ချိတ်-The Hook: post #185 — TG.ME

ချိတ်-The HookPhoto
ငွေရေးကြေးရှင်းတမ်း (ခေါ်) 𝗖𝗦𝗦 𝗣𝗿𝗼𝗳𝗶𝗹𝗲

𝗖𝗦𝗦 𝗣𝗿𝗼𝗳𝗶𝗹𝗲 ဆိုတာဘာလဲ?

အမေရိက က ကျောင်းတွေကို လျှောက်တဲ့အခါ College Application အတွက်ဆိုရင် Common App ကို သတိရဖို့လိုသလို Financial Aid လျှောက်ဖို့ဆိုရင် CSS Profile ကို မေ့ထားလို့မဖြစ်လို့ပါဘူး။🧏🏻‍♀️ ဘာလို့လဲဆိုရင် CSS Profile က Financial Aid လျှောက်ရတဲ့ Platform တစ်ခုဖြစ်ပြီးတော့ ပုံမှန် Application Process ထဲမှာ မပါဘဲ ကျောင်းသားတွေ သီးသန့်လျှောက်ရတာဖြစ်ပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ကျောင်းသားတစ်ယောက်ရနိုင်တဲ့ Financial Aid ပမာဏကွာခြားသွားနိုင်တာမလို့ ကျောင်းလျှောက်မယ့်သူတွေ နှံ့နှံ့စပ်စပ် သိထားဖို့ အရမ်းအရေးကြီးပါတယ်။

ဒါကြောင့် CSS Profile အတွက် Application တင်ဖို့ဆိုရင် အရင်ဆုံး သူ့ရဲ့ Website ကိုသွားပြီး Account ဖွင့်ရပါမယ်။ ချောချောမွေ့မွေ့နဲ့ ဘာအခက်အခဲမှ မရှိဘဲလျှောက်နိုင်ဖို့ဆိုရင် Website ဘယ်လို အလုပ်လုပ်သလဲဆိုတာ ရင်းနှီးထားမှ အဆင်ပြေမှာမလို့ Drop down menus တွေလိုက်နှိပ်ကြည့်ပြီး ကလိလို့ရပါတယ်။👩🏻‍🔧 Financial Aid Application Form တင်တဲ့အခါ ပထမဆုံးကျောင်းအတွက် $25 ကုန်ကျမှာဖြစ်ပြီးတော့ နောက်ထပ်လျှောက်တဲ့ Additional ကျောင်းတွေအတွက်တော့ $16 ပဲ ကျသင့်မှာဖြစ်ပါတယ်။ Website မှာပါတဲ့ Section headings တွေက တစ်နှစ်နဲ့တစ်နှစ် ကွာခြားနိုင်ပေမယ့်လို့ လိုအပ်တဲ့အဓိက Key Information ကတော့ အတူတူပါပဲ။ အဲ့တာတွေကတော့…

𝟭. 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 (& 𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁𝘀)

Personal Information မှာတော့ ပုံမှန်ဖြည့်နေကြအတိုင်းပဲ ကိုယ့်ရဲ့ နာမည်၊ မွေးနေ့၊ Contact Info နဲ့ Citizenship စတာတွေကို ဖြည့်စွက်ပေးရပါမယ်။ နောက်ထပ် ကိုယ့်မိဘတွေရဲ့ Martial Status (ဥပမာ အုပ်ထိန်းသူ တစ်ယောက်ရှိပဲသလား၊ နှစ်ယောက်လုံးရှိသလား) စတာကိုလည်းဖြည့်ပေးရပါမယ်။ ဒါမှသာ ကိုယ့်ရဲ့ Financial Support အခြေအနေကို သိစေဖို့ဖြစ်ပါတယ်။

𝟮. 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 (& 𝗖𝘂𝗿𝗿𝗲𝗻𝗰𝘆)

ကိုယ်နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းရဲ့ အချက်လက်တွေကို ဖြည့်ပေးတဲ့အခါမှာ တကယ်လို့ ကျောင်းရဲ့နာမည်က Options ထဲမှာ မပါခဲ့ဘူးဆိုရင် ကိုယ်တိုင် ကျောင်းရဲ့ နာမည်နဲ့ Address ကို ရိုက်ထည့်ပေးလို့ရပါတယ်။ ပြီးတဲ့အခါ ကိုယ် Financial Aid လျှောက်ချင်တဲ့၊ လျှောက်မယ့်ကျောင်းတွေကို ရွေးထားရပါမယ်။ ရွေးတဲ့အခါမှာလည်း ကိုယ်ရွေးလိုက်တဲ့ကျောင်းတွေက Aid ပေးမပေးဆိုတာကို Website မှာ Information တွေ တစ်ခါတည်း Check လို့ရပါတယ်။ အဲ့ဒါတွေအကုန်လုပ်ပြီးရင်တော့ နောက်ဆုံးအနေနဲ့ ကိုယ့်နိုင်ငံရဲ့ Currency (ကျပ်) ကိုရွေးရပါမယ်။ တခြား Monetary Information တို့လို ငွေကြေးအချက်အလက် ဖြည့်ရတဲ့ကိစ္စတွေမှာဆိုရင်လည်း ကိုယ့် Currency နဲ့ပဲ ဖြည့်ရတာဖြစ်ပါတယ်။

𝟯. 𝗣𝗮𝗿𝗲𝗻𝘁𝘀’ 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻, 𝗧𝗮𝘅 𝗗𝗲𝘁𝗮𝗶𝗹𝘀

ဒီ Section မှာတော့ အခွန်ဆောင်ရတာတွေနဲ့ မိဘတွေရဲ့ ဝင်ငွေအသေးစိတ်ကို ဖြည့်ပေးရတာပဲဖြစ်ပါတယ်။

𝗧𝗮𝘅 𝗥𝗲𝘁𝘂𝗿𝗻𝘀 —------> Tax Returns ကတော့ မိဘတွေက သူတို့ရဲ့ ဝင်ငွေထဲကနေဖဲ့ပြီး အခွန်မှန်မှန်ဆောင်တယ်၊ မဆောင်ဘူးဆိုတာကို သက်သေအနေနဲ့ ပြနိုင်မယ့်အရာဖြစ်ပြီးတော့ လွန်ခဲ့တဲ့၂နှစ်ကနေ အခုလက်ရှိအချိန်အထိ ပေးဆောင်လာခဲ့ရသမျှ အခွန်မှတ်တမ်းအကုန်ကို ပြောပြဖို့လိုပါတယ်။ ကိုယ်က တကယ်လို့ အပေါ်က Personal Information မှာ “အုပ်ထိန်းသူနှစ်ယောက် ရှိပါတယ်” လို့ဖြည့်ခဲ့ပြီးတော့ တကယ်လို့ တစ်ယောက်က လက်ရှိမှာ အလုပ်မလုပ်နေဘူးဆိုရင် “အခွန်ဆောင်စရာမလိုတဲ့အတွက်ကြောင့် အခွန်မဆောင်ပါ” ဆိုတဲ့အချက်ကို ရွေးလို့ရပါတယ်။ ဒါဆိုရင် ကျန်ရှိနေတဲ့ အုပ်ထိန်းသူတစ်ယောက်တည်းရဲ့ အခွန်ဆောင်တဲ့အချက်အလက်တွေပဲ ဖြည့်ပေးရတော့မှာပါ။ နောက်ဆုံးမှာတော့ အခုအချိန်ထိ အခွန်ဆောင်ခဲ့တဲ့မှတ်တမ်းအကုန်ကို တွက်ချက်ပြီးတော့ (Income Tax or Corporate/ Business Tax) ဆိုတဲ့ Category ထဲကို ထည့်ပေးဖို့လိုပါတယ်။

𝗜𝗻𝗰𝗼𝗺𝗲 𝗗𝗲𝘁𝗮𝗶𝗹𝘀 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 —------> ကိုယ့်မိဘတွေရဲ့ Recent အဖြစ်ဆုံးဝင်ငွေစာရင်းကို တစ်ခုစီ ဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ ဥပမာ မိဘက တခြားလုပ်ငန်းမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်၊ တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံထားလို့ Interest ရတာတွေလည်း ရှိတယ်ဆိုရင် အဲ့ဒီ Income တွေ အကုန်ကိုရေးပေးရပါမယ်။ ပုံမှန်အားဖြင့်ကတော့ ဒီ Information တွေက CSS profile Submit ပြီးတဲ့နောက်မှာ ဆက်ဖြည့်ရလေ့ရှိတဲ့ “IDOC” Portal မှာ evidential document တွေအနေနဲ့ tax reports documents ဒါမှမဟုတ် Wage Documentation (W-2 forms) ဆိုပြီး တင်ပြရတာဖြစ်ပါတယ်။

𝟰. 𝗛𝗼𝘂𝘀𝗲𝗵𝗼𝗹𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻, 𝗘𝘅𝗽𝗲𝗻𝘀𝗲𝘀
August 9, 2024 493 2