~(으)ㄹ 거다 vs ~(으)ㄹ게 vs ~겠다
July 20, 2019
🇰🇷
~(으)ㄹ 것이다,
~(으)ㄹ게 နှင့်
~겠다
(၃)ခုလုံးသည် အနာဂတ်ကာလပြ အသုံးအနှုန်းများဖြစ်ပြီး သိသာသော ကွာခြားချက်များ ရှိပါသည်။
အနာဂတ်ကာလကို ဖော်ပြရန် ၎င်းပစ္စည်းများကို ကြိယာနှင့် နာမဝိသေသနမှာ ကပ်ပြီး သုံးရသည်။ ၎င်းပစ္စည်း (particles)များအား နာမ်၏ နောက်၌ အသုံးမပြုနိုင်ပါ။
🇲🇲ကျနော်တို့မှာ ဤ သုံးမျိုးနှင့် ရှုပ်ထွေးနေလေ့ ရှိခဲ့ပြီး အပြန်အလှန် ဖလှယ်ကာ သုံးနိုင်သည်ဟု တွေးထင်နေလေ့ရှိတတ်ကြသည်။ 😊
ယခုအခါ သဒ္ဒါပစ္စည်း တစ်ခုချင်းစီအား နှိုင်းယှဉ်ပြီး မသိမသာ ကွဲပြားမှုများနှင့် အသုံးပြုပုံ အသီးသီး၏ အရေးကြီးသော မတူညီမှုများကို လေ့လာကြပါမည်။
လေ့လာသူများအနေဖြင့်
(으)ㄹ 것이다. ~မှာဖြစ်သည်
(으)ㄹ 거예요. ~မှာပါဗျာ
(으)ㄹ 거야. ~မှာပါကွာ
먹을 것이다. စားမှာဖြစ်သည်။
할 거예요. လုပ်မှာပါဗျာ။
있을 거야. ရှိမှာပါကွာ။
🇲🇲🇰🇷
ဒီနေရာမှာ မြန်မာနှင့် ကိုရီးယား ဘာသာတွင် တူညီသော အောက်ပါအချက်ကို နားလည်ထားသင့်သည်။
[[ (으)ㄹ သည် မြန်မာစကား (မည်)ဟူသော အနာဂတ်ပြပုဒ်နှင့် တူသည်။
것 သည် (အရာ)နှင့် တူပြီး
(으)ㄹ မည် 것 အရာ
(으)ㄹ 것 =~မည့်အရာ= မယ့်ဟာ = မှာ) ဟု ယူနိုင်သည်]]
🚩
ဆက်လက် လေ့လာကြပါမည်။
🔯
1a. ~(으)ㄹ 것이다
အနာဂတ်ကာလကို ဖော်ပြလိုလျှင် ကြိယာနောက်တွင် ~(으)ㄹ 것이다 ကို ပေါင်းထည့်လိုက်ခြင်းသည် အရှင်းဆုံးနှင့် အမှန်ဆုံးဖြစ်သည်။ အခြား ပစ္စည်း ၂ မျိုးနှင့် မတူပဲ ~(으)ㄹ 것이다
ပြောသူ၊ နားထောင်သူ၊ ညွှန်းဆိုခံရသူ သုံးမျိုးလုံးအတွက် အသုံးပြုနိုင်သည်။
Examples:
နမူနာ
✅이따가 점심(을) 먹을 거예요.
ခနနေရင် နေ့လည်စာ(ကို) စားမှာ ဖြစ်ပါတယ်(ဗျာ/ရှင်)။
I will eat lunch later.
✅내일 학교(에) 갈 거예요?
မနက်ဖြန် ကျောင်း(သို့) သွားမှာလား။
Will you go to school tomorrow?
* ✔
(second person) နားထောင်သူကို တိုက်ရိုက် မေးမြန်းဖို့ကတော့ ~(으)ㄹ 것이다 ကိုသာ အစဉ်အမြဲ အသုံးပြုပါသည်။
✅형(은) 저녁(을) 먹고나서 게임(을 ) 할 거예요.
အစ်ကိုကတော့ ညနေစာ စားပြီးသွားရင် ဂိမ်းကို ကစားမှာပါ။
Elder brother will play games after having his dinner.
🔯
1b. ~(으)ㄹ 것이다 ကို ကြိယာနှင့် နာမဝိသေသန နှစ်ခုစလုံးမှာ ကပ်ပြီး မဖြစ်သေးသည့် အခြေအနေတစ်ရပ်ကို ဖော်ပြရန် သုံးပါသည်။
တွေ့ကြရတဲ့အတိုင်း
~(으)ㄹ 것이다 သည် အနာဂတ်ကာလကို ဖော်ပြရန် ယေဘုယျအကျဆုံး ဖြစ်သည်။
Examples:
ဥပမာ
✅다음 주에 회의가 있어서 바쁠 거예요.
နောက်တစ်ပတ်မှာ အစည်းအဝေးရှိလို့ အလုပ်ရှုပ်ပါလိမ့်မယ်။
There’s a meeting next week so I’ll be busy.
✅엄마가 만든 김치찌개는 맛있을 거예요.
အမေ(က) ချက်ထားတဲ့ ချဉ်ဖတ်ဟင်းကတော့ အရသာ ရှိပါလိမ့်မယ်။
The Kimchi stew Mum made is really good so it will be delicious.
🔯
1c. ~겠다 သည် ပြင်းပြသော ဆန္ဒ (သို့မဟုတ်) ရည်ရွယ်ထားသော လုပ်ဆောင်မှုကို ဖော်ပြရန်ဖြစ်ပြီး (first person) ပြောသူက သူ့ကိုယ်သူ ရည်ညွှန်းရန်သာ အသုံးပြုနိုင်ပါသည်။
~(으)ㄹ게 ကဲ့သို့ပင်
~겠다သည် first person ပြောသူက အသုံးပြုသည်။ သို့သော်လည်း ကွာခြားပုံမှာ ~(으)ㄹ게သည် ပြောဆိုသူ၏ သေချာပေါက် ဆုံးခန်းတိုင် ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားမှုကို ညွှန်းဆိုမနေပါ။
တစ်စုံတစ်ယောက်၏ ပြင်းပြသော ဆန္ဒ သို့မဟုတ် ရည်ရွယ်ချက်ကို ဆုံးခန်းတိုင် သေချာပေါက် လုပ်မည်ဆိုပါက ~(으)ㄹ게 နေရာတွင် ~겠다 ကို အစားထိုးပြီး ဂရုသံဖြင့် အလေးအနက်ပြုပြောကာ အသုံးပြုပါသည်။
Examples:
✅앞으로 열심히 일을 하겠습니다. 감사합니다.
ဒီကရှေ့ ကြိုးစားပြီး အလုပ်ကို လုပ်ပါတော့မယ်။ ကျေးဇူးတင်ပါတယ်။
I will work hard from now on. Thank you.
✅와! 진짜 맛있어 보이네. 잘 먹겠습니다.
ဝိုး~ တကယ် စားကောင်းမယ့် ပုံပဲ။ ကောင်းစွာ စားပါ့မယ်ဗျာ။
Wow! This looks really delicious. I will eat well.
*✔잘 먹겠습니다 စားပွဲမှာ ယေဘုယျအားဖြင့် တည်ခင်းဧည့်ခံသော သူကို ကျေးဇူးတင်ကြောင်းဖော်ပြတဲ့ စကားဖြစ်ပြီး မစားသုံးခင် ပြောလေ့ရှိကြပါသည်။
ယင်းသည် နည်းလမ်းတကျ ပြောဟန်ဖြစ်နိုင်သလို ပေါ့ပေါ့ပါးပါး ပြောတာလည်း ဖြစ်နိုင်ပြီး ယဉ်ကျေးပုံ ပေါ်ပါသည်။
✅오늘 즐거웠습니다. 다음에는 다시 뵙겠습니다.
ဒီနေ့ ပျော်မွေ့ခဲ့ပါတယ်။ နောက်တစ်ခါ ထပ်ပြီး တွေ့ဆုံပါဦးမယ်။
I enjoyed myself today. See you again next time.
*✔다시 뵙겠습니다. သည်
တလေးတစား သုံးနှုန်းထားသည့် ပုံစံဖြစ်ပြီး အခြေခံပုံစံဖြစ်သော 다시 만나요. နောက်မှတွေ့မယ်နော်
“see you again/meet you again”. နှင့် အတူတူသာဖြစ်သည်။
🔯
1d. ~겠다 ကို ကြိယာနှင့် နာမဝိသေသန နှစ်ခုစလုံးမှာ ကပ်ပြီး သုံးနိုင်သည်။ ဤ အင်္ဂါရပ်တွင်
~겠다 သည် ~(으)ㄹ 것이다 နှင့် တူညီစွာ မဖြစ်ပေါ်သေးသော ကိစ္စရပ်များအား ဖော်ပြရန်အတွက် အသုံးပြုနိုင်သည်။
Examples:
✅회의가 2시에 끝나겠어요. 잠시 기다려 주세요.
အစည်းအဝေးက ၂ နာရီမှာ ပြီးပါလိမ့်မယ်။ ခနလောက် စောင့်ပေးပါဗျာ။
The meeting will end at 2 pm. Please wait for a while.
✅어제 아주 바빠서 찾지 못했지만 오늘 다시 찾겠어요.
မနေ့က အရမ်း အလုပ်ရှုပ်လို့ မရှာနိုင်ခဲ့ပေမယ့် ဒီနေ့ ပြန်ရှာပါဦးမယ်။
I was very busy yesterday so I couldn’t find it but I will find it again today.
51
40
2
2
2
1March 13, 2022 28.9K 11 46