ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ ကားကိုယ်ထည်ဖိပုံသွင်းခြင်းမှစ၍ ကိုယ်ထည်တည်ဆောက်ခြင်း၊ ဆေးမှုတ်ခြင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းနှင့် အပြီးသတ်မော်တော်ယာဉ်များ ထုတ်လုပ်သည့်အဆင့်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့သည်။
TruthZoneOnline
27
5
2
1
1September 4, 2026 630 2





