ချိတ်-The Hook: post #194 — TG.ME

ချိတ်-The HookPhoto
နိုင်ငံတကာ International School တွေမှာပညာသင်ဆုနဲ့ အထက်တန်းတက်ဖို့ မျှဝေပေးမယ့် “High School Scholarships : A Stepping Stone” 💌

အားလုံးပဲ ချိတ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ ချိတ်ကနေပြီး စိတ်လှုပ်ရှားစရာ ပရိုဂရမ်အသစ်လေး တစ်ခုကို ယူဆောင်လာပါပြီ။ 🥳

အထက်တန်းကျောင်းသားတွေ အတွက်ရည်ရွယ်ပြီးတော့ A Stepping Stone လို့အမည်ပေးထားတဲ့ Webinar Series လေးကို မိတ်ဆက်ပေးပါရစေ။ နိုင်ငံတကာ ပညာရေးလမ်းကြောင်းရဲ့ လမ်းစအဖြစ် ပထမဆုံး ခြေလှမ်း လှမ်းနိုင်ဖို့ရာ Fully Funded ပညာသင်ဆုတွေပေးတဲ့ High School Scholarships တွေ အကြောင်းကို လက်ရှိ ကမ္ဘာ အနှံ့က High School တွေမှာ Scholarship နဲ့ ပညာသင်ကြားနေကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေကနေပြီး Sharing လုပ်ပေးသွားမယ့် Webinar Series လေး‌ဖြစ်ပါတယ်။ ဒီ Webinar Series မှာဆိုရင် High School Scholarships တစ်ခုချင်းစီရဲ့ Requirement တွေ၊ Application Process တွေနဲ့ အတူ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

💌 A Stepping Stone Series လေးမှာ ဆိုရင် Webinar သုံးခု ပါရှိမှာဖြစ်ပါတယ်။

Day 1: AISL Harrow Scholarship
Day 2: United World College Scholarship
Day 3: ASEAN Scholarship

🔹Day 1 (November 15) မှာတော့ Harrow International School Bangkok မှာ A-level သင်ကြားနေတဲ့ Ko Swan Tayza Aung (Class of 2025) ကနေပြီး AISL Harrow Scholarship အကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။

🔹Day 2 (November 16) မှာတော့ United World College Scholarship ရရှိထားတဲ့ Ma Yoon Ei Ko Ko (UWC Mahindra College ’25) နဲ့ Ma Hema Lian Duh Kip Tial (UWC Atlantic College ’26) တို့ကနေပြီး UWC Experience နဲ့ IB Program အတွေ့ အကြုံတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

🔹 Day 3 (November 17) မှာတော့ စင်ကာပူပညာရေး၀န်ကြီး ဌာနက ပေးအပ်တဲ့ အထက်တန်းပညာသင်ဆုဖြစ်တဲ့ ASEAN Scholarship အကြောင်းကို Arnt Hume Ti Kyi (Raffles Institution ’27) ကနေပြီး စင်ကာပူက အထက်တန်းကျောင်းအတွေ့အကြုံကို ပြောပြပေးမှာ ဖြစ်ပါတယ်။

Register here: https://docs.google.com/forms/d/e/1FAIpQLSeB6Z0UMMzcyUNRvVDYB5KW6lIZhLt48gWtN9nfl4no6aTd9w/viewform?usp=pp_url

💌 Speaker တစ်ယောက်ချင်းစီရဲ့ Profile ကို အောက်ပါ ပိုစ့်တွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။

Content - Yoon Ei Ko Ko
Graphics - Wine Zin Moe
Google Docs
High School Scholarships : A Stepping Stone
You are registering for "High School Scholarships : A Stepping Stone" Date : November 15th - AISL Harrow Scholarship November 16th - UWC Scholarship November 17th - ASEAN Scholarship Time : 7:00 PM (MMT)
❤11👍2❤‍🔥1
November 12, 2024 1.5K 4 4