Scholar Scholar ဆိုပြီး Demand အရမ်းများတဲ့ ခေတ်ကာလကြီးမှာ ကျောင်းလျှောက်ဖို့ရာအတွက် ကိုယ်ရေးလိုက်တဲ့ Essay က ဖတ်တဲ့ Admission Team ရဲ့ ရင်ထဲအသည်းထဲကို တကယ်ရောက်ပြီး Effective ဖြစ်၊ မဖြစ်ဆိုတာကို 100% သေချာပြီလား။ 🫵🏻 ခုထိဘယ်လိုဘယ်ပုံရေးရမလဲဆိုတာကို ထဲထဲဝင်ဝင် မသိသေးဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ချိတ်လေးကို 🪝 ယုံကြည်ကိုးစားလိုက်ပါခင်ဗျာ။ အခုတစ်ခေါက်ကတော့ US ကကျောင်းတွေကို လျှောက်တဲ့အခါမှာ ရေးရလေ့ရှိတဲ့ Common App Essay နဲ့ အခြား Supplemental Essays တွေကို ဘယ်လိုစာလုံးတွေသုံးပြီး ဘယ်လို Method, ဘယ်လို Tone နဲ့ရေးသင့်သလဲကို ပြောပြသွားပါမယ်။
ဆိုတော့ အရင်ဆုံး Tone ဆိုတာက ဘာကြီးလဲ❓❓
အနီးစပ်ဆုံး မြင်သာအောင် ပြောရရင်တော့ ကိုယ့်အမေက ဆူတဲ့အခါမှာ ပြောတဲ့လေသံနဲ့ အမေစိတ်ကြည်နေတဲ့အခါမှာ ချိုချိုသာသာ ပြောတဲ့လေသံနှစ်ခု မတူသလိုပဲ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ သူတို့ရဲ့ သုံးလာတဲ့စကားလုံးအနေအထားနဲ့ လေသံကို ကြည့်ပြီး ရွဲ့ပြောတာလား၊ ဝမ်းနည်းနေတာလား၊ အတည်ပြောနေတာလား စသဖြင့် Tone အမျိုးမျိုးကို ခန့်မှန်းလို့ရပါတယ်။
ဒါဆိုရင် Essay ရေးတာက အပြင်မှာပြောသလို အသံကြားရတာမဟုတ်တဲ့အတွက်ကြောင့် Tone ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။🤷🏻♀️ မပူပါနဲ့ ဟောသည်က Tips တွေအတိုင်း တစ်ဆင့်ချင်းစီ ရေးကြည့်ဖို့ အကြံပြုချင်ပါတယ်။
🪝 College Essay က Academic Writing လည်း မဟုတ်သလို ကိုယ့်ရဲ့ အကြောင်း၊ Achievements တွေကိုချည်း သက်သက် List လုပ်ပြီး ရေးပြရတဲ့ Report Writing လည်း မဟုတ်ပြန်ပါဘူး။ ကိုယ်နဲ့ ကိုယ့် Essay ကို Review လုပ်မယ့် Admission Officers တွေကြားကို ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ တံတားကိုဖြတ်နေရင်း ကျိုးမကျရလေအောင် Dos and Don’ts တွေပါ သေချာမှတ်ထားတော့ဗျို့။
🪝 Essay ရေးတဲ့အခါမှာ ကိုယ်က တိုက်ရိုက်ပြောပြပေးနေသလို ဖြစ်ရမှာမလို့ အတတ်နိုင်ဆုံး Active voice နဲ့ရေးပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ဘာကိုဆိုလိုချင်သလဲ၊ Application ဖြည့်တဲ့အခါမှာ မပြောပြလိုက်ရတဲ့ (ဥပမာ - Personal Info ဖြည့်တဲ့အခါမှာ ကိုယ်ကဘယ်လိုလူမျိုးဆိုတာကို မြင်သာအောင်ပြဖို့ရာ မလွယ်ကူတဲ့အခြေအနေမျိုးတို့မှာ) ကိုယ့်ရဲ့ Personality ကို Essay ကနေတစ်ဆင့် ပုံဖော်ပြသလို့ရပါတယ်။
🪝 အဲ့လို ဖော်ပြတဲ့အခါမှာလည်း ကျွန်တော်ကတော့ ဒီလိုအရည်အသွေးတွေ ရှိတဲ့ ကျောင်းသားတစ်ယောက်ပါ၊ ဒီလိုလူမျိုးပါဆိုပြီး တုံးတိကြီးပြောလိုက်တာထက် ကိုယ်ပြောချင်တာနဲ့ဆက်နွယ်နေတဲ့ Real Life Example တစ်ခုခုကို စဉ်းစားပြီးနှိုင်းယှဉ်ပြလိုက်တာက ပိုပြီးသင့်တော်ပါတယ်။ ကိုယ်ပြောချင်တဲ့ အဆိုတစ်ခု၊ အကြောင်းအရာတစ်ခုကို နောက်ကနေ Back-up လုပ်ပေးတဲ့ Reason/ Example ထည့်လိုက်တဲ့သဘောမျိုးမလို့ ကွက်တိအံကိုက်ပါပဲ။
🪝 နောက်တစ်ခုကတော့ ကိုယ်ရေးနေတဲ့ Essay ထဲမှာ ကိုယ့်ရဲ့ Emotions တွေကို ပစ်သွင်းပြီး စီးမြောလိုက်ပါ။ ဟာသမဟုတ်ပါဘူး အတည်ပြောတာပါ။ ဒီလိုပြောလို့ ဒရမ်မာချိုးရမှာလား ဘာညာဆိုရင် နိုးပါလို့ပြောပါရစေ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ထည့်ခိုင်းတာသည် သနားအောင်လုပ်ပြတာမဟုတ်ပါဘူး Funny ဖြစ်တာတွေ Heartwarming ဖြစ်စေတဲ့အခိုက်အတန့်တွေကို ထည့်ရေးတာအပြင် တခြားတခြားသော ခံစားချက်တွေကို ကိုယ့်ရဲ့အစစ်အမှန်အတိုင်း ဖတ်ရတဲ့သူပါ လိုက်ပြီးမြောပါနိုင်အောင် ရေးခိုင်းတာပဲ ဖြစ်ပါတယ်။
♦️ တစ်ခုသတိထားရမှာကတော့ Word Limit နဲ့ Essay တွေရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ်ပြောချင်တာတွေ များကောင်းများနေနိုင်သော်လည်းပဲ ဘောင်ထဲ အကန့်ထဲမှာပဲပြောရတာကို သတိထားစေချင်ပါတယ်။ ဒါကြောင့် ပြောချင်တာတွေများပြီး အကြောင်းအရာတွေကို ပေါင်းစုံ ပစ်သွင်းပြီး ရေးတာထက် တစ်ခုကိုပဲအာရုံထားပြီး ဖတ်တဲ့သူ Lost ဖြစ်မသွားအောင် ခေါင်းရှုပ်မသွားအောင် ကြိုးထုံးကို တစ်မျှင်ချင်း ဖြည်ချသလို ရှင်းရှင်းလင်းလင်းရေးရပါမယ်။ Word Count မပြည့်ခဲ့ရင်လည်း မပြည့်ပြည့်အောင်ဆိုပြီး ကြုံရာ တွေးမိရာရာတွေ ကောက်ထည့်တာတွေလည်း ရှောင်ရပါမယ်။ ကိုယ်ရေးလိုက်တဲ့ Sentence တိုင်း Word တိုင်းသည် ဝင်ခွင့်ရ၊မရဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားနိုင်ပါတယ်။
အပေါ်မှာ DOs တွေပြောပြီးသွားပြီဆိုတော့ ဘယ်အချက်တွေကို သတိထားပြီး ရှောင်ရမလဲ။🙅🏻♀️
➥ အစပိုင်းမှာ ပြောသွားခဲ့သလိုပဲ အက်ဆေးက ပုံမှန် Academic Writing တွေလို မဟုတ်တဲ့အတွက်ကြောင့် Formal မဖြစ်အောင် လုံးဝ လုံးဝ သတိထားရပါမယ်။ အဲ့အစား Conversational Tone အတိုင်း အချင်းချင်းစကားပြောနေသလို Respect ရှိရှိ တစ်ချိန်တည်းမှာပဲ Relaxed ဖြစ်ဖြစ်နဲ့ ပြောပြရပါမယ်။ နောက်ပြီး စာရေးဆရာတွေ သုံးနေကြ Method အတိုင်း ကိုယ်ကချည်း ပြောသွားရသလို မဟုတ်ဘဲ ကိုယ့်ရဲ့ စာကိုဖတ်တဲ့သူပါ Engaged ဖြစ်အောင်၊ ဦးနှောက်ကို အလုပ်တစ်ခုပေးလိုက်သလိုဖြစ်ပြီး ပိုစိတ်ဝင်စားသွားအောင် Rhetorical Questions ❓လေးတွေပါ ထည့်ရေးလို့ရပါတယ်။
6
1
1December 11, 2024 1.7K 14