ဒီ Section မှာတော့ ကိုယ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ (ဥပမာ ကား၊ အိမ်၊ ငွေကြေးစုဆောင်းမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ) စတဲ့ အချက်တွေကို ဖော်ပြဖို့လိုပါတယ်။ တကယ်လို့ရှိခဲ့တယ်ဆိုရင် ကားနဲ့ အိမ်တွေကို ဖော်ပြတဲ့အခါ အဲ့တာတွေရဲ့ လက်ရှိပေါက်ဈေး၊ အရင်ကဝယ်ထားတဲ့ဈေးနှုန်း၊ ဝယ်ယူခဲ့တဲ့နှစ်နဲ့ ပေါင်နှံမှု အချက်အလက်တွေကိုပါ ထပ်ဆောင်းဖြည့်စွက်ပေးရပါမယ်။ တကယ်လို့ ကိုယ်က ဈေးနှုန်းတွေ အတိအကျမမှတ်မိတော့ရင်လည်း အဲ့တာတွေရဲ့ Estimated Price ကို အကြမ်းဖျင်း ရေးပေးလိုက်လို့ရပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်ရဲ့ နေထိုင်စားသောက်စရိတ်ကို အသေးစိတ်ဖော်ပြရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ မိသားစုဝင်အရေအတွက်နဲ့ ကိုယ့်မှာနောက်ထပ် မောင်နှမရှိ၊မရှိကို မေးပါတယ်။ တကယ်လို့ရှိခဲ့တယ်ဆိုရင် သူတို့လည်း လက်ရှိမှာ ကျောင်းတက်နေလားထပ်မံမေးသေးတာမလို့ ကိုယ့်မောင်နှမရဲ့ လက်ရှိပေးရတဲ့ကျောင်းလခနဲ့ ကျောင်းပြီးတဲ့နှစ်အထိ ပေးရမယ့် ကျောင်းစရိတ်စက အကုန်လုံးကို ရေးပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Medical Expenses, Electricity Bill, Transportation စတဲ့ အပိုကုန်ကျစရိတ်တွေကိုပါ အသေးစိတ်တွက်ချက်ပေးရပါမယ်။ ဘာလို့အဲ့တာတွေကအစ မေးနေရသလဲဆိုရင်တော့ ကိုယ့်မိသားစုရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆကြည့်ပြီး ကိုယ်ကျောင်းတက်ဖို့အတွက် ဘယ်လောက်ထောက်ပံ့နိုင်မလဲဆိုတာကို မှန်းဆကြည့်ဖို့ပဲ ဖြစ်ပါတယ်။
𝟱. 𝗢𝘁𝗵𝗲𝗿 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻
နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ဖို့လိုသေးလဲဆိုရင်
➔ ကျောင်းသားရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြရတဲ့အချက်တွေ (ဒီနေရာမှာ ကိုယ်က Income မရှိသေးဘူးဆိုရင်လည်း Zero လို့ဖြည့်လို့ရပါတယ်)
➔ ကိုယ့်မိဘ/ အိမ်ရဲ့ Financial Stablity အခြေအနေကို Impact ဖြစ်တဲ့အချက်တွေနဲ့ တကယ်လို့ မိဘတွေက သူတို့ရဲ့မိသားစုထဲက တခြားအမျိုးတွေကို ထောက်ပံ့ပေးနေရတဲ့ အခြေအနေတွေ ရှိလားဆိုတဲ့အချက်တွေ
➔ CSS profile ကို submit တဲ့အခါမှာ Common App လိုကျောင်းအားလုံးပေါင်းအတွက် Cover ဖြစ်တဲ့ General Questions တွေအပြင် ကျောင်းတစ်ကျောင်းစီက သီးသန့်မေးတဲ့ မေးခွန်းတွေကို ဖြေရတဲ့ Section အပြင်
➔ “Expected Family Contribution” လို့ခေါ်တဲ့အပိုင်းမှာ ကိုယ်က ဒါမှမဟုတ် မိဘတွေက ကျောင်းရဲ့ Tuition Fee အတွက် ဘယ်လောက်ထောက်ပံ့နိုင်တယ်၊ ပိုက်ဆံ ဘယ် Amount ထိတော့ ပေးပါမယ်ဆိုတာကို ဖြည့်ရမယ့်အချက်တွေ ပါပါတယ်။ သတိထားစရာတစ်ခုကတော့ ကိုယ်ဖြည့်လိုက်တဲ့ Amount နဲ့ ကျောင်းက Application ကို Review ပြီးလို့ ဒီလောက်ပေးပါလို့ သတ်မှတ်လိုက်တဲ့ Amount နဲ့က အမြဲတမ်းထပ်တူကျမနေနိုင်ဘူးဆိုတာကိုတော့ သိထားရပါမယ်။
(အရှင်းဆုံးပြောရရင်တော့ ကိုယ်က $1000 ပဲတတ်နိုင်ပါတယ်လို့ပြောထားပေမယ့် ပေးရမယ့် Tution Fee က အဲ့အောက်လည်း နည်းနေနိုင်သလို အဲ့ထက်ပိုပေးရတဲ့ အခြေအနေတွေလည်း ရှိတာကြောင့်မလို့ သူတို့ရဲ့ Decision နဲ့ပဲဆိုင်ပါတယ်။)
🥇 Scholar မှ Scholar ဆိုပြီး တောင့်တနေသူတွေအတွက် Up to 100% အထိ Financial Aid ရတာဟာဘဝမှာ ထီအကြီးကြီးပေါက်သလိုပါပဲ။ ဒါကြောင့် ကိုယ်လည်း အဲ့လို ထီပေါက်သူတွေထဲက တစ်ယောက်ဖြစ်နိုင်အောင် ကျောင်းလျှောက်ဖို့ လိုအပ်တဲ့အကြောင်းတွေကို “ချိတ်” က အဆင်သင့်ရှာဖွေရေးထားပြီးသားမလို့ အခုကတည်းက တစ်ခုချင်းစီ နှံ့နှံ့စပ်စပ်လေ့လာထားလိုက်ကြပါတော့ရှင်။
( စကားချပ် ။ ရှေ့ဆက်လျှောက်မှာ ကျောင်းသားတွေအနေနဲ့ ကျောင်းလျှောက်ခြင်းနှင့်ပတ်သက်ပြီး ချိတ် ကိုတောင်းဆိုအကြုံပြုလိုတဲ့ Content တွေများရှိလျှင် အောက်ပါဖောင်မှတစ်ဆင့် တောင်းဆိုနိုင်ပါတယ်။)
https://docs.google.com/forms/d/1Qs7fZk1pNbk91MuTdSbhnhBM4p9-2FFg3G2UF5d3ykE/edit?usp=drivesdk
Chate your dream 🪝
ချိတ် - The Hook
Content- Wai Hnin Paing
Graphics - Thu San Htet
Google Docs
Requested Topics for Upcoming Contents
Dear Readers of ချိတ်-The Hook,
We are thrilled to receive your suggestions and requested topics for our upcoming contents which will allow us to provide more insightful and useful information to you.
Thank you so much for your participations, and we carefully…

10
1August 9, 2024 773 4