ပဲခူးတွင် မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း ၁၄ ကျောင်း… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ပဲခူးတွင် မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း ၁၄ ကျောင်း ခေတ္တပိတ်

စက်တင်ဘာ ၂

ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၄ ကျောင်းအတွင်း ရေဝင်ရောက်သဖြင့် စက်တင်ဘာ ၂ ရက်မှစတင်ကာ ခေတ္တပိတ်ထားကြောင်း သိရသည်။

ရေဝင်ရောက်မှုမှာ ကျောင်းအလိုက် ၁ ပေမှ ၄ ပေအထိရှိပြီး အဆိုပါကျောင်း ၁၄ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃,၈၃၈ ဦးနှင့် ဆရာ၊ ဆရာမ ၁၄၉ ဦး ရှိကြောင်း သိရသည်။

ကျောင်းဝင်းများအတွင်း ရေပြန်လည်ကျဆင်းပါက ပိတ်ထားခဲ့ရသည့် စာသင်ရက်များအတွက် သင်ကြားရေးမထိခိုက်စေရန် တနင်္ဂနွေနေ့များတွင် အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
👍25❤4👏2😱1🕊1
September 3, 2026 933 2 1