပြီးတော့ အဆင်ပြေတယ် ပြောရပါမယ်။

ဥပမာ ချိတ်ရဲ့ Admission Advisor တစ်ဦးဖြစ်တဲ့ အစ်မ Wendy ဆိုရင် Brown University မှာ Neuroscience & Public Health Faculty ကိုလျှောက်ဖို့အတွက် Oxford က Professor တစ်ယောက်နဲ့ ရေးခဲ့တဲ့ Maternal Healthcare Research Paper တွေအပြင် Clinical Hours တွေကိုပါ ကျောင်းလျှောက်တဲ့နေရာမှာ တင်ပြခဲ့ပါတယ်။ ဒါမှသာ ကျောင်းဘက်ကနေပြီး ကိုယ်က လျှောက်တဲ့မေဂျာနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် Passionate ဖြစ်သလဲဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။
ကဲ..
❤7💘3👍1
August 12, 2024 1.1K 6