တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်း
စက်တင်ဘာ ၄
တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ် ၂၄ ပေကျော်လွန်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ ရက်တွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
တနင်္သာရီမြစ်ရေသည် ယနေ့ညနေ တိုင်းတာချက်အရ ၂၄ ပေ ၈ လက်မအထိ မြင့်တက်နေပြီး ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် အိမ်ထောင်စု ၃၆၉ စု၊ လူဦးရေ ၁,၇၇၁ ဦး ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ ထို့ပြင် အနိမ့်ပိုင်းဒေသရှိ စာသင်ကျောင်း ၁၉ ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်နှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
TruthZoneOnline
23
10
2
1September 4, 2026 1K 1 1


