➥ Admisson ဘက်ကနေ “ဟာ ဒီကျောင်းသားက အရမ်းတော်တာပဲ ဝင်ခွင့်ပေးလိုက်မယ်”လို့ စဉ်းစားမှာပဲဆိုပြီး ကိုယ့်ရဲ့ Past Achievements တွေကိုချည်း တသီတတန်းကြီး ဖော်ပြဖို့ စိတ်ကူးထားတယ်ဆိုရင်ကတော့ ဒီနေရာမှာပဲ ရပ်လိုက်ပါတော့ မိတ်ဆွေ။ Accomplishment တွေကို List လုပ်တာက ဦးစားပေးရွေးချယ်ခံရမယ်ဆိုပြီး တပ်အပ်ပြောမရတဲ့အပြင် ကြွားဝါသလိုပါ ဖြစ်နိုင်တာမလို့ ဖတ်တဲ့သူအပေါ် အခန့်မသင့်ရင် မျက်စိဆံပင်မွေးစူးသွားနိုင်စေပါတယ်။🙍🏻♀️
➥ အခုခေတ်စကားနဲ့ပြောရရင်တော့ နောက်တစ်ချက်က “ပန်းနုမသွေးပါနဲ့”။ ကိုယ်ကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ ဘယ်လောက်တောင် ပင်ပန်း ကျော်ဖြတ်ခဲ့ရတာတွေကို ပြောပြချင်တာ မှန်ပေမယ့်လို့ အဲ့အတွက်ပဲ အကြောင်းအရာအရှည်ကြီး ဆွဲရေးတာမျိုးကိုရှောင်ရပါမယ်။ အဲ့အစား ကိုယ်ဘယ်လို ပင်ပန်းခဲ့ရသလဲဆိုတာတွေကို တိုတိုနဲ့ ထိထိမိမိဖော်ပြပြီး အဲ့ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်ခဲ့သလဲ၊ ဒါကြောင့်မလို့ အခုလိုမျိုး ပိုကောင်းတဲ့သူ ဖြစ်လာရပါတယ်ဆိုတာကို Tragic ဖြစ်စရာကောင်းတဲ့ အားနည်းချက်ကနေ အားသာချက်ရောက်အောင် ပြောင်းပြန်လှန်ပစ်နိုင်ရပါမယ်။
➥ တစ်ချိန်တည်းမှာပဲ Self-Reflection မရှိတာမျိုးကို အဲ့သဘောမျိုးရောက်စေတဲ့ အရေးအသားမျိုးကို ရှောင်သင့်ပါတယ်။ ❗အရည်အချင်းရှိတဲ့ကျောင်းသားဟာ အမြဲလိုလို ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ဘယ်နေရာမှာ တိုးတက်အောင်လုပ်ရမလဲ၊ ဘယ်အမှားတွေကနေ Reflect လုပ်ပြီး ပြန်သင်ယူနိုင်မလဲဆိုတာကို တွေးတောနေတာဖြစ်လို့ ကိုယ်က အဲ့လိုမဟုတ်ဘူးဆိုရင် Impression ကျသွားနိုင်စေပါတယ်။
➥ နောက်ဆုံးအချက်ကတော့ Controversial Topics တွေဖြစ်တဲ့ Politics တို့ Religion တို့ အကြောင်းကို ပုံမှန်ထက်ပိုရေးတာတွေကို သတိထားရပါမယ်။ မရေးရဘူးဆိုပြီး ကန့်သတ်ထားတာမရှိပေမယ့် အပေါ်က ကိုယ့် Struggles တွေကိုချည်း အက်ဆေးတစ်ပုဒ်ထဲမှာ အကုန်စုရေးပြသွားတာမျိုး မလုပ်ခိုင်းသလိုပဲ အခုမှာလည်း ဒီအကြောင်းအရာတွေချည်း တစ်ခုတည်းမှာ ပြုံရေးလိုက်တာက သတိထားရမယ့်အချက်မလို့ တတ်နိုင်သလို ဉာဏ်ကိုလွှာပြီး ဒါဆိုရင် ဘယ်လိုအရေးကြီးတဲ့ အချက်လေးတွေပဲ ထည့်မယ်ဆိုတဲ့ Key Information လေး သက်သက်ရေးမှတ်ထားပြီးမှ Essay ကို Plot ချသင့်ပါတယ်။
ကဲ.. ဒါဆိုရင် ဘာတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတဲ့အချက်တွေအပြင် ဘယ်လိုမျိုးလေးတော့ ရေးလို့ရမလဲဆိုတဲ့ အကြံဉာဏ်တွေပါ တစ်ပါတည်း ပေးလိုက်တာမလို့ Essay ရေးတဲ့အခါမှာ Easy Peasy နဲ့ Slay နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🤹🏻♀️ May y’all get admitted to the ones you are hoping for!
Content Writer - Wai Hnin Paing
Graphic Designer - Wine Zin Moe
Chate Your Dreams
ချိတ်- The Hook
31
3
1
1December 11, 2024 2.4K 75 19