ကိုရီးယားစာ ကိုးရီးယားစကား: post #255 — TG.ME

무시하다
လစ်လျူ ရှုသည်။ မသိကျိူးကျွန်ပြုသည်။ အထင်အမြင်သေးသည်။ ပေါ့တန်စွာသဘောထားသည်။ အရေးမထားပြုမူသည်။

ignore

알고 있는 사실이나 알고 지내는 사람 등에 대해 일부러 모르는 체하는 것

သိထားသော ဖြစ်ရပ်မှန်၊ သိကျွမ်းရင်းနှီးသူများ စသည်များနှင့် ပါတ်သက်ပြီး တမင်တကာ မသိချင်ယောင်ဆောင်နေသော ကိစ္စ။

>>>

He got good advice from his teacher but just ignored it.
그는 선생님께 좋은 조언을 들었지만 무시해 버렸다.
သူကတော့ ဆရာဆီက အကြံဉာဏ်ကောင်းကို ကြားခဲ့ရပေမယ့် လျစ်လျူ ရှုပစ်ခဲ့တယ်။

•••

look down on

사람이나 사물의 가치를 자기보다 열등하다고 생각하여 경시하는 것.
လူ၊ အရာဝတ္ထု များ၏ တန်ဖိုးကို မိမိထက် နိမ့်ကျသည်ဟု တွေးထင်လျှက် အထင်အမြင်သေးသော ကိစ္စ။

>>>>

He always looks down on people who are younger.
그는 늘 자기보다 어린 사람들을 무시한다.
သူကတော့ အမြဲတမ်းပဲ မိမိထက်ပိုပြီး ငယ်ရွယ်တဲ့လူတွေကို အရေးမထားပြုမူတယ်။

--------------------------------
Source: ET-house Efficiency Korean-English Dictionary
❤11👍8
March 12, 2022 18.6K 1 12