စက်တင်ဘာ ၃ ရက် မိုးလေဝသခန့်မှန်းချက် စက်တင်ဘာ ၃ မိုးလေဝသနှင့်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

စက်တင်ဘာ ၃ ရက် မိုးလေဝသခန့်မှန်းချက်

စက်တင်ဘာ ၃

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ကယားတို့တွင် နေရာစိပ်စိပ်၊ ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်နှင့် ရှမ်း(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ မိုးရွာရန် ရာနှုန်းပြည့်ရှိသည်။

စစ်ကိုင်းအောက်ပိုင်း၊ ချင်းနှင့် ရခိုင်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် မိုးတိမ်တောင်ရွေ့လျားရာတစ်လျှောက် လေပြင်း၊ မိုးကြိုးပစ်၊ လျှပ်စီးနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုရန် လိုအပ်သည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ပြီး လေတိုက်နှုန်း တစ်နာရီ ၃၀ မိုင်အထိ၊ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သည်။ နောက် ၂ ရက်အတွင်း စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်နှင့် ရှမ်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ယနေ့ညနေအထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး မိုးရွာရန် ရာနှုန်းပြည့်ရှိကြောင်း သိရသည်။

Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

TruthZoneOnline
👍29😱3🙏1
September 3, 2026 698 1 1