၁၂ ၃ ၂၀၁၆ #WinStars
첫데이트(First Date)
ပထမဆုံးအကြိမ် ချိန်းတွေ့ခြင်း
내가 대학에 입학 했을때, 한 남자를 만났다. 그 남자는 키가 크고 아름다운 사람이었다.
ကျမ တက္ကသိုလ်ကို စတင်တက်ရာက်ခဲ့စဉ်က အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ သူဟာ အရပ်မြင့်ပြီး ချောမောသူတစ်ဦးဖြစ်ခဲ့ပါတယ်။
처음에 그를 봤을때 나는 첫눈에 사랑에 빠졌다. 하지만 그는 매우 인기가 많았기 때문에 그에게 말을 하기 어려웠다.
ပထမဆုံးအကြိမ် သူ့ကိုစတွေ့ခဲ့ချိန်မှာ ကျမ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း သူက အရမ်း နာမည်ကြီးတဲ့သူမို့ သူ့ကို စကား(သွား)ပြောဖို့က ခက်ခဲခဲ့ပါတယ်။
그렇게 시간이 흘러 여름 방학이 다가왔다. 나는 방학이 시작하기전에 그와 꼭 한번 말을 해봐야겠다고 결심을했다.
ဒီလိုနဲ့ အချိန်တွေစီးမျောရင်း နွေကျောင်းပိတ်ရက်က နီးကပ်လာခဲ့ပါတယ်။ ကျမကတော့ နွေကျောင်းပိတ်ရက် မစတင်မီမှာ သူနဲ့ မဖြစ်မနေ တစ်ခါ(လောက်တော့) စကားပြောကြည့်မယ်လို့ ဆုံးဖြတ်ချက်ကို ချခဲ့မိပါတယ်။
나는 용기를 내고 그의 수업이 있는교실에서 기다렸다. 하나, 둘, 셋! 멀리서 그가 수업이 끝나고 걸어오는것이 보였다.
ကျမ သတ္တိကိုမွေးရင်း သူ့ရဲ့ အတန်း ရှိရာ စာသင်ခန်းမှာ စောင့်နေခဲ့တယ်။ တစ်၊ နှစ်၊ သုံး ခပ်လှမ်းလှမ်းကနေ သူ အတန်းပြီးလို့ လမ်းလျှောက်လာတာကို မြင်ရတယ်။
나의 가슴은 두근두근 뛰기 시작했다. ‘그래, 오늘은 꼭 용기를 내보자. 이번 기회가 아니라면 나는 평생 그에게 말을 못할수도있어.’
ကျမရဲ့ ရင်တွေ တဒိတ်ဒိတ်နဲ့ စပြီး ခုန်လာခဲ့တယ်။ "ဟုတ်ပြီ၊ ဒီနေ့တော့ သတ္တိကို ထုတ်ပြ ရအောင်။ ဒီတစ်ခါ အခွင့်အရေးကို မ(ယူ)ခဲ့ရင် ငါတော့ တစ်သက်လုံး သူ့ကို စကားပြောခွင့်(ရချင်မှ)ရနိုင်တော့မှာ"။
나: “저기혹시나를알아? 나는너랑같은전공을공부하는이은수야.”
ကျမ : ဒီမှာ၊၊ ငါ့ကို သိများသိလေမလား။ ငါက နင်နဲ့ မေဂျာတူ သင်ယူနေတဲ့ အီအွန်းစူးပါ။
(ဆက်လက်ဖော်ပြပါမည်...)
:):):):):):):)
입학 ကျောင်းစ၀င်သည်
아름답다 သာယာသည်။ လှပသည်။
처음에 ပထမဆုံးအကြိမ်
첫눈에 사랑에 빠졌다
မြင်မြင်ချင်းပဲ ချစ်မိသွားသည်
하지만 သို့သော်လည်း
인기가 많다 လူကြိုက်များရေပန်းစားသည်
때문에 အတွက်ကြောင့်
어렵다 ခက်ခဲသည်
그렇게 အဲဒီလို
여름 방학 နွေကျောင်းပိတ်ရက်
다가왔다. နီးကပ်လာခဲ့သည်
꼭 မဖြစ်မနေ။ ဆက်ဆက်။
한번 တစ်ကြိမ်တစ်ခါ
결심을했다. ဆုံးဖြတ်ချက်ချခဲ့သည်
용기를 내고 သတ္တိကိုမွေးရင်း
수업 အတန်း
교실 စာသင်ခန်း
기다렸다. စောင့်နေခဲ့သည်하나, 둘, 셋 တစ်၊ နှစ်၊ သုံး
가슴 ရင်၊နှလုံး
두근두근 တဒိတ်ဒိတ်(မြည်သံဆွဲ)
평생 တစ်ဘ၀လုံး
기회 အခွင့်အရေး
저기 အဲဒီမှာ(အသံပြုပြီးခေါ်)
혹시 ဖြစ်ကောင်းဖြစ်မည်
전공 အထူးပြုသင်ယူသော ဘာသာရပ်